images
UN
UN
မတ္တရာမြို့အမှတ်(၂)ရပ်ကွက်တွင် မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြော
စိုးကျော်သူထွေး(မတ္တရာ) Friday, 22 February 2019
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့ အမှတ်(၂)ရပ်ကွက်အတွင်း မူးယစ် ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ် ရေးနှင့်မှုခင်းကျဆင်းရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန် နေ့ မွန်းလွဲ ၃နာရီခွဲက အမှတ် (၂)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး၌ ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲ များတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကျော်မိုးဦးစီးသော မြို့မရဲ စခန်းမှ ဒုရဲမှူးပြေဦးနှင့်အဖွဲ့သည် သက်ငယ်မုဒိမ်းမှု လျော့နည်းကျ ဆင်းရေး၊မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ် စည်းကမ်း၊လမ်းစည်းကမ်းတို့နှင့် ပတ်သက်ပြီး ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ရာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ပြည်သူများတက် ရောက်ခဲ့ကြသည်။ တက်ရောက် လာသူများအား ရဲတပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ ကြကြောင်း သိရသည်။