images
UN
UN
၂ဝဝ၈ ဖွဲ့စည်းပုံကို အဖွဲ့အစည်းတစ်ခု ပါတီတစ်ခုတည်းကမပိုင်သလို အစိုးရကလည်းမပိုင်ပါ ပြည်သူများသာပိုင်သည့်အတွက် ပြင်ဆင်ချင်တယ်ဆိုရင် ဥပဒေအရ ပြဋ္ဌာန်းတဲ့အတိုင်း ပြင်ဆင်ရမှာဖြစ်ပါတယ်
သတင်းအဖွဲ့ Sunday, 17 February 2019
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ပြောလိုက်သည်။
ရန်ကုန်ရှိ Orchid ဟိုတယ်တွင် ဖေဖော်ဝါရီ ၁ဝရက်က ကျင်းပသော ''ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် မူလပထမဖြစ်သည်''ခေါင်းစဉ်ဖြင့် ရေနွေးကြမ်းစကားဝိုင်းအပြီး သတင်းထောက်များ မေးမြန်းခြင်းအား ဦးလှသိန်းမှ ပြန်လည်ဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံ သားများအားလုံးမှ ၉၂ဒသမ၄၈ ရာခိုင် နှုန်းထောက်ခံထားတဲ့အတွက် မည်သူ တစ်ဦးတစ်ယောက်မှမပိုင်ပါ။ ထို့အတူ အဖွဲ့အစည်းတစ်ခု၊ ပါတီတစ်ခု၊ အစိုးရ အဖွဲ့လည်းမပိုင်ပါ။ ပြည်သူသာ ပိုင်တဲ့ အတွက် ပြင်ဆင်ချင်တယ်ဆိုရင် ဥပဒေ အရပြဋ္ဌာန်းထားတဲ့ အတိုင်းသာပြင်ဆင် ရမှာဖြစ်ပါတယ်။ အန်ကယ်တို့ပါတီအနေ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ကိုလုံးဝမကန့်ကွက်ပါ။ ဥပဒေအတိုင်း ဆောင်ရွက်ဖို့သာအကြံပြုခြင်းဖြစ်ပါတယ်။
''ပြည်သူအားလုံးပိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူအားလုံးထောက်ခံ ထားတဲ့ဥပဒေကို ပြည်သူအားလုံးနဲ့ဆိုင် တဲ့အတွက်ကြောင့် ပြည်သူ့ဆီကဆင်း သက်လာတဲ့အတွက်ကြောင့် ပြည်သူရဲ့ ဆန္ဒခံယူပွဲပြန်လုပ်မယ်ဆိုရင်တော့ ပို ကောင်းပါတယ်။ ပြင်မယ်လို့ သုံးလိုက် တာနဲ့ ပြင်ဆင်တဲ့ ဥပဒေအတိုင်းသွားပါ။ တကယ်လို့ လေ့လာသုံးသပ်မယ်ဆိုရင် တော့လွှတ်တော်မှာ ကော်မတီတစ်ရပ်ဖွဲ့ ပါ။ ပြည်သူအားလုံးပါတဲ့ တတ်သိပညာ ရှင်တွေပါတဲ့၊ ပညာရှင်တွေ၊ တကယ် တော်တဲ့သူတွေ၊ ပြည်တွင်းရောပြည်ပ ပညာရှင်ခေါ်လိုက ခေါ်ပြီးတော့မှ ပုဒ်မ အလိုက် ဒါသည်ပြည်သူ့အတွက် ဘာဖြစ် လဲ၊ဘယ်လောက်ဆိုးကျိုးဖြစ်သလဲသေချာ သုံးသပ်ပြီးတော့မှ ပြည်သူကိုလည်းချ ပြပြီးတော့မှ ဒါကြောင့် ဒါပြင်ဆင်တယ် ဆိုရင်တော့အကျိုးရှိမှာပါ''ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ပြောသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးအရေးကြီးအဆိုကို NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီ ၂၉ ရက်၌ ပြည်ထောင်စုလွှတ်တော်သို့ တင် သွင်းခဲ့ပြီး တပ်မတော်သားကိုယ်စား လှယ်အပါအဝင် ပြည်ခိုင်ဖြိုးပါတီကိုယ် စားလှယ်တို့မှအဆိုကို ကန့်ကွက်ခဲ့သည်။
သို့သော်လက်ရှိတွင်ဖွဲ့စည်းပုံပြင်ဆင် ရေးကော်မတီအား လူလေးဆယ်ကျော် ပါဝင်ကာ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
''ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆိုတာ မှာ ဘယ်လိုပြင်ရမယ်ဆိုတာကို အခန်း-၁၂ မှာ အကုန်ပြဋ္ဌာန်းပြီးသား ဖြစ်ပါ တယ်။ အဲဒီလိုပဲဖြစ်စေချင်ပါတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော်က နေပြီးတော့ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံထားတာဖြစ်တဲ့အတွက်ကြောင့် ဒါနိုင်ငံသားအားလုံးနဲ့ဆိုင်တဲ့ ဥပဒေ တစ်ခုဖြစ်တယ်''ဟု ဦးလှသိန်းက ဆက် ပြောသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်းပေါင်း ၁၅ ခန်းနှင့် ပုဒ်မပေါင်း ၄ဝဝကျော် ပါဝင်ပြဋ္ဌာန်းထားပြီး ယင်း ဥပဒေကို ၂ဝဝ၈ခုနှစ် မေလ ၁ဝ ရက် တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးမှ ဆန္ဒ မဲများရယူခဲ့ပြီး ထောက်ခံသူ လူဦးရေ ၂ဝ၇၈၆၅၉၆ ဦးရှိခဲ့ပြီး ထောက်ခံသည့် ရာခိုင်နှုန်း ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ဖြစ်သည်။