images
UN
UN
မြန်မာ့လွတ်လပ်ရေးကို တွန်းအားပေးခဲ့သော ကိုလိုနီခေတ်တောင်သူလယ်သမားအရေး
မောင်ဥာဏ်စိန် Thursday, 28 February 2019
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် နေ့ ညနေ ၃ နာရီအချိန်တွင် စစ်ဗိုလ်ချုပ် ကြီး ဂျင်နရယ်ပရင်ဒါဂတ်(စ်)နှင့် ကာနယ် စလေဒင်တို့ ဦးဆောင်သော ဗြိတိသျှ တပ်တို့သည် သီပေါဘုရင်နှင့် မိသားစု ကို ဖမ်းဆီးခြင်းဖြင့် 'မြန်မာနိုင်ငံသိမ်း တိုက်ပွဲ'ကြီးကို အောင်မြင်စွာ နိဂုံးချုပ် ခဲ့ကြသည်။ ဗြိတိသျှမြန်မာနိုင်ငံနှင့် ဘုရင့်အစိုးရ၏ လွတ်လပ်သောမြန်မာ နိုင်ငံတို့အား နယ်နိမိတ်သတ်မှတ်ထား သည့် အာလံမျဉ်းကြောင်းကို ၁၈၈၅ ခုနှစ် နိုဝင်ဘာလ၁၄ရက်နေ့တွင် စတင်၍ ဖြတ်ကျော်ကာ ကျူးကျော်ဝင်ရောက်ခဲ့ ကြခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာ နိုင်ငံကို ၁၅ ရက်နှင့် အပြီးသိမ်းပိုက် လိုက်ခြင်းပင် ဖြစ်တော့သည်။
ပါတော်မူစဉ်က ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့ရသော မန္တလေးမြို့သူ မြို့သား များ၏ ခံစားချက်ကို ဦးမောင်မောင်တင် ၏ မဟာရာဇဝင်တော်ကြီး၊ တတိယတွဲ စာမျက်နှာ ၇၂၆ တွင် အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။
'မြန်မာလူမျိုး မိန်းမ၊ ယောက်ျား တို့လည်း လမ်းစဉ်တစ်လျှောက်က ကြည့်ရှုကာဖြင့် ငါတို့ရှင်ဘုရင်ကို အပါဆောင်လေပြီဆို၍ နှမြောလွမ်း ဆွတ်ခြင်းနှင့်တကွ မျက်ရည်သုတ် ကာ သုတ်ကာ ပြောဆိုမြည်တမ်း ကြလေ၏။'
ဆီးဘန်းနီဆရာတော်ကမူ ရဟန်း သံဃာတော်ပင်ဖြစ်သော်လည်း ပြည်သူ တို့၏ ခံစားချက်ကို အောက်ပါအတိုင်း ကဗျာရေး၍ မှတ်တမ်းတင်ခဲ့ပေသည်-
'ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊
သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊
သုညခေတ်ဝယ်၊
လူဖြစ်ရလေ၊ တို့တတွေသည်
သေသော်မှတည့် သြော်...ကောင်း၏။'
ဤသို့ဖြင့် မြန်မာလူမျိုးတို့သည် ထီး သုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်းဘဝကို ကြုံ တွေ့ခဲ့ကြရသည်။ သို့သော် မြန်မာတို့ သည် ငုံ့မခံခဲ့ပါ။ သမိုင်းမှတ်တမ်းများ အရ မြန်မာတို့သည် မြောက်ဘက်တောင် ကုန်းများမှ ဆင်းသက်လာကြသည်ဟု ဆိုကြရာ မြောက်ဘက်မှနေ၍ လက်ရှိ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဝင် ရောက်လာခြင်းကပင် 'လွတ်လပ်ခြင်း' ကို မြတ်နိုးကြ၍ပင်ဖြစ်သည်။ လွတ်လပ် ခြင်းကို မြတ်နိုးသော လူမျိုးပီပီ ဒေသ အသီးသီးမှ ပြန်လှန်၍ ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်ခဲ့ကြသည်။ တိုင်း ရင်းသား လူမျိုးစုအသီးသီးက ဒေသ အသီးသီးမှ ပြန်လှန်၍ တိုက်ခိုက်ခဲ့ကြရာ ဗြိတိသျှတို့သည် အိန္ဒိယပြည်မှ မြင်းတပ် ကြီးများအပါအဝင် စစ်သား၃၅ဝဝဝ မျှ ဖြင့် နှိမ်နင်းယူခဲ့ရလေသည်။ ဤအချက် ကို ဗြိတိသျှသမိုင်းဆရာများ၊ ဝန်ထမ်း များ၊ စစ်ဗိုလ်ချုပ်ကြီးများ ကိုယ်တိုင်က မှတ်တမ်းတင်လျက်ဝန်ခံခဲ့ကြပြီးဖြစ်သည်။
ဤရှေးဦး နယ်ချဲ့တော်လှန်ရေးတွင် မြန်မာ့ပဒေသရာဇ် အနွယ်တော်များက ဦးဆောင်ရာတွင် ပါဝင်ခဲ့ကြသော်လည်း အဓိက အင်အားစုကား ကျေးလက်နေ တောင်သူလယ်သမားများပင် ဖြစ်သည်။
အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင် ကမူ အောက်ပါကြေညာချက်ကို ၁၈၈၆ ခုနှစ် ဇန်နဝါရီလ၁ရက်နေ့တွင် ထုတ်ပြန် လိုက်လေသည်-
'ဧကရာဇ်ဘုရင်မကြီး၏ အမိန့် အရ ထုတ်ပြန်ကြေညာလိုက်သည် မှာ သီပေါဘုရင် အုပ်စိုးခဲ့သော နယ်ပယ်တို့သည် ယင်း၏ အုပ်စိုးမှု အောက်တွင် မရှိတော့ဘဲ ဧကရာဇ် ဘုရင်မကြီး၏ ပိုက်နက်များတွင် ပါဝင်ပြီဖြစ်၍ အိန္ဒိယပြည် ဘုရင်ခံ ချုပ်က အခါအားလျော်စွာ ခန့်အပ် သော အရာရှိများက ဘုရင်မကြီး အလိုတော်ကျ စိုးမိုးအုပ်ချုပ်ကြမည်'
အင်္ဂလိပ်တို့သည် တိုင်းရင်းသား ပြည်သူလူထုကို ခေါင်းဆောင်မှုပေးနိုင် သူများမှာ ရပ်ရွာအကြီးအကဲများဖြစ် ကြောင်းကိုသိရှိသည်။ ထို့ကြောင့် မြန်မာ ဘုရင်တို့၏ မြို့သူကြီး၊ တိုက်သူကြီး စနစ်ကို ဖျက်သိမ်းခဲ့သည်။ သူကြီး စနစ် ဖြင့် အစားထိုးအုပ်ချုပ်ခဲ့သည်။ အမှန်စင် စစ် သူကြီးမှာ ဗြိတိသျှအလိုတော်ကျ ဖြစ်ပြီး ဗြိတိသျှအစိုးရအတွက် ငြိမ်ဝပ် ပိပြားရေးကို တာဝန်ယူရသူ ဖြစ်သည်။ ဤသည်မှာ သွေးခွဲအုပ်ချုပ်ရေးစနစ်၏ နည်းဗျူဟာဖြစ်သည်။
ပထမ တော်လှန်ရေးကား ၁၉၁ဝ ပြည့်နှစ်တွင်ပေါ်ပေါက်လာသည့် မြင်းမူ နယ်မှ မင်းလောင်းမောင်သန့်၏ ထကြွမှု ကြီးပင်ဖြစ်တော့သည်။ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာဘက်မှ လယ်သမားထုကြီးသည် မောင်သန့်၏ဦးဆောင်မှုဖြင့် ဗြိတိသျှကို တော်လှန်ကြသည်။ ဗြိတိသျှတို့သည် ဤပုန်ကန်မှုကို ထိုခေတ်ကပုလိပ်ဖြင့် နှိမ်နင်း၍မရသဖြင့် စစ်တပ်ဖြင့်နှိမ်နင်း ခဲ့ကြရပေသည်။့ သည်။ ကျေးရွာများတွင် ၂၅ အိမ်၊ ၅ဝဝ အိမ် စသည်ဖြင့် ရွာကြီး ရွာငယ်ခွဲ ထားကာ ကျေးရွာ အချင်းချင်း ပဋိပက္ခ ဖြစ်ရန် သွေးခွဲပေးခဲ့ကြသည်။ သွေးခွဲ၍ အုပ်ချုပ်ခဲ့ကြသည်။ (Divide & Rule Policy) မှာ အင်္ဂလိပ်နယ်ချဲ့တို့၏ထင်ရှား သော ပေါ်လစီပင် ဖြစ်သည်။
၁၈၈၉ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော အထက်မြန်မာနိုင်ငံ ကျေးရွာအုပ်ချုပ်ရေး အက်ဥပဒေနှင့်အောက်မြန်မာနိုင်ငံကျေးရွာ အုပ်ချုပ်ရေးအက်ဥပဒေများသည် လယ် သမားလူတန်းစားကို နှိမ်နင်းခြင်း၏ထင် ရှားသော သာဓကတစ်ရပ်ပင်ဖြစ်သည်။ ၄င်းတို့၏သွေးခွဲစနစ်ကို မသိနားမလည် သော၊ မျက်စိလည်ခဲ့သော မြန်မာလယ် သမားတို့သည် ခေတ္တအားဖြင့် ငြိမ်သက်ခဲ့ ကြသည်။
၁၈၆၉ ခုနှစ်တွင် စူးအက်တူးမြောင်း ဖောက်လုပ်ပြီးနောက် ဥရောပနှင့် အာရှ ရောင်းဝယ်ရေးသည်တိုးတက်လာခဲ့သည်။ ဆန်စပါးရောင်းဝယ်ရေးသည် ပို၍သွက် ခဲ့သည်။ထို့ကြောင့် အောက်မြန်မာနိုင်ငံ တွင် လယ်သမားဦးရေပို၍ တိုးတက်ခဲ့ သည်။ သို့သော် လယ်သမားတို့၏ဘဝ ကား မွဲသည်ထက်မွဲခဲ့သည်။ နောက်ဆုံး တွင် စားစရာဝမ်းစာမရှိ။ ပေးစရာ အခွန် မရှိသည့်ဘဝအထိဖြစ်ခဲ့ကြသည်။ ကြွေး မြီတင်ခြင်း၊ လယ်ယာမြေများလက်လွတ် ၍ မြေရှင်ကြီးစနစ်ပေါ်ပေါက်လာခြင်းနှင့် သီးစားပြဿနာများကြောင့်ပင်ဖြစ်သည်။
၁၈၉၁ ခုနှစ်တွင်ြေ<ွကးတင်သော လယ်သမားတို့၏ ရာခိုင်နှုန်းကိုကြည့် လျှင် ပုသိမ် ၃၈ ရာခိုင်နှုန်း၊ အင်းစိန် ရာခိုင်နှုန်း ၅ဝ၊ ပြည် ၃၃ ရာခိုင်နှုန်း၊ ထားဝယ် ရာခိုင်နှုန်း ၈ဝထိရှိခဲ့လေသည်။ ၁၉၃ဝပြည့်နှစ် ဆရာစံတော်လှန်ရေးဖြစ် သောအချိန်တွင်ကား ဟံသာဝတီ၌ ၉၃ ရာခိုင်နှုန်း၊ ပဲခူး ၉၅ ရာခိုင်နှုန်း၊ ပျဉ်းမနား ၇၁ရာခိုင်နှုန်းအထိတက်လာခဲ့လေသည်။
အြေ<ွကးတင်သဖြင့် စားစရာမရှိ သောဘဝတွင် အြေ<ွကးကြောင့်လယ်ယာ မြေများ အသိမ်းခံရပြန်သည်။ ဗြိတိသျှ အစိုးရကလည်း နယ်ချဲ့စနစ်၏အပေါင်း ပါ အင်္ဂလိပ်၊အိန္ဒိယအရင်းရှင်များကို ဧက သုံးသောင်းကျော်အထိရှိသော ဂရန်ကြီး များကို ထုတ်ပေးခဲ့လေသည်။ ဤသို့ဖြင့် မြန်မာ့လယ်သမားတို့အပေါ်တွင် ဂရန်ပိုင် အင်္ဂလိပ်နှင့် အိန္ဒိယအရင်းရှင် မြေရှင်များ ကလည်း ထင်သလိုခြယ်လှယ်နိုင်ခဲ့ကြ ပေသည်။ ဤသည်တို့မှာ အင်္ဂလိပ်နယ်ချဲ့ လက်အောက် မြန်မာ့လယ်သမားတို့၏ ဘဝတစ်စိတ်တစ်ဒေသပင်၊ လယ်သမား တို့၏ဘဝမှာ ''ငတ်၍ သေခြင်းထက် မတရားလုပ်သော အင်္ဂလိပ်အစိုးရအား တိုက်၍သေခြင်းက ပို၍မြတ်သည်''ဟူ ၍ ဆုံးဖြတ်ချက်ချရမည့် အခြေအနေပင် ဖြစ်တော့သည်။ ထို့ကြောင့်လယ်သမား တို့သည် တော်လှန်ရေးများကိုဆင်နွှဲလာခဲ့ ကြသည်။
ပထမ တော်လှန်ရေးကား ၁၉၁ဝ ပြည့်နှစ်တွင်ပေါ်ပေါက်လာသည့် မြင်းမူ နယ်မှ မင်းလောင်းမောင်သန့်၏ ထြ<ွကမှု ကြီးပင်ဖြစ်တော့သည်။ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာဘက်မှ လယ်သမားထုကြီးသည် မောင်သန့်၏ဦးဆောင်မှုဖြင့် ဗြိတိသျှကို တော်လှန်ကြသည်။ ဗြိတိသျှတို့သည် ဤပုန်ကန်မှုကို ထိုခေတ်ကပုလိပ်ဖြင့် နှိမ်နင်း၍မရသဖြင့် စစ်တပ်ဖြင့်နှိမ်နင်း ခဲ့ကြရပေသည်။
