images
UN
UN
အမေ့လျော့ခံ ရွာကလေး(ကဗျာ)
သက်နိုင်(ကြို့ပင်ကောက်) Tuesday, 12 February 2019
* မပူရုပ်နဲ့
နှုတ်ဆက်တဲ့ဆည်းဆာနေ
တောင်ခြေမှာ ကွယ်လုလု၊
နေ့ဝတ်ရုံ ရွှေခြည်သိမ်းဖို့
စိမ်းကားစပြု။
* ပန်းစုံသင်း
ညင်းညံ့နု လေပြည်ငယ်
ကျီစယ်လို့ဆော့ကစား၊
ရွာမီးခိုး တလူလူနဲ့
မြူမင်တွေ အမှောင်ရိပ်
ဖုံးပိတ်လို့ထား။
* ရွာနံဘေးက
ဖြတ်ပြေးတဲ့ မြစ်လှိုင်းသံ
ဆူဆူညံ ချောက်ချောက်ချား၊
ရွာနေသူ မျက်ရည်စက်
ပွင့်ထွက်ပြီလား။
* ဖိတ်လက်ဖိတ်လက်နဲ့
စိတ်ပျက်ဖွယ့်ကြယ်မီးအိမ်။
ငွေလလို မထိန်မဝင်း
အလင်းမှိန်မှိန်။
အမှောင်ညတွေချည်း
ချောင်ကျကျ ရွာသိမ်
သူ့အချိန်...သူ့အခါ..မရှိ။
အမေ့လျော့ခံတံခါးများ
ဖွင့်ထားချင်၏။