images
UN
UN
ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ သံဃာအပါး ၉၇ဝ အားဆွမ်းဆန်စိမ်းများလောင်းလှူ
Tuesday, 12 February 2019
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယနေ့(ပြည် ထောင်စု)နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် သုခမဉ္ဇူသာသနာ့အကျိုးတော် ဆောင်အဖွဲ့မှပြုလုပ်သည့် (အဋ္ဌမအကြိမ်) မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲတွင် ပါတီဝင်များနှင့် စေတနာရှင် ပြည်သူများ၏လှူဒါန်းငွေဖြင့် ဆွမ်းဆန် စိမ်းများ လောင်းလှူခဲ့ကြသည်။
သံဃာတော်များနှင့် သီလရှင်အပါး ၉၇ဝ ကျော်ြ<ွကရောက်အလှူခံခဲ့ကြပြီး ဒဂုံ မြို့သစ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်တော်အိတ် ၃ဝ နှင့်ကြက်သွန်နီ နှစ်အိတ် ကာလတန်ဖိုးငွေကျပ် ၉၉ဝဝဝဝ အား လောင်းလှူခဲ့ကြသည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ မှ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းစိုး ကဦးဆောင်၍ မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်ပါတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ပါတီဝင်လူငယ်များက စုပေါင်း၍ လောင်းလှူခဲ့ကြသည်။