images
UN
UN
ရွေးကောက်ပွဲဆောလျင်စွာကျင်းပရန် စပိန်ဝန်ကြီးချုပ်တောင်းဆိုမည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီEFE ဖော်ပြ
KK (IR) Tuesday, 12 February 2019
စပိန်ဝန်ကြီးချုပ်ပီဒရိုဆန်ချက် သည် ဧပြီလ ၁၄ ရက်နေ့တွင် အမျိုးသားရွေးကောက်ပွဲ ဆောလျင် စွာကျင်းပရန် တောင်းဆိုမည်ဟု စဉ်းစားလျက်ရှိသည်ဟု နိုင်ငံပိုင် သတင်းအေဂျင်စီဖြစ်သည့် EFE မှ အမည်မဖော်လိုသည့် အစိုးရသတင်း အရင်းအမြစ်တစ်ခုကို ကိုးကားပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်ဖော်ပြ ခဲ့သည်ဟုသိရသည်။
ဆိုရှယ်လစ်များသည် အောက် လွှတ်တော်တွင်အမတ်နေရာလေးပုံ တစ်ပုံအောက် နည်းစွာရရှိထားပြီး ၂ဝ၁၉ ခုနှစ် ဘတ်ဂျက်နှင့် ပတ် သက်ပြီးအဓိကမဲပေးခြင်းကိုရင်ဆိုင် နေရကာ ၄င်းတို့အနေဖြင့်ရှုံးနိုင်ခြေ ရှိသည်။ ရွေးကောက်ပွဲ ဆောလျင် စွာကျင်းပနိုင်ခြေရှိပြီး ဧပြီလတွင် ဖြစ်နိုင်သော်လည်းရက်အတိအကျ ကိုမူ မသတ်မှတ်ရသေးကြောင်း အရာရှိများက ရိုက်တာသတင်း ဌာနကို ပြောကြားခဲ့သည်။
၂ဝ၂ဝပြည့်နှစ်အထိသက်တမ်း ရှိသည့်အစိုးရအနေဖြင့် တောင်းဆို မှုနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်အထိ ချက်ချင်းမှတ်ချက် တစ်စုံတစ်ရာပေးခြင်းမရှိဟုသိရသည်။ ဆန်းချက်၏ပါတီသည် ဘတ်ဂျက် မူကြမ်းအတည်ပြုနိုင်ရန်လုံလောက် သည့်အကူအညီရရှိရေးကြိုးပမ်းနေ ရပြီး ပါတီငယ်လေးများ၏ မဲပေါ် တွင်လည်းမူတည်သည်။ ပြင်သစ် နိုင်ငံသားမဲပေးသူများသည် အီးယူ ဥပဒေပြဋ္ဌာန်းသူများနှင့် ဒေသဆိုင် ရာနှင့်ပြည်တွင်းကိုယ်စားလှယ်များ ကို မေ ၂၆ ရက်တွင်ရွေးကောက် မည်ဖြစ်သည်ဟု ရိုက်တာသတင်း ဌာနကဖော်ပြခဲ့သည်။
Ref: Reuters