images
UN
UN
ဝက်တုပ်ကွေးရောဂါကူးစက်မှုအား တားဆီးနိုင်ရန် ပူးပေါင်းဆောင်ရွက်မည်
Friday, 22 February 2019
အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများတွင် ဝက်တုပ်ကွေးရောဂါ ကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် ပြင်ဆင်လျက်ရှိ ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။ ဥရောပနိုင်ငံအချို့နှင့် အာရှနိုင်ငံအချို့ တွင် ဝက်တုပ်ကွေးရောဂါဖြစ်ပွားမှုများ မကြာခဏကြုံတွေ့လျက်ရှိသည့်အပြင် အဆိုပါ နိုင်ငံများထုတ်လုပ်သော ဝက်သားများကို အမေရိကန်နိုင်ငံအပါအဝင် မြောက်အမေရိက တိုက်သို့ တင်သွင်းမှုများ ရှိနေခြင်းကြောင့် ဝက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု ကို ပူးပေါင်းကာကွယ်ရန် စီစဉ်နေခြင်းဖြစ်သည်။ အမေရိကန်စိုက်ပျိုးရေးနှင့် မွေးမြူ ရေးဆိုင်ရာ သုတေသနဌာနခွဲသည် ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့ဖူးသော ဝက်တုပ်ကွေး ရောဂါကူးစက်ပြန့်နှံမှုနှင့်ဆိုင်သည့် ဖြစ်စဉ်များကို လေ့လာလျက်ရှိကာ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများရှိ ကျွမ်းကျင်သူများနှင့်ပူးပေါင်းကာ ဝက်တုပ်ကွေးရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည့်နည်းလမ်းများ ရှာဖွေလျက်ရှိသည်။
NG(Ref; AP)