images
UN
UN
ပြည်သူလူထုဆန္ဒမဲဖြင့် အတည်ပြုပြဋ္ဌာန်း ခဲ့သော အခြေခံဥပဒေ(၂ဝဝ၈) ပြည်သူ့ ဆန္ဒမဲဖြင့် ၄၃၆ အတိုင်း ဖြစ်နိုင်မည်ဆိုလျှင် ကပ္ပိယံကရောဟိပါပဲ
တက္ကသိုလ်မြတ်သူ Sunday, 03 March 2019
လောကတွင် ဖြစ်အောင်တည်ရသည် မှာ ခက်ခဲလှပြီး၊ တည်ဆောက်ပြီး ဖြစ် မြောက်လာသည်ကို ဖျက်ပစ်ရသည်မှာ အလွန်လွယ်ပါသည်။ အထူးသဖြင့် ဖြစ် မြောက်အောင် မတည်တတ်ဘဲ သူများ တည်ဆောက်ထားသည်ကို ဖျက်တတ်သော အဖျက်သမားများက ကျွမ်းကျင်လွယ်ကူ စွာ ဖျက်နိုင်ပါသည်။ အထပ်မြင့်တိုက်ကြီး တစ်လုံးဖြစ်အောင် အောက်ခြေ(ဖောင်ဒေး ရှင်း) အုတ်မြစ်ခိုင်ခိုင်ချပြီး အခြေတည်ရ သည်ကအစ အချိန်ကြာကြာလုပ်ရပါသည်။ ထိုမှဆက်၍ တစ်ထပ်ပြီးတစ်ထပ် ဆောက် ရသည်မှာလည်း စက်အား၊ လူအားများစွာ အသုံးပြုရပါသည်။ ထိုသို့အထပ်မြင့်တိုက် မြင့်ကြီးများကို ကျွမ်းကျင်စွာ မိုင်းများနေရာ တကျတပ်ဆင်ဖောက်ခွဲလျှင် ထိုတိုက်ကြီး သည် စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း မြေကြီး ပေါ်ပုံကျသွားသည်ကို ရုပ်ရှင်များ၊ ရုပ်မြင် သံကြားသတင်းများ၌ မြင်တွေ့ရပါသည်။
နိုင်ငံတစ်နိုင်ငံကို နယ်ချဲ့သမားတို့လက် အောက် ကျွန်သပေါက်ဘဝရောက်သွားချိန် တွင် သူ့ကျွန်ဘဝမှ လွတ်မြောက်ကာ လွတ် လပ်ရေးပြန်ရအောင် နှစ်ပေါင်း လေးငါး ခြောက်ဆယ် စွန့်လွှတ်စွန့်စားကြိုးပမ်းရ သော်လည်း ရရှိပြီးသား လွတ်လပ်ရေးပြန် လည်ဆုံးရှုံးအောင် အဖျက်သမားတို့ ကြိုး စားလျှင် အချိန်တိုတိုနှင့် နိုင်ငံပြိုကွဲကာ ကျွန် ပြန်ဖြစ်လွယ်ပေသည်။ ထို့ကြောင့် ရရှိပြီး လွတ်လပ်ရေးပြန်လည်ဆုံးရှုံးမသွားစေရန် နိုင်ငံသားအားလုံး ကြိုးပမ်းကာကွယ်စောင့် ရှောက်နေကြရပေမည်။ နိုင်ငံတွင်း၌ အမျိုး သားသစ္စာဖောက်၊ နယ်ချဲ့ဒလံ၊ မရိုးမ ဖြောင့်၊ မျိုးမစောင့်သူ အဖျက်သမားများ သည် နိုင်ငံဖျက်ရာ၌ ကျွမ်းကျင်ကြ၊ လက် ယဉ်ကြ၊ လက်လျင်ကြပေသည်။ ထိုသူများ ကို အထူးသတိထားစောင့်ကြည့်ဟန့်တားနေ ကြခြင်းဖြစ်ပေသည်။
