images
UN
UN
အင်အားကြီးနိုင်ငံများ၏ စွက်ဖက်မှုများအဆုံးသတ်မှသာလျှင် ကမ္ဘာကြီး၏အခြေအနေပိုကောင်းလာမည်ဟုဆို
Tuesday, 12 February 2019
ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး အက်စ်ဇီ ဂျာတိုက အင်အားကြီးနိုင်ငံများက အခြား နိုင်ငံများ၏ပြည်တွင်းရေးနှင့်ဆိုင်သော အကြောင်းအရာများကို ဝင်ရောက်စွက်ဖက် နေမှုများပြုလုပ်မှုရပ်တန့်မှသာလျှင် ကမ္ဘာ ကြီး၏အခြေအနေမှာ ပိုမိုကောင်းမွန်သော အနေအထားသို့ရောက်ရှိလာမည်ဟု ပြော ကြားခဲ့သည်။
အက်စ်ဇီဂျာတိုသည် ၂ဝ၁၁ ခုနှစ်နောက် ပိုင်း ဟန်ဂေရီနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးလာရောက်သည့် အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် မှတ်တမ်းဝင် ခဲ့သော မိုက်ပွန်ပီယိုနှင့် ပူးတွဲပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အင်အားကြီးနိုင်ငံ များသည် အခြားနိုင်ငံတစ်နိုင်ငံအား မူဝါဒ ချမှတ်ကျင့်သုံးရာ၌ လိုက်နာစေလိုသော သို့ မဟုတ် ထည့်သွင်းစေလိုသော အကြောင်း အရာများကို ညွှန်ပြထုတ်ဖော်ပြောကြားလေ့ ရှိကြောင်း၊ သို့သော် နိုင်ငံတစ်နိုင်ငံ၏ မူဝါဒ များသည် အဆိုပါနိုင်ငံကိုယ်တိုင် ဆုံးဖြတ် မှသာလျှင်အကောင်းဆုံးဖြစ်မည်ဖြစ်ကြောင်း၊ အင်အားကြီးနိုင်ငံများ၏ ဝင်ရောက်စွက်ဖက် မှုများအဆုံးသတ်မှသာလျှင် ကမ္ဘာကြီးသည် ပိုမိုကောင်းမွန်သောအခြေအနေသို့ရောက်ရှိ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိုက် ပွန်ပီယိုက ဟန်ဂေရီအနေဖြင့် ရုရှား သို့ မဟုတ် တရုတ်ကဲ့သို့နိုင်ငံများနှင့် သဘော တူညီမှုရယူခြင်းကဲ့သို့ လုပ်ဆောင်ချက်များ ကို ပြုလုပ်မည်ဆိုပါက မဟာမိတ်နိုင်ငံများ ၏ သဘောထားကို ထည့်သွင်းစဉ်းစားသင့် ကြောင်းပြောကြားခဲ့၍ အက်စ်ဇီဂျာတိုက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ NG(Ref; RT)