images
UN
UN
ဆီးရီးယားတွင်တည်ငြိမ်မှုဖော်ဆောင်နိုင်ရန် တူရကီနှင့်ရုရှားဦးစားပေးမည်
Tuesday, 12 February 2019
တူရကီနှင့် ရုရှားတို့သည် အပစ်အခတ်ရပ်စဲမှုများတည်ဆောက်နိုင်ပြီဖြစ်သည့် ဆီး ရီးယားနိုင်ငံအတွင်း၌ တည်ငြိမ်မှုများရရှိရေးကို ဦးစားပေးဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း ရိုက်တာသတင်းဌာနကဖော်ပြသည်။ ရုရှားကာကွယ်ရေးဝန်ကြီးနှင့်တူရကီ ကာကွယ်ရေးဝန်ကြီးတို့သည် တူရကီနိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် ဆီး ရီးယားနိုင်ငံအတွင်းရှိ အကဲဆတ်သောဒေသများတွင် တည်ငြိမ်မှုများပိုမိုဖော်ဆောင် နိုင်ရေးကိုအလေးပေးရန်သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ တူရကီသည် ဆီးရီးယားနှင့် ထိစပ်နေသော နယ်စပ်ဒေသများတွင် အခြေပြုလှုပ်ရှားနေသော ကာ့ဒ်ခွဲထွက်ရေးအဖွဲ့ များအား အင်အားသုံးနှိမ်နင်းရန်စီစဉ်ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကာ့ဒ်ခွဲထွက်ရေးအဖွဲ့များအား တူရကီဘက်မှတိုက်ခိုက်မှုပြုလုပ်ခဲ့မည်ဆိုပါက တူရကီ အား စီးပွားရေးအရ ဖိအားပေးမည်ဟုပြောကြားခဲ့ပြီးနောက်တွင် တူရကီသည် ဆီးရီး ယားအရေးနှင့်ပတ်သက်သော လုပ်ဆောင်ချက်များ၌ရုရှားနှင့်ပူးပေါင်းဆောင်ရွက်မှု ပိုမို ပြုလုပ်လာခဲ့သည်။ NG(Ref; Reuters)