images
UN
UN
ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ လူငယ်တွေ့ဆုံပွဲကျင်းပ
မိုးစက်လုလင် Saturday, 23 February 2019
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ တွင် ယနေ့နံနက် ၁၁နာရီက လူငယ်တွေ့ဆုံပွဲကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပါတီအတွင်း ရေးမှူးလူငယ်ရေးရာဥက္ကဋ္ဌဦးသိန်း နိုင်ဝင်းက လူငယ်ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းဆွေးနွေးတင်ပြ ပြီး တက်ရောက်လာသူ လူငယ် များက ပြန်လည်ဆွေးနွေးသည်။ယင်းနောက် လူငယ်ရေးရာအတွင်းရေးမှူး ဦးဇေယျာမိုးဇော်ဗိုလ်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲကို မြို့နယ်အတွင်းရေးမှူး ဦးသိန်းနိုင်ဝင်း၊ လူငယ်ရေးရာအတွင်းရေးမှူး ဦးဇေယျာမိုးဇော်ဗိုလ်၊ လူငယ်ကော် မတီဝင်ဦးဟိန်းဝေ၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ချောစုနှင့် ကျေး ရွာအမာခံလူငယ်ခေါင်းဆောင်များ အင်အား ၃ဝ ကျော် တက် ရောက်ကြသည်။