နိုင်ငံများသည် မူလကပင် အစဉ်တစိုက် လွတ်လပ်နေသော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်နေလျှင်ဖြစ်စေ၊နယ်ချဲ့လက်အောက် ကျရောက် ကျွန်ဖြစ်၊ ကိုလိုနီ နွံနစ်နေရာမှ လွတ်လပ်ရေးပြန်ရအောင်ယူနိုင်ပြီးလျှင် ဖြစ်စေ၊လွတ်လပ်ရေးအရသာကို သိရှိတန်ဖိုး ထားနိုင်ကြပေသည်။ လွတ်လပ်သည်ဆို သည်နှင့်အကြင်နိုင်ငံသည် တိုင်းတစ်ပါး သား၊ နယ်ချဲ့သမားများ၏ ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှု၊ညှင်းပန်းနှိပ်စက်ကာ အမျိုးသား ရေးဦးစွန်းချိုးနှိမ်မှု၊ နိုင်ငံတွင်းရှိ သယံ ဇာတဓနဥစ္စာများကို နယ်ချဲ့တို့ဓားပြတိုက် လုယူသယ်ထုတ်သွားမှုတို့ ဒဏ်မှကင်းဝေး သွားပေမည်။ မိမိနိုင်ငံသားများ လွတ်လပ်၍ အချုပ်အခြာအာဏာကို ပိုင်ဆိုင်နိုင်သဖြင့် မိမိတို့ ပြည်သူများနှင့် နိုင်ငံကောင်းကျိုးချမ်း သာကို လွတ်လပ်စွာဖော်ဆောင် အကောင် အထည်ဖော်နိုင်ပေသည်။
လွတ်လပ်၍ အချုပ်အခြာအာဏာကို ယင်းနိုင်ငံမှ နိုင်ငံသားများပိုင်ဆိုင်နိုင်ပြီဆို လျှင် နိုင်ငံနှင့် ပြည်သူတို့ကောင်းစားရေး၊ ငြိမ်းချမ်းသာယာဝပြောရေး၊ လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ပေမည်။ ကိုယ့် မင်းကိုယ့်ချင်း ကိုယ့်လူမျိုးအစိုးရကောင်း အဖွဲ့ကို ယင်းပြည်သူများက ဖွဲ့စည်းပေး နိုင်သည်။ ထို့ကြောင့် ကိုယ့်နိုင်ငံ၊ ကိုယ့်မြေ၊ ကိုယ့်ယာ၊ ကိုယ့်သယံဇာတ၊ ထွက်ကုန် ပစ္စည်း၊ စိုက်ပျိုးသီးနှံများကို ကိုယ့်ပြည်သူ တစ်ရပ်လုံး မျှဝေခံစားနိုင်ရန် တာဝန်ယူ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ပြည်သူ့ ကိုယ်စားလှယ် (အမတ်)ကောင်းများ၊ အစိုးရကောင်းများကို ဆန္ဒမဲဖြင့် ရွေးချယ် တင်မြှောက်တာဝန်ပေးကြရသည်။ ထိုသို့ လူထုက မဲပေးရွေးကောက်တာဝန်ပေးခံရ သူတို့သည် ထင်ရာစိုင်း ကိုယ်ကျိုးရှာ၊ ကိုယ့် မြို့ကိုယ့်ပြည် ကိုယ့်ရွာကို သစ္စာမဖောက် နိုင်ရန် ပြည်သူ့ကိုယ်စားလှယ်များ ဒီလို လုပ်၊ ဟိုလိုမလုပ်နဲ့၊ ဒီလိုဥပဒေကောင်းများ ကို ဒီပုံစံဖြင့် ပြုစုပြဋ္ဌာန်း၊ နိုင်ငံကောင်း အောင်အစိုးရက ထိုသို့လုပ်၊ ဤသို့မလုပ်ရ ဟု စည်းမျဉ်းစည်းကမ်းများချပေးရသည်။ ထိုအချုပ်အခြာအာဏာကျင့်သုံးရေး၊ နိုင်ငံ တော်ကို ပြည်သူများကြိုက်သည့်ပုံစံဖြင့် တည်ဆောက်ပေးရေးစသည့် စည်းမျဉ်း စည်းကမ်းများကို အစဉ်အတိုင်း (ပုဒ်ထီး၊ ပုဒ်မ)တပ်၍ ရေးသားထားသည်ကို နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေဟု ခေါ်တွင် ပေသည်။ (State Constitution)
