images
UN
UN
တပ်မတော်မှအပစ်အခတ်ရပ်စဲပေးပြီး နှစ်လကြာအခြေအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်း
သုခ Saturday, 23 February 2019
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးထုတ်ပြန်ချက် နှစ်လကျော်ကာလအတွင်းဖြစ်ပျက်ခဲ့သော အခြေအနေများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂ဝဝ၈ခုနှစ်)ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂နာရီက ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ရတနာသီရိဂေါက် ကလပ်တွင်ကျင်းပခဲ့သည်။NCA လက်မှတ်ရေးထိုးရန် ကျန်ရှိ နေသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးအနေဖြင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်း ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ် နိုင်ရန် တပ်မတော်မှ အပစ်အခတ်ရပ်စဲပေး ပြီး နှစ်လကြာအခြေအနေနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် စပ် လျဉ်း၍လက်ရှိဖြစ်ပေါ်နေသောအခြေအနေ များကို တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်စိုးနိုင်ဦးနှင့်ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီတို့က ရှင်း လင်းပြောကြားခဲ့သည်။
''AA ဟာ ကေအိုင်အေရဲ့ မွေးစား သားဖြစ်တယ်။ AA အနေနဲ့ လိုင်ဇာကနေ ရခိုင်ပြည်နယ်ထဲမှာ အမာခံနယ်မြေတည် ဆောက်နိုင်ဖို့ ကြိုးပမ်းလာတာကိုတွေ့ရ ပါတယ်။ တပ်မတော်အနေနဲ့ ဒီလိုလုပ်ရပ် မျိုးကို ထိထိရောက်ရောက်တားဆီးဆောင် ရွက်သွားမှာဖြစ်ပါတယ်''ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီမှဗိုလ်ချုပ် စိုးနိုင်ဦးကပြောသည်။
၎င်းအပြင်''AA အနေနဲ့ ဒီမိုကရေစီ ကို လက်နက်ကိုင်တောင်းဆိုလုပ်ကိုင်မှုမျိုး ကိုခွင့်ပြုမှာမဟုတ်ပါဘူး။ လုံးဝသည်းမခံ တဲ့ အချက်သုံးချက်ကတော့အုပ်ချုပ်မှု ယန္တရားကိုနှောင့်ယှက်တာ၊ ပြည်သူလူထု ကို ဝန်ထုပ်ဝန်ပိုးဖြစ်အောင်လုပ်တယ်။ ထိခိုက်နာကျင်အောင် လုပ်တယ်။ နံပါတ် သုံးအချက်အနေနဲ့ လမ်းပန်းဆက်သွယ်ရေး ကို နှောင့်ယှက်တာတွေကိုလုံးဝခွင့်ပြုမှာ မဟုတ်ပါဘူး''ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။
ထို့နောက် တက်ရောက်လာသည့် မီဒီယာများမှ သိရှိလိုသည်များကိုမေးမြန်း ရာ တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော်မတီမှတာဝန်ရှိသူများနှင့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များက ပြန် လည်ဖြေကြားပေးခဲ့သည်။