images
UN
UN
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဘုရားဝင်းသန့်ရှင်းရေး လုပ်အားဒါနဆောင်ရွက်
မမောင် (ချိကယ်သူ) Sunday, 17 February 2019
ကယားပြည်နယ် ဘောလခဲ ခရိုင်ဖားဆောင်းမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဖားဆောင်းကျေးရွာအုပ်စု နမ့်ဟူးကုန်းကျေးရွာ ဒက္ခိဏရာမ ဘုန်းတော်ကြီး ကျောင်းအတွင်းရှိ တိလောကနန္ဒာစေတီဘုရားဝင်း အား ယမန်နေ့နံနက် ၇နာရီမှ မွန်း တည့် ၁၂နာရီအထိ သန့်ရှင်းရေး လုပ်အား ဒါနသွားရောက်ပြုလုပ် သည်။
ယင်းသို့သွားရောက်ရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဖားဆောင်းမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း သာစိန်၊ ဘောလခဲမြို့နယ် ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုးရယ်၊ ပြည်နယ်ကော်မတီဝင် များဖြစ်ကြသော ပြည်နယ်လူ ငယ်ရေးရာတာဝန်ခံ ဦးအောင်နိုင် ဦး၊ ပြည်နယ်လူငယ်ရေးရာ ဒု-တာဝန်ခံဒေါ်နန်းယဉ်သီတာထွေး၊ ပြည်နယ်လူငယ်ရေးရာ လှုပ်ရှားမှု တာဝန်ခံ ဒေါ်နန်းစောရင်၊ ပြည် နယ်လူငယ်ရေးရာလှုပ်ရှားမှု ဒု-တာဝန်ခံ ဦးအောင်ကျော်မြင့်၊ ဖားဆောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်မောင်ညို၊ပါတီအတွင်း ရေးမှူးဒေါ်ခင်နှင်းယဉ်နှင့် မြို့နယ် ကော်မတီဝင်များ၊ ဘောလခဲမြို့ နယ်အတွင်းရေးမှူး ဦးဟန်ထူးနှင့် မြို့ နယ်ခုနစ်မြို့နယ်မှ ပါတီလူငယ် ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ နမ့် ဟူးကုန်းကျေးရွာသူ ကျေးရွာသား များ စုစုပေါင်းအင်အား ၁၃ဝ တက်ရောက်ကြောင်း၊ လုပ်အား ပေးအပြီးတွင် ဖားဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မွန်းလွဲ ၁၂ နာရီခွဲတွင် လူငယ်များ ရှေ့ဆက် လုပ်ငန်းစဉ်များအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးထပ်မံ ပြု လုပ်ပြီး မွန်းလွဲ ၁ နာရီခွဲတွင် အောင်မြင်စွာပြီးစီးပြီး မြို့နယ် အသီးသီးမှ လူငယ်အဖွဲ့များ နေရပ် သို့ မွန်းလွဲ ၁နာရီ ၄၅မိနစ်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။