images
UN
UN
သုံးစွဲသူများ၏အခွင့်အရေးကို ပိုမိုအလေးပေးရန် ဆိုရှယ်မီဒီယာများ ဦးစားပေးလာ
Sunday, 03 March 2019


လက်ရှိအချိန်၌ သုံးစွဲသူအများဆုံး ဆိုရှယ်မီဒီယာများအဖြစ် ရပ်တည် လျက်ရှိသော Facebook နှင့် Twitter ကဲ့သို့ ဆိုရှယ်မီဒီယာများသည် သုံးစွဲသူများ၏ အခွင့်အရေးကို ပိုမိုအလေးပေးရန် ဦးစားပေးလာကြောင်း ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြသည်။
ဆိုရှယ်မီဒီယာများ၏ အခန်းကဏ္ဍမြင့်တက်လာခဲ့ပြီးနောက်တွင် မလိုလားအပ်သည့်ဆိုးကျိုးများ တိုးပွားလာခဲ့ခြင်းကြောင့် လူသုံးများ သည့် ဆိုရှယ်မီဒီယာများသည် သုံးစွဲသူများ၏ အခွင့်အရေးကို ပိုမို အလေးပေးရန် ဦးစားပေးလာခြင်းဖြစ်သည်။Facebook သည် ပြီးခဲ့ သည့် ရက်သတ္တပတ်များအတွင်း၌ အခမဲ့သုံးစွဲရန် ထုတ်ဝေထားသော Messenger တွင် ပေးပို့ထားသော မက်ဆေ့ခ်ျများအား သတ်မှတ်ချိန် အတွင်း ဖျက်ပစ်ခြင်းလုပ်နိုင်မည့် လုပ်ဆောင်ချက်အား စတင်အသုံးပြု ခွင့်ပေးသည့်အပြင် အသုံးပြုသူများ၏ မှတ်တမ်းများကို အပြီးသတ် ဖျက်ပစ်နိုင်မည့်လုပ်ဆောင်ချက်ကိုလည်း အသုံးပြုခွင့်ပေးမည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။ Twitter ကလည်း အသုံးပြုသူများက နှစ်ခြိုက်မှုမရှိ သော တုံ့ပြန်မှုများနှင့် ထင်မြင်ချက်ရေးသားမှုများကို ဖယ်ရှားနိုင်မည့် လုပ်ဆောင်ချက်အား စတင်အသုံးပြုခွင့်ပေးခဲ့သည်။
NG(Ref; Dailymail)