images
UN
UN
ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆမ် မက္ကဆီကိုနယ်စပ်မှ စစ်သားများကိုပြန်လည်ခေါ်ယူ
KK (IR) Tuesday, 12 February 2019
ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆမ်သည် အမေရိကန် သမ္မတဒေါ်နယ်ထရန့်၏ ရန်လိုမှုများအတွက်ဆန့်ကျင်ရန် တောင်ပိုင်းနယ်စပ်ဒေသမှ ပြည်နယ်အမျိုးသားလုံခြုံရေး စစ်သား ရာပေါင်းများစွာကို ယနေ့တွင်ပြန်လည်ခေါ်ယူခဲ့သည်ဟုသိရသည်။
ယခင်ပြည်နယ်အုပ်ချုပ်ရေးမှူးဂျယ်ရီဘရောင်း ပြီးခဲ့သည့် ဧပြီလ တွင် အတည်ပြုခဲ့သည့် အထူးနယ်စပ်တပ်ချထားမှုကိုအဆုံးသတ်ရန် အတွက် နယူဆမ်သည် စီရင်ဆုံးဖြတ်ခွင့်အမိန့်ကို လက်မှတ်ရေးထိုး မည်ဖြစ်သည်ဟု ၄င်း၏ရုံးကပြောကြားခဲ့သည်။ နယ်စပ်အရေးပေါ် အခြေအနေသည် လုပ်ကြံထားသည့်ပဋိပက္ခဖြစ်ပြီး ကယ်လီဖိုးနီးယား အနေဖြင့် ဤနိုင်ငံရေးလုပ်ဇာတ် တစ်စိတ်တစ်ဒေသအဖြစ်ခံမည် မဟုတ်ဟု ¤င်းကပြောကြားခဲ့သည်။ နယူးမက္ကဆီကို ပြည်နယ်အုပ် ချုပ်ရေးမှူး မီရှဲလ်ဂျူဂန်ဂရစ်ရှမ်သည် တောင်ပိုင်းနယ်စပ်ရှိ စစ်တပ် အဆင့်များကိုလျှော့ချရန် အစီအစဉ်ကိုကြေညာခဲ့သည်။
သူမနှင့် နယူဆမ်သည် ဇန်နဝါရီလတွင် အစိုးရတာဝန်ယူခဲ့ကြ သူများဖြစ်သည်။ အမေရိကန်အစိုးရသည် ပြီးခဲ့သည့်သီတင်းပတ်က နယ်စပ်တွင် သံဆူးကြိုးများကာရန်နှင့် အကောက်ခွန်နှင့် နယ်စပ် ကာကွယ်ရေးအေးဂျင့်များကိုအကူအညီပေးရန် စစ်သား ၃၇၅ဝ ကို စေလွှတ်ရန်အစီအစဉ်ကိုကြေညာခဲ့သည်။ ဥပဒေမဲ့သော ¤င်းတို့၏ တောင်ဘက် နယ်စပ်ပြည်နယ်သည် အမေရိကန်လူမျိုးအားလုံး၏ လုံခြုံရေး၊ ငွေကြေးနှင့်လုံခြုံမှုကိုခြိမ်းခြောက်နေသည်၊ ¤င်းတို့နိုင်ငံ သားများ၏ အလုပ်အကိုင်များနှင့် ဘဝများကို ကာကွယ်ပေးမည့် လူဝင်မှုကြီးကြပ်ရေးစနစ်တစ်ခုကိုဖန်တီးရန် ၄င်းတို့တွင် တာဝန် ရှိကြောင်း ထရန့်ကပြောကြားခဲ့သည်ဟုသိရသည်။ Ref: UPI