images
UN
UN
ပြည်သူကိုလမ်းပေါ်ဆွဲတင်ပြီး အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေစလုပ်လာတာဟာ ရိုးသားတဲ့လုပ်ရပ်မဟုတ်ဘူးလို့ ပြောချင်တယ်
Sunday, 03 March 2019
သတင်းအဖွဲ့
(ယမန်နေ့မှအဆက်)
=============================================
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လတ်တလောဖြစ်ပေါ်နေမှုများနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှတာဝန်ရှိ သူများနှင့် ပြောရေးဆိုခွင့်ရှိသူများ၏ ပြောကြားချက်များကို ဖော်ပြလိုက်ပါတယ်။
============================================
အဲဒါမှ နိုင်ငံသားတွေပါဝင်မှ ပြင်နိုင်မယ့် ကိစ္စဖြစ်တာမို့ ကြိုတင်ညှိနှိုင်းဆွေးနွေး မှုမရှိဘဲနဲ့ ရုတ်တရက်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့အတွက်ကို အရေးကြီး အဆို ကောက်တင်ပြီးတော့မှ ဥပဒေနဲ့ မညီတဲ့ကော်မတီတစ်ရပ်ကိုဖွဲ့စည်းဆောင် ရွက်တဲ့ကိစ္စကို ကျွန်တော်တို့ကကန့်ကွက် တာဖြစ်တယ်။ ဒါသည် သဘောရိုးဟုတ် ရဲ့လား။ ကျွန်တော်တို့က မေးခွန်းထုတ်ရ မလိုဖြစ်နေပြီ။တစ်ချိန်တည်းမှာပဲဖွဲ့စည်းပုံ အခြေခံဥပဒေမပြင်ဘူးလို့ ဘယ်သူမှ မပြောဘဲနဲ့ပြင်ဆင်ဖို့ ကမ်ပိန်းတွေလုပ် လာတယ်။ စတစ်ကာကမ်ပိန်းတွေလုပ် လာတယ်။ လူထုဟောပြောပွဲတွေလုပ် လာတယ်။ ပြည်သူကို လမ်းပေါ်ဆွဲတင်ဖို့ ကြိုးစားတာ။ ဒီကနေ့ ပြည်သူတွေက တရားဥပဒေစိုးမိုးရေး။ ဟိုတစ်နေ့ကပဲ တောင်ငူမှာ လမ်းလယ်ကောင် လူသတ်မှု ဖြစ်တယ်။ စိန်ခေါ်ခံနေရတဲ့တရားဥပဒေ စိုးမိုးရေး။ စိန်ခေါ်ခံနေရတဲ့ ကျွန်တော်တို့ ရဲ့အမျိုးသားရေးစရိုက်လက္ခဏာတွေ ကျ ဆင်းနေတဲ့ ဒီကနေ့ပြည်သူလူထုရဲ့ စီးပွား ရေး။ ကျွန်တော်တို့ စီးပွားရေးကျဆင်း နေလား၊ အောင်မြင်နေလား သိချင်ရင် အိမ်ရှင်မတစ်ဦးချင်းစီကိုမေးကြည့်။ သူ တို့ရဲ့ အခြေခံစားကုန်တွေရဲ့တန်ဖိုးတက် လာလား၊ ကျလာလား မေးလိုက်။ သူတို့ အိမ်ထောင်စုတွေရဲ့ ဝင်ငွေတွေ တက်လာ လား။ ကျလာလားလို့မေးလိုက်ရင် အဖြေ ကရှင်းရှင်းလေးထွက်တယ်။ ဘာမှ ကိန်း ဂဏန်းတွေ ကြီးကြီးကျယ်ကျယ်ပြောနေ စရာအကြောင်းမရှိဘူး။ ဒီဟာတွေကို ပြည်သူလူထုရဲ့လိုအပ်ချက်တွေကို ဘယ် လိုကာကွယ်မလဲလို့ စဉ်းစားနေရမယ့် အချိန်မှာ ပြည်သူကိုလမ်းပေါ်ဆွဲတင်ပြီး အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ခေါင်းစဉ် နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ စလုပ်လာတာ ဟာရိုးသားတဲ့လုပ်ရပ်မဟုတ်ဘူးလို့ ကျွန် တော်တို့ကပြောချင်တယ်။ ဒီကနေ့ ပြည် သူလူထုထဲမှာထင်ယောင်ထင်မှားနဲ့ တပ် မတော်နဲ့ပြည်ခိုင်ဖြိုးက အခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်လန့်တိုက်နေတဲ့ပုံစံ မျိုးနဲ့ တချို့တာဝန်ရှိပုဂ္ဂိုလ်တွေကိုယ်တိုင် က စကားလုံးတွေကို မဆင်မခြင်နဲ့စွပ်စွဲ ပြောဆိုလာတာတွေ တွေ့ရတယ်။ နိုင်ငံ ရေးမှာ ရိုးသားဖို့လိုတယ်။ မိမိနိုင်ငံနဲ့ နိုင်ငံသားတွေအပေါ်မှာရိုးသားဖို့လိုတယ်။ မိမိပါတီအောင်နိုင်ရေးအတွက် နိုင်ငံရေး ကစားကွက်ဖော်တာ အောက်တန်းကျတဲ့ နိုင်ငံရေးလို့ ကျွန်တော်ကပြောချင်တယ်။ နိုင်ငံသားတွေအပေါ်မှာ သစ္စာရှိဖို့လို တယ်။ ရိုးသားတဲ့နိုင်ငံရေး Smart Politic ကိုသွားဖို့လိုတယ်။ အဲဒါမှ ကျွန်တော် တို့တိုင်းပြည် တိုးတက်မယ်။ စည်းလုံး ညီညွတ်မယ်။ စည်းလုံးညီညွတ်မှ တိုင်း ပြည်ကို တည်ငြိမ်အောင်၊ အေးချမ်း အောင်၊ ဖွံ့ဖြိုးအောင်၊ တိုးတက်အောင် လုပ်လို့ရမှာဖြစ်ပါတယ်။ နိုင်ငံရေးသမား တွေ ကျွန်တော်တို့တွေ သဘောထားတွေ ကြီးကြဖို့၊ စည်းလုံးညီညွတ်ကြဖို့၊ ရိုးသား ကြဖို့၊ နိုင်ငံတော်နဲ့ နိုင်ငံသားအပေါ်မှာ သစ္စာရှိကြဖို့လိုပါတယ်။ မိမိပါတီ အောင် နိုင်ရေးတစ်ခုတည်းအတွက်နဲ့တော့ နိုင်ငံ ကို ချမနင်းသင့်ဘူး။ ပြည်သူကို မှိုင်း မတိုက်သင့်ဘူး။ လမ်းမပေါ်ကို ဆွဲမတင် သင့်ဘူး။ ကျွန်တော်ဒီလိုပဲပြောချင်တယ်။ ဒါကြောင့်ပြန်ချုပ်ရလို့ရှိရင် ဒီနေ့အခြေခံ ဥပဒေပြင်ဆင်ရေးကို ဥပဒေနဲ့အညီ ပြင် လို့ရတယ်ဆိုပြီးတော့မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ပုဒ်မ-၂၆၁ကို ရာခိုင်နှုန်း ၂ဝ သော လွှတ်တော်ကိုယ် စားလှယ်များက လက်မှတ်ထိုးပြီးတော့ ဥပဒေမူကြမ်းအဖြစ် ပြည်ထောင်စုလွှတ် တော်ကြီးကိုတင်ပြထားပြီးဖြစ်ပါတယ်။ အားလုံးစိတ်တူကိုယ်တူ သဘောညီမယ် ဆိုရင် တိုင်းရင်းသားတွေရမယ့် အခွင့် အရေးတစ်ခု၊ သက်ဆိုင်ရာနယ်မြေ၊ တိုင်း နဲ့ ပြည်နယ်လွှတ်တော်တွေကနေ ဝန်ကြီး ချုပ်နဲ့အစိုးရအဖွဲ့ကို ဖွဲ့လို့ရမယ့်အနေ အထားတစ်ခုကို ဆောင်ရွက်လို့ရမှာဖြစ် တယ်။ နောက်ထပ် ကျွန်တော်တို့ နိုင်ငံ တော်နဲ့ နိုင်ငံသားအကျိုးအတွက် ပြင်သင့် ပြင်ဆင်ထိုက်တဲ့ဥပဒေပုဒ်မတွေကိုလည်း ပြင်ဆင်သွားဖို့၊ ဥပဒေနဲ့အညီဆက်လက် ပြီးတော့ တင်ပြသွားဖို့ ဆောင်ရွက်နေပါ တယ်ဆိုတဲ့အခါကျတော့ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လုံးဝလက်ခံသဘောတူ ပါတယ်။ ပြင်ဆင်သင့်ပြင်ဆင်ထိုက်တဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်သင့်၊ ပြင်ဆင် ထိုက်တဲ့အချိန်တွေမှာ နိုင်ငံတော်နဲ့ နိုင်ငံ သားရဲ့အမျိုးသားအကျိုးစီးပွားအတွက် ဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွား မယ်ဆိုတာ ရှင်းလင်းတင်ပြလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။