images
UN
UN
အင်းဆက်များမျိုးသုဉ်းမှုကြောင့် ဂေဟစနစ်ပိုမိုပျက်စီးလာ
Tuesday, 12 February 2019

အမေရိကန်နိုင်ငံရှိ ပိုးမွှားပညာရှင်များ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များပူးပေါင်းပြုလုပ်ခဲ့သည့်လေ့လာ မှုတစ်ရပ်အရ ပြီးခဲ့သည့်ရာစုနှစ်တစ်ခု အတွင်းအင်းဆက်များမျိုးသုဉ်းမှုမြင့်မားလာ ခြင်းကြောင့် ဂေဟစနစ်ပျက်စီးမှုပိုမိုကြီး ထွားသည်ဟုတွေ့ရှိခဲ့ကြောင်း အယ်လ်ဂျာ ဇီးယားသတင်းဌာနကဖော်ပြသည်။
ပြီးခဲ့သည့်ဆယ်စုနှစ် သုံးခုခန့်အချိန် ယူပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်အရ ကမ္ဘာပေါ်တွင် ဂေဟစနစ်တည်မြဲစေရန် အထောက်အကူပေးနေသည့် အင်းဆက် များထဲမှ ရာခိုင်နှုန်း ၄ဝ ခန့်မှာ လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း မျိုးသုဉ်း ပျောက်ကွယ်တော့မည်ဟု တွေ့ရှိခဲ့သည်။ ဂေဟစနစ်အား အထောက်အကူပေးသည့် အင်းဆက်များထဲတွင် လိပ်ပြာများကဲ့သို့ သာမန်မျက်စိဖြင့် မြင်နိုင်သည့် အင်းဆက် များပါဝင်နေသကဲ့သို့ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်ခြင်းမရှိသော အင်းဆက်များ လည်းရှိနေခြင်းကြောင့် ¤င်းတို့အားကာ ကွယ်မှုများပြုလုပ်ပေးရန် အခက်အခဲများ ရင်ဆိုင်နေရသည်။
NG(Ref;Aljazeera)