images
UN
UN
တောင်ပိုင်းခရိုင် ဖြိုးစေတနာ အခမဲ့နယ်လှည့်ဆေးကုသအဖွဲ့ ကော့မှူးမြို့နယ်အတွင်း ကွင်းဆင်းကုသ
မြတ်ဟိန်းကျော်(ကော့မှူး) Sunday, 17 February 2019
ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ၏လမ်းညွှန်မှုဖြင့် တောင်ပိုင်းခရိုင် ဖြိုး စေတနာအခမဲ့ နယ်လှည့်ဆေးကုသအဖွဲ့ သည် သွားလာခက်ခဲသည့်ကျေးရွာများ သို့ကွင်းဆင်းကုသပေးလျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူး မြို့နယ် ခရိုက်ခနိကျေးရွာဘက်စုံသုံးခန်းမ ဆောင်၌ ယနေ့နံနက် ၉ နာရီခွဲမှစ၍ တောင်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီမှဦးဆောင် ကာ ကော့မှူးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံဖြိုးရေးပါတီနှင့် ဒေါက်တာသိန်းဇော် မြင့် ဦးဆောင်သော ဖြိုးစေတနာအခမဲ့ နယ်လှည့်ဆေးကုသအဖွဲ့တို့ ကျေးရွာများ အရောက် ကွင်းဆင်းကုသခဲ့သည်။
အဆိုပါဆေးကုသဆောင်ရွက်မှုကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဦးဆန်းဝင်း၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ကော့မှူးမြို့နယ် ပြည် ခိုင်ဖြိုးပါတီနာယက ဦးဝင်းထိန်၊ ကော့မှူး မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော် ဇင်ဟိန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ဒေသရပ်စည်းခေါင်းဆောင်များနှင့်ရွာမိ ရွာဖများက ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျေးရွာအတွင်းနှင့် အနီးဝန်းကျင်ကျေးရွာ များရှိလူနာ မ ၉ဝ၊ ကျား၇ဝ၊ ကလေး ၁၅ ဦး စုပေါင်း ၁၇၅ ဦးတို့အား ကုသ ပေးခဲ့ကြောင်း သိရသည်။