images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)ကို ပြင်ဆင်မည့်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းထား
နေထက်ဝေ Tuesday, 12 February 2019
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)ကို ပြင်ဆင်မည့်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ပြည်ခိုင်ဖြိုးပါတီကတင်သွင်းခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြော ရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးနှင့်သွားရောက်တွေ့ဆုံမေးမြန်းခဲ့မှုများကိုဖော်ပြအပ်ပါသည်။

မေး။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မများအနက် လတ်တလော ပြင်ဆင်သင့်သည်များကိုအခြေခံ ဥပဒေနှင့်အညီ အတည်ပြုသတ် မှတ်ထားသည့် လုပ်ထုံး လုပ် နည်းများအတိုင်း ဥပဒေကြမ်း တစ်စောင်ကို ပြည်ထောင်စု လွှတ်တော်သို့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တင်ပြထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ဒါနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီအနေနဲ့ (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာမှာထည့်သွင်းဖော်ပြ ထားတာ တွေ့ရပါတယ်။ ဒီ အကြောင်းအရာနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့် ရရှိထားတဲ့ ဆရာဦးသိန်းထွန်းဦး အနေနဲ့ ပြောပြပေးစေချင်ပါ တယ်။
ဖြေ။ (၇၂) နှစ်မြောက် ပြည်ထောင်စု
နေ့သဝဏ်လွှာမှာတိုင်းရင်း သား ညီအစ်ကိုများအတွက်ကို အမှန်တကယ် လိုအပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးကို ကျွန်တော်တို့ပါတီအနေနဲ့ ဥပဒေမူကြမ်းသေချာရေးဆွဲပြီးတော့ ဖွဲ့
စည်းပုံအခြေခံဥပဒေအခန်း (၁၂)၊ဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၄၃၃၊၄၃၄ ၊၄၃၅၊၄၃၆တို့နဲ့ အညီ ဒါ့အပြင် နည်းဥပဒေဆိုင်ရာ ၁၃၄၊ ၁၃၅၊ ၁၃၆။ ဒီနည်းဥပဒေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေများနဲ့အညီ ကျွန် တော်တို့ပါတီကနေပြီးတော့ ပြည် ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက် ခြင်းဆိုတဲ့သတင်းကောင်းကို ကျွန် တော်တို့ရဲ့ပြည်ထောင်စုနေ့သဝဏ်လွှာ မှာပါတီဥက္ကဋ္ဌကြီးကိုယ်တိုင် သတင်း လက်ဆောင်စကားထည့်သွင်းပြီးဖော်ပြ လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျ။
မေး။ ဒီတင်သွင်းလိုက်တဲ့ ဥပဒေ မူကြမ်းမှာ ဘယ်လိုအခန်းတွေ၊ ဘယ်လိုပုဒ်မတွေကို ပြင်ဆင် မယ်ဆိုပြီး ပါဝင်နေသလဲဆို တာလည်း သိချင်ပါတယ်ဗျ။
ဖြေ။ ကျွန်တော်တို့အနေနဲ့ တင်ထား
ပြီးပြီဆိုတဲ့အပိုင်းကိုပဲ တင်ပြလို ပါတယ်။တင်ထားပြီးပါပြီ။ သို့သော် လည်းပဲ ကျွန်တော်တို့ဟာ ဥပဒေရဲ့ ကန့်သတ်ချက်လေးတွေရှိနေတဲ့အတွက် ပြောရမယ်ဆိုရင် တိတိကျကျကျွန်တော် တို့ပြောလို့မရပါဘူး။ သို့သော်လည်း ကျွန်တော်သိထားတဲ့အပိုင်းကို ပြောရမယ် ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ အပိုဒ် ဆိုတာတော့ ကျွန်တော်တစ်ဆင့် စကား ကြားထားရပါတယ်။ကျွန်တော်တို့အနေနဲ့ ကတော့တိုင်းရင်းသားတွေကိုဖက်ဒရယ် ပေးချင်တယ်။ ဖက်ဒရယ်ကို အခြေခံ တဲ့ပြည်ထောင်စုစနစ်ကို သွားနေတဲ့ အခါမှာတိုင်းရင်းသားတွေ အင်မတန်မှ လိုလားနေတဲ့တိုင်းရင်းသားညီအစ်ကိုတွေ အလွန်အင်မတန်မှဆာလောင်မွတ်သိပ်နေ တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်က သတ်မှတ်ထားတဲ့ဥပဒေ၊ နည်းဥပဒေတွေနဲ့ တင်လိုက်တဲ့အခါမှာ လွှတ်တော်ကြီးကသာစိတ်ထားစေတနာ ကောင်းနဲ့လက်ခံပြီးတော့ အမြန်ဆွေးနွေး၊ အမြန်အတည်ပြုလိုက်မယ်ဆိုရင်တကယ့် ကိုဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စု ကို သွားမယ့်အခြေအနေမှာ အထောက် အကူဖြစ်လိမ့်မယ်လို့ယုံကြည်တဲ့အတွက် တိုင်းရင်းသားညီအစ်ကိုများကို စိတ် ထားစေတနာကောင်းနဲ့ ကျွန်တော်တို့ ပါတီက ဆောင်ရွက်လိုက်ခြင်းဖြစ်ပါ တယ်။ ကျွန်တော်တို့ပါတီဟာ အပြော မဟုတ်ဘဲလက်တွေ့ကျကျ။ အဲဒီလက် တွေ့ကျကျဆိုတဲ့နေရာမှာ သတ်မှတ်ထား တဲ့ တည်ဆဲဥပဒေများနဲ့အညီ တိုင်းရင်း သားအရေးကို ဖော်ဆောင်လျက်ရှိပါ ကြောင်း တိုင်းရင်းသားညီအစ်ကိုများ ကို ဒီနေရာကနေ ထပ်မံသတင်းကောင်း ပါးအပ်ပါတယ်။
မေး။ ဒီမူကြမ်းနဲ့ပတ်သက်ပြီး လွှတ် တော်မှာ အများစုအနိုင်ရ ထားတဲ့ NLD တွေက တစ်စုံ တစ်ရာကန့်ကွက်မှုတွေရှိလာ မယ်ဆိုရင်ရော ဆရာတို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ကျွန်တော်တို့ကတော့လေ ဖက်
ဒရယ်ကိုအခြေခံတဲ့ ပြည် ထောင်စုကိုသွားနေတယ်ဆိုတော့ လက် ရှိထိုင်ခုံနေရာအများကြီးရထားတဲ့အဖွဲ့ အစည်းအနေနဲ့လည်း ဒီကိစ္စအပေါ်မှာ ထောက်ခံအားပေးသွားလိမ့်မယ်လို့ ကျွန် တော်တို့ မျှော်လင့်ထားပါတယ်။ ဘာ ကြောင့်လဲဆိုရင် တကယ့်ကို စိတ်ရင်း စေတနာအမှန်နဲ့တိုင်းရင်းသားညီအစ်ကို တွေအပေါ်မှာစိတ်ထားစေတနာကောင်း ရှိမယ်ဆိုရင်ဒီအပေါ်မှာ မကန့်ကွက်ကြ ဘဲနဲ့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်း ဆောင်ရွက်ကြလိမ့်မယ်လို့ ကျွန်တော်တို့ က မျှော်လင့်သလို ကြိုလည်းကြိုဆိုတယ် ဆိုတဲ့အကြောင်းကို တင်ပြလိုပါတယ်။