images
UN
UN
ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများကို ဖမ်းဆီးရမိ
ဇော်မင်းနိုင်(မြင်းခြံ) Tuesday, 12 February 2019
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများကို ယခုလ ၁ဝ ရက် ည ၁ဝ နာရီ မိနစ် ၂ဝ က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်အောင်ကျော်ဦး နှင့်အဖွဲ့၊ မြင်းခြံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နိုင်ဝင်း ထွန်းနှင့်အဖွဲ့၊ မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အမျိုးသမီးရဲမေများ၊ သက်သေများနှင့်အတူ မြင်းခြံမြို့အမှတ်(၇)ရပ်ကွက်ရှိ မောင်ဦး(ခ) အောင်ဝင်းဦးနေအိမ်သို့ဝင်ရောက်ဖမ်းဆီးရာ မောင်ဦး(ခ)အောင်ဝင်းဦး နှင့် စည်သူတို့အားနေအိမ်တွင်တွေ့ရှိပြီး နေအိမ်အိပ်ခန်းများအတွင်း ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့် ခင်စံပယ်ဦး(ခ)ခင်သန္တာဦး၊ သက်မွန်၊ ဇင်ဇင်နှင့်ဇာခြည်ခိုင်တို့လေးဦးကို တွေ့ရှိခဲ့ပြီး သက်သေ များရှေ့တွင် ကြိုတင်မိတ္တူကူးမှတ်တမ်းတင်မှတ်သားထားသော ငွေ စက္ကူများနှင့် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ရောင်စုံတိုကင်ပြားတို့ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
ပြည့်တန်ဆာအိမ်ထားရှိပြီး ပြည့်တန်ဆာအဖြစ်ဖြင့် စီးပွားရှာ အသက်မွေးသူများဖြစ်သည့် မြင်းခြံမြို့မှ မောင်ဦး(ခ) အောင်ဝင်းဦး နှင့်ဇာခြည်ခိုင်၊ မိတ္ထီလာမြို့မှစည်သူ၊ ခင်စံပယ်ဦး(ခ)ခင်သန္တာဦး၊ လှိုင်သာယာမြို့မှ သက်မွန်၊ သနပ္ပင်မြို့မှ ဇင်ဇင်တို့အား မြင်းခြံခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်(တာဝန်ခံ) ရဲအုပ်အောင်ကျော်ဦးက ဥပဒေ အရ အရေးယူနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။