images
UN
UN
ပါးလွှာမှုအရှိဆုံးဒီဇိုင်းဖြင့်တည်ဆောက်ထားသော Tablet မော်ဒယ်သစ်အားဈေးကွက်တင်မည်
Sunday, 17 February 2019
ဆမ်ဆောင်းကုမ္ပဏီသည် ပါးလွှာမှုအရှိဆုံးဒီဇိုင်းပုံစံဖြင့် တည် ဆောက်ထားသော Tablet မော်ဒယ်သစ်အား မိတ်ဆက်ပြသခဲ့ကာ လာ မည့်လပိုင်းများအတွင်း၌ ဈေးကွက်တင်မည်ဟုအတည်ပြုခဲ့ကြောင်း ဒေးလီးမေးလ်သတင်းဌာနကဖော်ပြသည်။
မိတ်ဆက်ပြသခဲ့သည့် Tablet မော်ဒယ်သစ်ကို Galaxy Tab S5e ဟုအမည်ပေးထားကာ ထုတ်လုပ်ရောင်းချခဲ့ဖူးသောTablet များထဲတွင် ပါးလွှာမှုအရှိဆုံး Tablet အဖြစ် မှတ်တမ်းတင်ခံရဖွယ်ရှိနေသည်။ မျက်နှာပြင်အရွယ်အစားမှာ ၁ဝ ဒသမ ၅ လက်မရှိကာRam 4 GB ၊ Storage 64 GB ထည့်သွင်းပေးထားကာ 2560 x 1600 Resolution ဖြင့် ပုံရိပ်များကိုဖော်ပြနိုင်သော Super AMOLED Display ကို အသုံး ပြုတည်ဆောက်ထားသည်။ 13 MP ရှိသော နောက်ကင်မရာနှင့် 8 MP ရှိသော ရှေ့ကင်မရာများတပ်ဆင်ပေးထားသည့် အဆိုပါ Tablet အား အမေရိကန်ဒေါ်လာ ၃၉၉ ဒေါ်လာဖြင့်ရောင်းချမည်ဖြစ်သည်။ Tablet ၏အထူမှာ ၅ ဒသမ ၅ မီလီမီတာသာရှိမည်ဖြစ်၍ ပါးလွှာမှု အရှိဆုံး Tablet အဖြစ် မှတ်တမ်းတင်ဖွယ်ရှိနေခြင်းဖြစ်ပြီး အလေးချိန် မှာလည်း ကီလိုဂရမ် ၄ဝဝ ခန့်သာရှိမည်ဖြစ်သည်။
NG(Ref; Dailymail)