images
UN
UN
မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများကို အရေးယူ
ကျော်ကျော်(မလှိုင်) Tuesday, 12 February 2019
တကောင်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ယခုလ ၁ဝရက် မွန်းလွဲ ၂ နာရီ မိနစ် ၅ဝခန့်၌ မန္တလေးတိုင်းဒေသ ကြီး သပိတ်ကျင်းမြို့နယ် တကောင်း မြို့ အမှတ်(၁)ရပ်ကွက်နေ ဦးစော လှိုင်(၅၄နှစ်)၏နေအိမ်အား ဝင် ရောက်ရှာဖွေရာ ဦးစောလှိုင်နှင့် ၄င်း၏သားဖြစ်သူ ဇော်မင်းထွန်း (ခ)ဗိုလ်ကိတ် (၁၉နှစ်)တို့အား နေ အိမ်တွင်အသင့်တွေ့ရှိပြီး ၄င်းနေ အိမ်ဘေးကပ်လျက် မုန်ညင်းခင်း အတွင်း အနက်ရောင်ပလတ်စတစ် အပိုင်းအစဖြင့် ထုပ်ပိုးထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြားခုနစ်ပြား စီပါ ၃၁ ထုပ်၊ စုစုပေါင်းဆေးပြား ၂၁၇ပြား နှင့် ခဲပြားလိပ် ၃ဝ တို့ကို တွေ့ရှိ၍ တကောင်းနယ်မြေရဲစခန်းမှ သိမ်း ဆည်းရမိခဲ့သည်။
ယခုလ ၁ဝ ရက် ည ၇နာရီခွဲ တွင် မူးယစ်တပ်ဖွဲ့စု(၁၇)မှ တပ်ဖွဲ့ ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့် အတူ မဟာအောင်မြေမြို့နယ် မဟာအောင်မြေ အရှေ့ရပ်ကွက် လမ်း ၄ဝ၊ ၈၁x၈၂ လမ်းကြား လမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် လမ်း ၄ဝအတိုင်း အနောက်မှအရှေ့ သို့ တစ်ဦးတည်းလမ်းလျှောက် လာသူ ကျော်မင်းခန့် (ခ) ခန့်ခန့် (၁၈နှစ်) မာလကာခြံရပ်ကွက် မဟာအောင်မြေမြို့နယ်နေသူအား တွေ့ရှိစစ်ဆေးရှာဖွေရာ ၄င်းဝတ် ဆင်ထားသည့်ဂျင်းဘောင်းဘီ ယာ ဘက်အိတ်ကပ်အတွင်းမှ အပြာ ရောင်ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက်တံဆိပ်မပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈ဝပါ တစ်ထုပ်၊ဂျင်းဘောင်းဘီ ဝဲဘက် အိတ်ကပ်အတွင်း အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျက် တံဆိပ်မပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ဝ ပါ တစ်ထုပ်၊ စုစုပေါင်း ဆေးပြား ၃၂ဝနှင့်ံHUAWEI ဖုန်းတစ်လုံး တို့ကို တွေ့ရှိ၍ မဟာအောင်မြေ မြို့မရဲစခန်းတွင် သိမ်းဆည်းရမိခဲ့ သည်။
၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အသီးသီးအမှုဖွင့်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန် ချက်များအရ သိရသည်။