၁၉၂၇ ခုနှစ်တွင် တောပုန်းကြီးစံဖဲ ပုန်ကန်မှု၊ ၁၉၂၈ခုနှစ်တွင် ရွှေဘိုနယ်၌ ရသေ့တစ်ပါးဖြစ်သော ဗန္ဓကဦးဆောင် သော လယ်သမားတော်လှန်မှုများသည် ဆက်တိုက်ပေါ်ပေါက်ခဲ့လေသည်။ ဤ တော်လှန်မှုများမှာ အထက်မြန်မာနိုင်ငံ လယ်သမားတို့၏တော်လှန်မှုကြီးများပင် ဖြစ်တော့သည်။
၁၉၃ဝ ပြည့်နှစ်တွင်ကား လယ် သမားလူတန်းစားတစ်ရပ်လုံးပါဝင်သည့် ဆရာစံတော်လှန်ရေးကြီးပေါ်လာတော့ သည်။ဤအရေးတော်ပုံကြီးသည် မြန်မာ့ လယ်သမားတော်လှန်ရေးများတွင် အကြီး မားဆုံး၊ အစည်းရုံးဆုံးဖြစ်ခဲ့၍ မြန်မာ့ လွတ်လပ်ရေးသမိုင်းတွင်လည်း အထူး အရေးပါခဲ့သည်။ အဘယ်ကြောင့်နည်း။
နယ်ချဲ့အရင်းရှင်စနစ်၊ မြေရှင်စနစ် တည်းဟူသော အကြောင်းတရားကြောင့် လယ်သမား အြုံ<ွကမှုများ ပေါ်လာသလို လယ်သမားတော်လှန်ရေး ဟူသည့် အကြောင်းတရားတို့ကြောင့်လည်း မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲများသည် အကျိုး ဆက်များအဖြစ်ပေါ်ပေါက်လာခဲ့သည်။ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်၊ ၁၉၃၈ခုနှစ် ကျောင်းသားသပိတ်တို့ပေါ် ပေါက်လာခဲ့သည်။ ၁၃ဝဝပြည့်အရေး တော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။ တို့ဗမာအစည်းအရုံးကြီးပေါ်ပေါက်ခဲ့ သည်။ ''မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်ရလိမ့်မည်''ဟုြေ<ွကးကြော်ကြသည်။ ဒိုင်အာခီအုပ်ချုပ် ရေးစနစ်၊ ဟုမ္မရူးအုပ်ချုပ်ရေးစနစ်ကို စိတ်ဝင်စားနေခဲ့ကြရာမှ လုံးဝလွတ်လပ် ရေးကို တောင်းဆိုလာခဲ့ကြသည်။ လယ်
သို့သော် လယ်သမားတို့၏ ငြိမ်သက်ခြင်းကား မုန်တိုင်းပြင်းထန်ခါနီး ဘာရိုမီတာကျသွားခြင်းနှင့်တူတော့သည်။
အရင်းရှင်စနစ်ကြောင့် ဆိုရှယ်လစ် စနစ်ပေါ်ပေါက်လာသလိုပင် ဗြိတိသျှ တို့၏နယ်ချဲ့စီးပွားရေးစနစ်ကြောင့်ပင် လယ်သမားတို့၏နယ်ချဲ့တော်လှန်ရေး များသည်လည်း ပေါ်ပေါက်ခဲ့ရပေသည်။
သမားတို့၏ လှုပ်ရှားမှုများသည် အိန္ဒိယ နှင့် ဗြိတိန်ပါလီမန်တို့အထိ ဂယက်ရိုက် ခဲ့ကြပေသည်။
လယ်သမားများ၏ တော်လှန်ရေး များ ရှုံးနိမ့်ခဲ့ရခြင်းက မြန်မာလူထုအား ကြီးမားသောသင်ခန်းစာတစ်ခုကို ပေးခဲ့ သည်။ မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေး အတွက် လူတန်းစားတစ်ရပ်တည်းက နယ်ချဲ့ကိုတော်လှန်၍မရဘဲ လူတန်းစား အားလုံးက စည်းလုံးညီညွတ်စွာတော်လှန် မှသာ လုံးဝလွတ်လပ်ရေးရရှိခဲ့သည့် အောင်မြင်မှုကိုရရှိခဲ့ကြောင်း သင်ခန်းစာ ကြီးတစ်ခုရရှိခြင်းပင် ဖြစ်တော့သည်။