အခြေခံဥပဒေဟူသည် နိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးနေသော ဥပဒေအားလုံး၏ အခြေခံဥပဒေ (Basic Law) ပင်ဖြစ်သည်။ တည်ဆဲဥပဒေအားလုံး၏ ခေါင်ချုပ် (အမြင့် ဆုံး)ဥပဒေတော်ကြီးဟုလည်း ဆိုနိုင်ပေ သည်။ ကိုယ်ပိုင်နယ်နိမိတ်၊ ကိုယ့်နိုင်ငံသား ပြည်သူလူထု ကိုယ့်လူမျိုး အစိုးရအဖွဲ့၊ အချုပ်အခြာတည်းဟူသော ကိုယ်ပိုင်လွတ် လပ်ခွင့်အာဏာရပ်ကြီး တည်ရှိသောနိုင်ငံ တိုင်းသည် အခြားကမ္ဘာ့နိုင်ငံများနှင့် တန်း တူရည်တူ ရပ်တည်နိုင်သော နိုင်ငံဖြစ်လာ ပေသည်။ ဤသို့သော နိုင်ငံ အင်္ဂါရပ်ပြည့် စုံ၊ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် သော နိုင်ငံတိုင်းသည် (ပဒေသရာဇ် ဘုရင့် နိုင်ငံမျိုးလည်း မဟုတ်လျှင်) အချုပ်အခြာ အာဏာဆိုင်ရာ အခြေခံဥပဒေရှိစမြဲဖြစ် သည်။
လူလည်ကျသော ပဒေသရာဇ်နိုင်ငံ အချို့ကလည်း ဘုရင်စနစ်နှင့် အရပ်သား (ရွေးကောက်ခံ)အစိုးရ ပူးတွဲအုပ်စိုးခြင်းမျိုး ကို စည်းမျဉ်းခံဘုရင်စနစ် (Constitutio-nal monarchy) ဟု ဒီမိုကရေစီကပြားပုံစံ ကို ဂုဏ်တင်နာမည်မှည့်သည်။ UK ခေါ် ဗြိတိသျှဘုရင့်နိုင်ငံတော်သည် စည်းမျဉ်းခံ ဘုရင်စနစ်ဖြစ်သည်။ အခြေခံဥပဒေတစ်ခု ပီပီပြင်ပြင် ပုဒ်မစဉ်တပ်ပြီး ရေးဆွဲမထား။ ဝန်ကြီးအဖွဲ့ဥပဒေ၊ ပါလီမန်ဥပဒေ၊ ထီးနန်း ဆက်ခံရေးဥပဒေ စသည့်အုပ်ချုပ်ရေးဥပဒေ ပြုရေးဥပဒေများကို စုပေါင်းကာ အခြေခံ ဥပဒေတစ်ခုအဖြစ် မှတ်ယူသုံးစွဲသည်။ ကမ္ဘာပေါ်တွင် နိုင်ငံအဖုံဖုံ၊ ဝါဒအစုံစုံ၊ ကိုးကွယ်ရေးဘာသာအဖြာဖြာ၊ လူမျိုး အသွယ်သွယ် ကွဲပြားခြားနားသကဲ့သို့ နိုင်ငံတည်ဆောက်ပုံချင်း မတူညီ၊ နိုင်ငံရေး မူဝါဒချင်းကွဲပြားသဖြင့် အခြေခံဥပဒေ ချင်းလည်း တစ်ထပ်တည်းမကျချေ။
မြန်မာနိုင်ငံတွင်ကား အခြေခံဥပဒေ ပီပီ ပြင်ပြင် ရေးဆွဲကျင့်သုံးခြင်း သုံးမျိုးရှိခဲ့ သည်။(၁)၁၉၄၇ခုနှစ် ပါလီမန်ဒီမိုကရေစီ စနစ်၊ ဖဆပလအစိုးရ၏ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂) ၁၉၇၄ခုနှစ် ဆိုရှယ်လစ်ဒီမိုကရေစီစနစ်၊ တော်လှန်ရေးကောင်စီနှင့် လမ်းစဉ်ပါတီ အစိုးရတို့၏ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် (၃)၂ဝဝ၈ခုနှစ် ပါတီစုံဒီမိုကရေစီစနစ် အရပ် သားရွေးကောက်ခံအစိုးရများ၊ ပထမငါးနှစ် ပြည်ခိုင်ဖြိုးပါတီအစိုးရနှင့် ဒုတိယငါးနှစ် NLD အစိုးရတို့ဖြစ်သည်။
