images
UN
UN
တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို ကွင်းဆင်းကုသ
ဟန်ဝင်းရွှေ Sunday, 24 February 2019
ပေါက်ခေါင်းမြို့နယ် ကြို့ဝိုင်းအုပ်စုရွာခွဲ(၄)ရွာမှ ဒေသခံပြည်သူများကို ပြည်မြို့ အမှတ်(၆) ခုတင် ၁ဝဝ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံကျေးလက်ပြည်သူများကို ယမန်နေ့နံနက် ၈ နာရီမှ စတင်ကာ ညနေ ၅ နာရီအထိကွင်းဆင်းဆေးကုသခဲ့သည်။နယ်လှည့်ဆေးကုသရေးအဖွဲ့ကို ဒကစမှူးဗိုလ်ချုပ်ကျော်ကျော်နိုင်နှင့်အတူ ပြည်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ ပေါက်ခေါင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်၊ မြို့နယ်ကော်မတီဝင်များ၊ဒေသခံရပ်/ကျေးအဖွဲ့များ၊ မီးအိမ်ရှင်ဆရာတော် ဦးဆောင်သော စက္ခုပါလမျက်စိ အလင်းရောင်အဖွဲ့တို့မှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြပြီး ဒကစမှူးက ပေါက်ခေါင်းမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းများအား နွေးထွေးစွာ စကားပြောခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ဒသမတန်းဖြေဆိုရန် စာကျက်နေသည့် ကြို့ပင်အထကမှကျောင်းသားကျောင်းသူများ စာဖြေသွားစဉ် အပန်းဖြေအာဟာရစားသောက်ရန်အတွက်လည်း ငွေကြေးတတ်စွမ်းသမျှထောက်ပံ့ကူညီပေးခဲ့ကြောင်းသိရသည်။