images
UN
UN
မော်လိုက်မြို့နယ် တွန်းပင်ကျေးရွာ၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
မော်လိုက်သားလေး Tuesday, 12 February 2019
စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက်မြို့မရဲစခန်းမှ ရဲအုပ်ခင်ဇော် ထိုက်ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များနှင့် သက်သေအဖြစ် ကျေးရွာ အုပ်ချုပ်ရေးမှူးများပါဝင်သည့်အဖွဲ့ သည် ယမန်နေ့ ညနေ ၅ နာရီခွဲ က မော်လိုက်မြို့နယ် တွန်းပင် ကျေးရွာလမ်းနှင့် ဇက်ဆိပ်လမ်းဆုံ တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် တွန်းပင်ကျေးရွာ နေ အောင်ဆန်းလင်း မောင်းနှင် လာသောဆိုင်ကယ်ကို ရပ်တန့် ရှာဖွေ စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာမှ ၄င်းလွယ် ထားသော လွယ်အိတ်အတွင်းမှ ပလတ်စတစ်ဖြင့်ထုပ်ထားသည့် ဘိန်းဖြူဟု ယူဆရသော ဖြူ/ လိမ္မော်ရောင်အမှုန့် စုစုပေါင်း (၁ဝ ဒသမ ၂)ဂရမ်နှင့်မူးယစ်ဆေးသုံးစွဲ ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို ရှာဖွေသိမ်းဆည်း ရမိခဲ့သဖြင့် မော်လိုက်မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။