images
UN
UN
ထားဝယ်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းများဖွင့်
ကျော်ကျော်လတ်(ထားဝယ်) Friday, 01 March 2019
အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အားကစားသင်တန်းများ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်၈နာရီ က တနင်္သာရီတိုင်းဒေသကြီး ထား ဝယ်မြို့တိုင်းဒေသကြီးမိုးလုံလေလုံ အားကစားခန်းမ၌ကျင်းပသည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင် သာယာရေးဝန်ကြီးက အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် စစ်ရေးပြမှူးက ဦးဆောင်၍ သင်တန်းသားများက အားကစားသစ္စာအဓိဋ္ဌာန်လေးချက် ရွတ်ဆိုပြီး ကွင်းအတွင်းမှပြန်လည် ထွက်ခွာသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင် သာယာရေးဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစား ဝါသနာရှင်များကို အားကစားအဖွဲ့ များမှ မြန်မာ့သိုင်း၊ ဂျူဒို၊ ဝူရှူး၊ လက်ဝှေ့၊ Physical Fitness Dance များဖြင့်သရုပ်ပြဖျော်ဖြေ ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးကသရုပ်ပြဖျော်ဖြေခဲ့ကြသည့် အားကစားအဖွဲ့ခေါင်းဆောင် များအား ဂုဏ်ပြုဆုချီးမြှင့်သည်။
နွေရာသီအားကစားသင်တန်း တွင် အားကစားနည်း ၁၅မျိုးကို အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ ကောလိပ်နှင့် တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၃၂၄ ဦးကို ယခုလ ၂၁ ရက်ထိ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။