images
UN
UN
မိုးကုတ်မြို့သို့ နိုင်ငံခြားခရီးသွားဧည့်သည်လာရောက်လည်ပတ်မှု မြင့်တက်လာမည်ဟု ခန့်မှန်း
NG Tuesday, 12 February 2019
ပြည်တွင်းအခြေစိုက်ခရီးသွား လုပ်ငန်းကုမ္ပဏီများက ကမ္ဘာပေါ် တွင်အဖိုးတန်ရတနာမြေတစ်ခု အဖြစ် သိရှိထားကြသော မိုးကုတ် မြို့သို့နိုင်ငံခြားခရီးသွားဧည့်သည် များ လာရောက်လည်ပတ်မှုမြင့် တက်လာမည်ဟု ခန့်မှန်းလျက်ရှိ ကြောင်းသိရသည်။
၂ဝ၁၈ ခုနှစ် စက်တင်ဘာလ အတွင်း၌ မိုးကုတ်မြို့သို့နိုင်ငံခြား ခရီးသွားဧည့်သည်များသွားရောက် လည်ပတ်ရန် စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ခွင့်ပြုချက်ပေးခဲ့ပြီး နောက်ပိုင်း သုံးလတာကာလ အတွင်း မိုးကုတ်မြို့သို့လာရောက် လည်ပတ်သည့် နိုင်ငံခြားခရီးသွား ဧည့်သည်ဦးရေမှာ ၅ဝဝ ခန့် ရှိ ခဲ့ကာ သွားရောက်လည်ပတ်ခွင့် ရရှိရန် လျှောက်ထားသူဦးရေ တိုး ပွားလျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က အတည် ပြုထားသည်။ မိုးကုတ်မြို့နယ် အတွင်းရှိ ကျေးရွာသုံးခုတွင် ကျောက်မျက်ရတနာတူးဖော်မှုများ နှင့် ကျောက်မျက်ရတနာများအား နိုင်ငံခြားခရီးသွားဧည့်သည်များ လေ့လာနိုင်ရန်စီစဉ်ပေးထားသည်။ မိုးကုတ်မြို့သို့ သွားရောက်လည် ပတ်မည့်နိုင်ငံခြားခရီးသွားဧည့် သည်များအား အနည်းဆုံးငါးရက် မှ အများဆုံးတစ်လအထိ နေထိုင် ခွင့်ပြုထားသည်။ မိုးကုတ်မြို့မှ ထွက်ရှိသောပတ္တမြား သည်ကမ္ဘာ ပေါ်တွင်အရည်အသွေး အကောင်း ဆုံးဟုသတ်မှတ်ခံရကာပြည်တွင်း မှထွက်ရှိသော ပတ္တမြားအရေ အတွက်၏ ရာခိုင်နှုန်းကိုးဆယ်ခန့် မှာမိုးကုတ်မှထွက်ရှိခြင်းဖြစ်သည်။