images
UN
UN
မြန်မာပြည်ဗုဒ္ဓဘာသာ ပုည ကုသလအသင်းကြီး (၉၆)ကြိမ်မြောက် ပိဋကတ်တော်အလှူပွဲ ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်လှူဒါန်း
ထိန်ဝင်း(YGN) Saturday, 23 February 2019
မြန်မာပြည် ဗုဒ္ဓဘာသာ ပုည ကုသလအသင်းကြီး၏(၉၆)ကြိမ် မြောက် ပိဋကတ်တော်အလှူပွဲနှင့် စာအောင်သံဃာတော်များဆုနှင်း သဘင်ကို ယနေ့ နံနက် ၇ နာရီခွဲ က ရန်ကုန်မြို့ ဒဂုံမြို့နယ်စကား ဝါလမ်းမင်းကွန်းတိပိဋကကျောင်း တော်၌ကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ အသင်းကြီး၏ သြဝါဒါစရိယ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်များ၊သာသနာရေးဆိုင် ရာ စာမေးပွဲအသီးသီးတွင်ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင်သံဃာတော် များ၊ သီလရှင်ဆရာကြီး ဆရာလေးများ၊ မြန်မာ ပြည်ဗုဒ္ဓဘာသာ ပုညကုသလ အသင်းကြီး၏အကျိုး ဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆို ပူဇော်ကြပြီး တိပိဋကဓရ စွန်းလွန်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ သြဝါဒါစရိယ တိပိဋကဓရဆရာ တော်များထံမှ သြဝါဒစကားနာကြားသည်။
ထို့နောက် အသင်းကြီး၏နာယက ဦးအောင် သန်းက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းတင် ပြသည်။
ဆက်လက်၍ အလှူရှင်များကသြဝါဒါဆရာတော် ကြီးများနှင့် စာအောင်သံဃာတော်များ၊ သီလရှင် ဆရာလေးများအား လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်း ကြရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုးက နဝကမ္မဝတ္ထု ငွေသုံးသိန်းနှင့်လှူဖွယ်ဝတ္ထု အစုစုတို့ကို လှူဒါန်းခဲ့ ကြောင်း သိရသည်။