(၁) ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးစီး ပြီး လွတ်လပ်ရေးခါတော်မှီရေးကြီး သုတ်ပျာ ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်အဖွဲ့ဝင် ၁၂၁ဦးက ရေးဆွဲ ကာ အမတ်ဦးရေ ၂၅၅ဦးပါ တိုင်း ပြည်ပြုလွှတ်တော်က ၁၉၄၇ခုနှစ် စက်တင်ဘာလ ၂၄ရက်တွင် အမတ် အများစုမဲဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ သည်။ (လူထုဆန္ဒခံယူပွဲ မပြုလုပ် ခဲ့ပေ) ယင်းအခြေခံဥပဒေသည် အင်္ဂလန်မှဗြိတိသျှပါလီမန်ဒီမိုကရေစီ စနစ်ကို အခြေပြုကာ အိန္ဒိယမှဥပဒေ ပညာရှင်တို့ အကြံÓဏ်အကူအညီ ရယူရေးဆွဲခဲ့သည်။ ယင်းအခြေခံ ဥပဒေတွင် ဗိုလ်ချုပ်က မထည့်ရန် တားသည့်ကြားမှ ပြည်နယ်များခွဲ ထွက်ခွင့်မူများကို ဗိုလ်ချုပ်လုပ်ကြံ ခံရပြီး နောက်ရက်တွင် စဝ်ရွှေသိုက် တို့က အတင်းထည့်သွင်း ပြဋ္ဌာန်းခဲ့ ခြင်း၊ ဗိုလ်ချုပ်ရည်မှန်းသော ဆိုရှယ် လစ်နိုင်ငံ တည်ဆောက်ရေးအတွက် ပီပီပြင်ပြင် ထည့်သွင်းရေးဆွဲခြင်း မလုပ်ခဲ့၍ ၁၉၆၂ခုနှစ် မတ်လ ၂ရက် ၌ ပြည်ထောင်စုကြီးရှစ်စိတ်ကွဲ၊ ရှစ် နိုင်ငံခွဲထောင်ကြမည့် အကြံဆိုးကို တားဆီးရန် တပ်မတော်က နိုင်ငံ တာဝန် ဝင်ယူခဲ့ရသည်။ ထို ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖယ် ရှားခဲ့ရသည်။
(၂) တော်လှန်ရေးကောင်စီက ဖက်ဒရယ် စစ်စစ်မူဟု နာမည်ခံထားသည့် စော် ဘွားများနှင့် ပြည်ပပယောဂတို့ ပူး ပေါင်းဖန်တီးသည့် ခွဲထွက်ရေး၊ ကွဲ အက်ရေးလှုပ်ရှားမှုကြောင့် နိုင်ငံ တော်၌ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိ သည်ကတစ်ကြောင်း၊ ဗိုလ်ချုပ်တို့ သန္နိဋ္ဌာန်ချခဲ့သည့် ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရေးမူများ မပါသော ၁၉၄၇ခုနှစ် အခြေခံဥပဒေ၏ ဟာ ကွက်၊ ပျော့ကွက်များနှင့်မတူ၊ ဆို ရှယ်လစ်မူများကို အခြေခံသော နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် ၄-၃-၁၉၆၂မှစ၍ တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း က တည်မြဲဖဆပလ၊ သန့်ရှင်းဖဆ ပလနှင့် ပမညတ (လက်ဝဲအတိုက် အခံ)အဖွဲ့တို့ကို ဖိတ်ခေါ်တွေ့ဆုံကာ နိုင်ငံအာဏာကို မူလပိုင်ရှင်ပြည်သူ့ လက် ပြန်အပ်ရေးတွင် ဆိုရှယ်လစ် အခြေခံဥပဒေသစ်ရေးဆွဲမည်။ ပါတီ များက ပူးပေါင်းကူညီပါဝင်ကြရန် ဆွေးနွေးသည်။ ၃၃ဦး အကြံပေး ကော်မတီဖွဲ့ကာ အကြံဥာဏ်တောင်း သည်။ ၁၉၆၇ခုနှစ် ရန်ကုန်ကျိုက္ကဆံ ကွင်း တောင်သူလယ်သမားနှီးနှော ဖလှယ်ပွဲ၊ ၁၉၆၉ခုနှစ် လမ်းစဉ်ပါတီ စတုတ္ထအကြိမ် နှီးနှောဖလှယ်ပွဲတို့၌ နိုင်ငံအာဏာကို မူလပိုင်ရှင်ပြည်သူ့ လက် ပြန်အပ်ရေးနှင့် အခြေခံဥပဒေ ပေါ်ထွန်းရေးကို ဗိုလ်ချုပ်ကြီးနေဝင်း က အတိအလင်းပြောသည်။
၁၉၇၁ခုနှစ်လမ်းစဉ်ပါတီပထမညီလာခံ တွင်ပါတီဥက္ကဋ္ဌဦးနေဝင်းက အခြေခံဥပဒေ ရေးဆွဲရေးအတွက် ဦးစန်းယု ခေါင်းဆောင် သော ၉၆ဦးပါ အခြေခံဥပဒေမူကြမ်းရေး ဆွဲရေးကော်မရှင် ဖွဲ့စည်းပေးသည်။ ယင်း အခြေခံဥပဒေသစ်တွင် ဆိုရှယ်လစ်စီးပွား ရေးစနစ်အခြေခံမူ၊ ဆိုရှယ်လစ်ဒီမိုကရေစီ ပုံစံချမှတ်ရေး အခြေခံမူ၊ လမ်းစဉ်ပါတီက ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်မည့်မူများချမှတ်ပေးသည်။ဦးစန်းယု ဦးဆောင်သော ကော်မရှင်က အဖွဲ့ခွဲ ၁၅ဖွဲ့ ခွဲဖွဲ့ကာ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်စုံ သွားရောက်ပြီး ဒေသခံပြည်သူများအား အခြေခံဥပဒေသစ်ရေးဆွဲရာ၌ ပါဝင်မည့်သူ များအကြံပေးရန်ပြန်ကြားသည်။ ပြည်သူတို့ ထံမှ အကြံပြုစာ တစ်သိန်းကျော် ရရှိသည်။
ဤသို့ဖြင့် အခြေခံဥပဒေမူကြမ်း ရေးဆွဲ သည်။ ပါတီဗဟိုသို့ တင်ပြအတည်ပြုချက် ယူကာ ကျေးရွာ၊ ရပ်ကွက်အထိ အောက် ခြေဆင်း၍ အခြေခံဥပဒေ ပထမမူကြမ်းကို ရှင်းလင်းချပြသည်။
အကြံဥာဏ်များ ထပ်မံ တောင်းခံကာ ဒုတိယမူကြမ်းရေးဆွဲ၊ ပါတီ သို့တင်ပြပြီး အောက်ခြေသို့ ဒုတိယမူကြမ်း ရှင်းလင်းချပြကာ အကြံÓဏ်ထပ်တောင်း သည်။ ထို့နောက် တတိယမူကြမ်းရေးဆွဲ သည်။ ၁၉၇၃ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့မှ ၃၁ရက်နေ့အထိ ပြည်လုံးကျွတ်ဆန္ဒခံယူ သည်။ မဲပေးခွင့်ရှိသူ အားလုံး၏ ၉ဝ ဒသမ ၁၉ရာခိုင်နှုန်းသော ဆန္ဒမဲများက ထောက်ခံ အတည်ပြုပေးခဲ့သည်။ ဆိုရှယ်လစ်တည် ဆောက်ရေးကာလ ပြည်သူအများစုက လည်း တက်ကြွစွာပါဝင်မဲပေးထောက်ခံ ခဲ့ကြသည်။ လွှတ်တော်အမတ်များက အတည်ပြုခြင်းမဟုတ်ဘဲ၊ ပြည်သူလူထုကြီး (အချုပ်အခြာမူလပိုင်ရှင်) ၉ဝ ဒသမ ၁၉က ထောက်ခံသဖြင့် လူထု အခြေခံဥပဒေဟု ဆိုရပေမည်။ ရှစ်လေးလုံး ဆူပူမှုတွင် မင်းမဲ့စရိုက်ဖြင့် ခေါင်းဖြတ်သတ်ကြ၊ ဂိုဒေါင်၊ စက်ရုံများ ဖောက်ထွင်း ဖျက်ဆီး၊ လုယက်ကြ၊ သင်္ချိုင်းအုတ်ဂူက အစဖျက် ရောင်းစားကြ၊ အမေရိကန်ရေတပ် စစ် သင်္ဘောငါးစင်းက ကျူးကျော်ဝင်ရောက် လာသဖြင့် တပ်မတော်က ဝင်ရောက်ကာ ကွယ်ရပြန်သည်။ ဆိုရှယ်လစ်စနစ်မကြိုက်၊ တစ်ပါတီစနစ်မကြိုက်ဟု လူများသိန်းချီ လမ်းပေါ်ထွက်ကာအော်ဟစ်ဆန္ဒပြကြသဖြင့် လည်းကောင်း၊ ဆိုရှယ်လစ်တည်ဆောက် ရေး၏ပီပြင်အောင်မြင်မှုနည်းပါးနေ၍လည်း ကောင်း၊ ၁၉၇၄ခုနှစ် ဆိုရှယ်လစ်အခြေခံ ဥပဒေကြီး ဖယ်ရှားရပြန်သည်။
(၃) တပ်မတော်က ၁၈-၉-၁၉၈၈တွင် မလွှဲမရှောင်သာ နိုင်ငံတာဝန်ယူရပြီး နောက် ပါတီစုံဒီမိုကရေစီ ချမှတ်ခင်း ကျင်းပေးသည်။ ပါတီများမှတ်ပုံ တင်ပေးရာ ၂၃၈ ပါတီ ရှိခဲ့သည်။ (ဒီမိုကရေစီ ၂၃၈ဖွဲ့ဟုဆိုသော်ရ၏) ၁၉၈၉ခုနှစ်အတွင်းတပ်မတော်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ၁၉၉ဝ ပြည့်နှစ် မေ ၂၇ရက် ပါတီစုံရွေး ကောက်ပွဲ၌ အရွေးခံရသူများပါဝင် ကာ အခြေခံဥပဒေသစ်ကို ဦးစွာရေး ဆွဲရမည်ဟု ပြောသည်။ တပ်မတော် အစိုးရက (နဝတ)ကလည်းကြေညာ ချက်အမှတ် ၁/၁၉၉ဝဖြင့် အခြေခံ ဥပဒေကို ဦးစွာရေးဆွဲရမည်။ အခြေခံ ဥပဒေမရှိဘဲ နိုင်ငံအာဏာကို မည်သူ့ လက်သို့မှ မလွှဲနိုင်ဟုကြေညာသည်။ ၁၉၉ဝပြည့်နှစ်တွင် အမတ်နေရာ အများစု ရွေးချယ်ခံရသော NLD ပါတီ၏လွှတ်တော်ဇွတ်ခေါ်ပြီးအာဏာ ရယူလိုမှုနှင့်အခြေခံဥပဒေပြီးမှ အစိုးရ သစ်သို့ နိုင်ငံကို စိတ်ချလက်ချလွှဲ မည့် တပ်မတော်အစိုးရတို့၏ဆန္ဒ အမြင်ချင်းမတူညီကြသဖြင့် နိုင်ငံ ရေးမတည်မငြိမ်ဖြစ်လာသည်။NLD ခေါင်းဆောင်များက မန္တလေးတက် ကာစင်ပြိုင်အစိုးရဇွတ်ဖွဲ့ရန်ကြံသဖြင့် NLD ခေါင်းဆောင်များစွာ အဖမ်း ခံရသည်။ ဒေါ်စုကြည်၏အစ်ကိုဝမ်း ကွဲ ဒေါက်တာစိန်ဝင်းနှင့် NLD အမတ်တစ်စုတို့ ပြည်ပထွက်ကာ စင်ပြိုင်အစိုးရဖွဲ့သဖြင့် ဇာတ်ကပိုရှုပ် လာသည်။ ဒေါ်စုကြည်ကိုလည်း NLD ဗဟိုမှ ဟံသာဝတီဦးဝင်းတင်၊ ဦးကိုယု၊မောင်သော်ကတို့က ဒေးဗစ် သော်ရိုး၏ ထိပ်တိုက်ရင်ဆိုင်ရေး ကဗျာတစ်ပုဒ်ရွတ်ပြပြီး အစိုးရကို ထိပ်တိုက်ရင်ဆိုင် စိန်ခေါ်ဆန့်ကျင် ရေးလိုင်းပေါ် တင်ပေးကြသည်။ ဒေါ်စုကြည်၏ ထိပ်တိုက်ရင်ဆိုင် ဆန့်ကျင်မှုများကြောင့် ၁၉၈၉ ခုနှစ် ဇူလိုင်လ၂ဝရက်နေ့တွင် နေအိမ်၌သာ နေထိုင်ရန် ကန့်သတ်ထားခဲ့ရသည်။
၁၉၉၂ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင် တပ်မတော် အစိုးရက NLD ဥက္ကဋ္ဌ ဗိုလ် မှူးချုပ်ဟောင်း အောင်ရွှေနှင့် NLD ခေါင်း ဆောင်ပိုင်း ကိုယ်စားလှယ်များ၊ တစညနှင့် အခြားတရားဝင် ရပ်တည်ဆဲပါတီ ၁ဝခုမှ ကိုယ်စားလှယ်များ၊ ရွေးချယ်ခံအမတ်များ ကို တွေ့ဆုံကာ အခြေခံဥပဒေရေးဆွဲရေး အတွက် ဆွေးနွေးသည်။ အများသဘောတူ အမျိုးသားညီလာခံကိုယ်စားလှယ်များက ချမှတ်သောမူများဖြင့် အခြေခံဥပဒေရေးဆွဲ ရန် ဆုံးဖြတ်ပြီး ၉-၁-၁၉၉၃ မှ ၃-၉-၂ဝဝ၇ ခုနှစ်အထိ အမျိုးသားညီလာခံကို အချိန်ယူ ညှိနှိုင်းဆွေးနွေးကာ အခြေခံဥပဒေ သစ်အတွက် မူများချမှတ်ခဲ့သည်။ ထိုမူများ ဖြင့် အခြေခံဥပဒေရေးဆွဲခဲ့သည်။ ထိုအခြေခံ ဥပဒေအသစ်မူကြမ်းကို ၂ဝဝ၈ ခုနှစ်ကာလ တွင် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပရာ မဲပေးခွင့်ရှိသူ ၂၇ သန်းကျော်အနက် ၂၆ သန်းကျော်က မဲလာပေးရာ မဲပေးမှုရာခိုင် နှုန်း ၉၈ဒသမ၁၂ရှိခဲ့သည်။ ယင်းတို့အနက် မှ ဆန္ဒမဲ ၂၄သန်း ခြောက်သိန်းခုနစ်သောင်း ကျော်က ထောက်ခံမဲပေးခဲ့သဖြင့် အတည် ပြုထောက်ခံ မဲ ရာခိုင်နှုန်း ၉၂ ဒသမ ၄၈ ဖြစ်သည်။ ပြည်သူ့မဲဆန္ဒဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သော ၂ဝဝ၈ခုနှစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အခြေခံဥပဒေသည် ပြည်သူ့အခြေခံဥပဒေဖြစ်သွားခဲ့သည်။
ပြည်သူ့ကိုယ်စားလှယ်များကမူချကြ အခြေခံဥပဒေရေးဆွဲကြ၊ ပြည်သူထံ အခါ မလပ်ချပြပြီး အကြံယူတောင်းခံ ပြည်သူ့ထံ မှောက် ရှင်းလင်းချပြခဲ့ကာ ပြည်သူတို့၏ တစ်ခဲနက်သော ထောက်ခံမဲဖြင့် အတည် ပြုခဲ့သော အခြေခံဥပဒေ ၂ဝဝ၈ ကို ပြင်လိုမူ ဖျက်လိုမူ ပြည်သူ့အဆုံးအဖြတ်ဖြင့်သာ ဆောင်ရွက်ရပေမည်။