images
UN
UN
မြောင်းမြအကျဉ်းထောင်တွင် ထောင်လှန့်လက်တွေ့လေ့ကျင့်ဇာတ်တိုက်
စန္ဒာမိုး Sunday, 24 February 2019
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အကျဉ်းထောင်ဝင်း အတွင်းတွင် ယနေ့ နံနက် ၇ နာရီက မြောင်းမြအကျဉ်းဦးစီးဌာန မြို့နယ်ရဲတပ်ဖွဲ့ ခရိုင်/ မြို့နယ် မီးသတ်ဦးစီးဌာနတို့က ပူးပေါင်း၍ ထောင်လှန့် ဇာတ်တိုက်ခြင်းကို လေ့ကျင့်ပြုလုပ်ခဲ့ကြောင်း သိရ သည်။အဆိုပါ ထောင်လှန့်ဇာတ်တိုက်လေ့ကျင့်ရာတွင် အကျဉ်းဦးစီး ဌာန ထောင်ပိုင်ကြီးဦးလတ်စည်၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်စိုးထွန်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးလွင်နှင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးသန့်ဇင်မင်းတို့ ဦးဆောင်၍ အဖွဲ့ဝင် စုစုပေါင်းအင်အား ၁ဝဝ ကျော်နှင့်အတူ လက်တွေ့ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။