images
UN
UN
အီတလီနှင့်ပြင်သစ်ကြားရှိဆက်ဆံရေး ပြန်လည်ကောင်းမွန်လာရန်ခက်ခဲနေ
Tuesday, 12 February 2019
တင်းမာမှုအချို့ရှိနေသော အီတလီနှင့်ပြင်သစ်နိုင်ငံကြားရှိ ဆက်ဆံ ရေးမှာ ပြန်လည်ကောင်းမွန်လာရန်ခက်ခဲလျက်ရှိကြောင်း ရိုက်တာသတင်း ဌာနကဖော်ပြသည်။
အီတလီဒုတိယဝန်ကြီးချုပ်က ဥရောပနိုင်ငံများသို့ရွှေ့ပြောင်းအခြေချ သူများဝင်ရောက်မှုမြင့်တက်လာခြင်းအတွက် အာဖရိကနိုင်ငံအချို့အား နိုင်ငံသုံးငွေကြေးနှင့်ပတ်သက်၍ အာမခံချက်ပေးထားသော ပြင်သစ်နိုင်ငံ တွင် တာဝန်ရှိသည်ဟုပြောကြားခဲ့ပြီးနောက် အီတလီနှင့်ပြင်သစ်ကြား ၌ ဆက်ဆံရေးအေးခဲမှုများစတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အီတလီ ဒုတိယဝန်ကြီးချုပ် မတ်တီယိုဆယ်လ်ဗီနီသည် ပြင်သစ်နိုင်ငံ အတွင်းသို့ သွားရောက်လည်ပတ်ရာ၌ ပြင်သစ်အစိုးရအား ဆန့်ကျင် ဆန္ဒပြသူများနှင့်တွေ့ဆုံစကားပြောခဲ့ပြီးနောက် ပြင်သစ်အစိုးရသည် အီတလီနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်အား နိုင်ငံသို့ပြန်လာရန် ခေါ်ယူခဲ့ ခြင်းကြောင့် အီတလီနှင့် ပြင်သစ်ကြားရှိဆက်ဆံရေးမှာ ဒုတိယကမ္ဘာ စစ်ပြီးဆုံးသွားပြီးနောက်ပိုင်း အဆိုးဆုံးအခြေအနေသို့ရောက်ရှိသွားခဲ့ သည်။ ထို့အပြင် ပြင်သစ်နိုင်ငံအတွင်း၌ ခိုလှုံခွင့်ပေးထားသော အီတလီ လက်ဝဲစွန်းရောက်စစ်သွေးကြွများအရေးကြောင့်လည်း နှစ်နိုင်ငံကြားတွင် တင်းမာမှုများတိုးပွားလျက်ရှိသည်။ NG(Ref; Reuters)