images
UN
UN
တောင်ငူနှစ်လောင်းပြိုင်လူသတ်မှုတွင်သေဆုံးခဲ့သည့် ဗိုလ်မှူးဟောင်းနှင့်ဇနီးတို့ကို ရေဝေးတွင် ယနေ့မီးသင်္ဂြိုဟ်ခဲ့
TK Saturday, 23 February 2019
ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့နယ် ကေတုမတီမြို့သစ်မြို့တွင် ဖြစ်ပေါ်ခဲ့သော နှစ်လောင်းပြိုင် လူသတ်မှုမှ သေဆုံးသွားသည့် ဗိုလ်မှူးဟောင်း ဦးစိုးလင်းသန်း နှင့်ဇနီး ဒေါ်ချောစုစုလင်းတို့ကို ယနေ့နံနက် ၁ဝနာရီက ရေဝေး သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။
ဖြစ်စဉ်မှာ ယခုလ ၂၁ရက် နံနက်ပိုင်းက သေဆုံးသူလင်မယား နှင့် သမီးဖြစ်သူတို့သည် လူသတ် မှုကျူးလွန်သူသားအဖဆီမှ ၂ဝ၁၂ ခုနှစ်ကဝယ်ယူထားသည့် အိမ်ခြံ မြေဂရန်သက်တမ်းတိုးရန်အတွက် မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စု စာရင်းမိတ္တူတောင်းယူခဲ့ရာမှ တစ် ဖက်နှင့် တစ်ဖက်အချင်းများခဲ့ကြ သည်။
အဆိုပါဇနီးမောင်နှံနှစ်ဦးကို ကျူးလွန်သူ သားအဖနှစ်ယောက် က နပန်းဝင်လုံးပြီးနောက် လဲကျ သွားသည့်အချိန်တွင် အခင်းဖြစ် ပွားခဲ့သော ကားလမ်းဘေးဓာတ် တိုင်ခြေရင်းရှိ လုံးပတ်ကျပ်လုံးခန့်၊ အရှည် ၁ဝလက်မရှိ သံချောင်း တပ်ဆင်ထားသည့် တင်းပုတ် သဏ္ဌာန်လမ်းမီးတိုင်ကြေးသီးဖြင့် ရိုက်ခဲ့ရာမှသေဆုံးခဲ့ခြင်းဖြစ်သည်။
လူသတ်မှုကျူးလွန်သူများမှာ တောင်ငူမြို့နယ် ကေတုမတီမြို့ သစ်မြို့ မင်းကြီးဆွေရပ်ကွက်တွင် နေထိုင်သည့် ဦးတိုးကြည်နှင့် ၄င်း ၏သားဖြစ်သူ ရဲဝင်းတို့ဖြစ်ပြီး ကေတုမတီမြို့သစ်နယ်မြေရဲစခန်း က (ပ)၂၉/၂ဝ၁၉၊ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃ဝ၂(လူသတ်မှု)၊ ၃၂၅(အပြင်းအထန်နာကျင်စေမှု)၊ ၁၁၄(ပြစ်မှုကျူးလွန်ရာတွင်အား ပေးကူညီမှု)စသည့် ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားပြီး ချုပ်ရမန်ယူစစ် ဆေးနေကြောင်း သိရသည်။