images
UN
UN
စလင်းပြည်ခိုင်ဖြိုးပါတီ ပုံမှန်လပတ်အစည်းအဝေးကျင်းပ
စစ်ကြည်(စလင်း) Tuesday, 12 February 2019

မကွေးတိုင်းဒေသကြီး စလင်းမြိုနယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပုံမှန်လစဉ်အစည်းအဝေးကို ယနေ့နံနက် တွင် စလင်းမြို့နယ် ပြည်ခိုင်ဖြိုးရုံးအစည်းအဝေးခန်းမတွင် ကျင်းပ သည်။ အခမ်းအနားတွင် ရှေးဦးစွာအတွင်းရေးမှူးဦးဇော်နိုင်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပါတီကော်မတီအဖွဲ့ဝင်ဦးတိုးတိုးက ပါတီ အတွင်းစည်းလုံးညီညွတ်ရေးကိစ္စရပ်များကို ဆွေးနွေးသည်။ ယင်း နောက် မြို့နယ်ပါတီကော်မတီအဖွဲ့ဝင်ဦးစိန်မင်းက ၂ဝ၂ဝပြည့်နှစ် တွင် အောင်နိုင်ရေးနှင့်ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးရာ လပတ်အစည်းအဝေးသို့တက်ရောက်လာသော မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်ကျေးရွာကော်မတီဝင်များက ပါတီအောင်နိုင်ရေး အတွက် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးကြပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။