images
UN
UN
ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်
ခိုင်ကြီး (ကျောက်ကြီး) Tuesday, 12 February 2019
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ယနေ့ကျရောက်သော ၇၂-နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးလှဘုန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ လူငယ်နှင့် အမျိုးသမီး ရေးရာပါတီဝင်အင်အား ၃ဝ ဖြင့် အခမ်းအနားကျင်းပရာ ကျောက်ကြီးမြို့ အောင်ဗလအားကစားကွင်းသို့ နံနက် ၆ နာရီတွင် စုပေါင်းတက်ရောက် ခဲ့ကြောင်း သိရသည်။