images
UN
UN
မကျန်းမာသည့် နိုင်ငံရေးခိုလှုံခွင့်ရရန်ဆောင်ရွက်သူများကို ပိတ်ပင်ရန် သြစတြေးလျဝန်ကြီးချုပ်ကြိုးပမ်း
KK (IR) Tuesday, 12 February 2019
သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရီဆန်သည် သြစတြေးလျရှိ ကမ်းလွန်စင်တာများတွင် မကျန်းမာ သည့် နိုင်ငံရေးခိုလှုံသူများကို ကုသမှုပေးနေခြင်းကို ရပ်တန့်ရန် မူကြမ်းတစ်ခုကိုအတည်ပြုရေးလှုံ့ဆော် စည်းရုံးခဲ့ကြောင်း သိရသည်။
သြစတြေးလျသည်သင်္ဘောဖြင့် ရောက်လာသည့် နိုင်ငံရေးခိုလှုံခွင့်တောင်းသူများကို နော်ရူနှင့်မာနပ်စ် ပစိဖိတ်ကျွန်းပေါ်ရှိ ထိန်းသိမ်းရေးစခန်းများသို့ စေ လွှတ်ခဲ့သည်။ ¤င်း၏ တင်းမာသည့်လူဝင်မှုကြီးကြပ် ရေးမူဝါဒကို ထပ်တလဲလဲဝေဖန်ခံခဲ့ရသည်။ မူကြမ်း နှင့်ပတ်သက်သည့်ပြဿနာမှာ အစိုးရမှ ¤င်းကိုထိန်း ချုပ်ထားခြင်းဖြစ်သည်ဟု ၄င်းက ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု Sydney Morning Herald အရသိရသည်။ နော်ရူရှိ ထိန်းသိမ်းရေး စင်တာတွင် ကလေးများနှင့် အမျိုးသမီးများအကြား နှိပ်စက်ညှဉ်းပန်းခြင်းနှင့် စိတ်ဒဏ်ရာရအောင်ပြုလုပ် ခြင်းများပြုလုပ်နေသည်ဟူသောစွပ်စွဲချက်များကြောင့် ယင်းစင်တာကိုစောင့်ကြည့်လျက်ရှိသည်။ သြစတြေးလျ လွှတ်တော်အနေဖြင့် မူကြမ်းကို ယနေ့တွင် မဲပေး မည်ဟု မျှော်လင့်ကြောင်းသိရသည်။
နော်ရူရှိကျန်ရှိနေသည့် ရွှေ့ပြောင်းကလေး လေး ယောက်ကို အမေရိကန်သို့ ရွှေ့ပြောင်းခဲ့သည်ဟု သြစတြေးလျက ပြောဆိုခဲ့သော်လည်း များစွာသော ကလေးများသည် ယင်းထိန်းသိမ်းရေးစင်တာများတွင် ¤င်းတို့၏ ဘဝတစ်လျှောက် နေထိုင်ခဲ့ကြရသည်။ သြစတြေးလျသည် လူမှောင်ခိုကူးမှုဟန့်တားခြင်းနှင့် ပင်လယ်တွင် သေဆုံးခြင်းများကိုကာကွယ်ရန် ¤င်း၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ထိန်းသိမ်းထားသည်ဟု သိရသည်။ Ref: BBC