images
UN
UN
တောင်နဝင်းရေလှောင်တမံ ဆက်လက်အသုံးမပြုရေး ဒေသခံ ၈ဝဝ ကျော် အစိုးရထံတောင်းဆိုဆန္ဒဖော်ထုတ်
ဖြိုးကိုလင်း(ညောင်ဝိုင်း) Tuesday, 12 February 2019
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်း မြို့နယ် တောင်နဝင်းဆည်နှင့်ပတ်သက်၍ ဆက်လက် အသုံးမပြုရေး ပြည်သူ့အစိုးရထံ တောင်းဆိုဆန္ဒဖော် ထုတ်ပွဲအား ယနေ့ နံနက် ၁ဝ နာရီတွင် စတင်ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။ဆန္ဒဖော်ထုတ်ပွဲသို့ ရပ်သစ် ကျေးရွာ၊ စိုင်ခေါင်းကျေးရွာ၊ အုန်း ရင်း ကျေးရွာ၊ ဝက်တိုး ကျေးရွာရှိ ပြည်သူအင်အား ၈ဝဝခန့်တက် ရောက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အဆိုပါ ဆန္ဒဖော်ထုတ်သူများသည် ရပ်သစ်ကျေးရွာ ခရိုင်ချင်းဆက် လမ်းဆုံတွင်စုဝေးကြကာ ပေါက် ခေါင်းမြို့လယ် ဗိုလ်ချုပ်ကျောက် ရုပ်အထိစီတန်းလှည့်လည်၍ အနာ ဂတ်မျိုးဆက်အတွက် တောင်နဝင်း ဆည်အား ဆက်လက်အသုံးမပြု ရေး ဒို့အရေးဒို့အရေး၊ တောင်နဝင်း ဆည်နှင့်ပတ်သက်၍ ရပ်ရွာအေး ချမ်းသာယာရေး၊ဖာထေး/ ဖြတ် ဆက်ပြင်ဆင်သုံးစွဲခြင်း အလိုမရှိ အလိုမရှိစသည့် ကြွေးကြော်သံများ ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့သည်။
''တောင်နဝင်းရေလှောင်တမံ ကြီးဟာသက်တမ်းကကြာပြီ ကျွန် တော်တို့က စိုးရိမ်စိတ်တွေဖြစ် နေကြတယ်။ ပြည်ထောင်စုအစိုးရ တိုင်းဒေသကြီးအဆင့်က လုပ်တာ တွေအားရကျေနပ်ပေမယ့် ကျွန် တော်တို့ပြည်သူတွေအခန်းကဏ္ဍက ပျောက်နေသလို ခံစားရတယ်။ တောင်နဝင်းဆည်နားမှာရှိတဲ့ ပြည် သူတွေဘဝက မအေးဆေးဘူး။ပြောင်းရွှေ့နေထိုင်ကြရတယ်။ခုဆို ရင်လည်း ခုခွင့်ပြုမိန့်တင်တာက လည်းအင်အားက၁ဝဝဝပါ။ ဆည် ကြီးကို အနာဂတ်မျိုးဆက်သစ် အတွက်ဆက်လက်အသုံးမပြုရေး ကို ခုလိုဆန္ဒဖော်ထုတ်တာပါ''ဟု ဦးဆောင်သူဦးစံလင်းကပြောသည်။
အဆိုပါ ဆည်သည် ပေါက် ခေါင်းမြို့နယ်တွင် ၂၉၃၂ဧက၊ ပြည်မြို့နယ်မှာ ၉၁၆၇ ဧကနှင့် သဲကုန်းမြို့နယ်မှာ ၆ဝ၅၇၉ဧက ကို ရေပေးဝေနိုင်သည့် ဆည်ကြီး ဖြစ်ကြောင်း သိရသည်။