images
UN
UN
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ယာဉ်တန်းမှကားကို အရက်ပုလင်းခွံဖြင့်ပစ်ပေါက်ခံရ၍ လေကာမှန်အက်ကွဲ
မြင့်ဦး(မြိတ်) Sunday, 03 March 2019
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ပုလော မြို့နယ် ပလောက်မြို့ ဆင်ထိုးကြီးကျေးရွာနှင့် အင်းမကျေးရွာကြား၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ယာဉ်တန်းမှကားကို အရက် ပုလင်းခွံဖြင့် ပစ်ပေါက်ခြင်းခံရသောကြောင့် ကားအရှေ့လေကာမှန် အက်ကွဲသွားကြောင်း သိရသည်။အစိုးရအဖွဲ့ယာဉ်တန်းသည် ပုလောမြို့နယ်မှ ထားဝယ်မြို့ နယ်သို့အပြန် ပလောက်မြို့ ဆင် ထိုးကြီးကျေးရွာနှင့် အင်းမကျေး ရွာအကြား မိုင်တိုင်အမှတ် ၆၉ နှင့် ၆၉ /၁ ကြား အရောက်တွင် ယာဉ်တန်း၌ ပါလာသောယာဉ် မောင်းအငယ်တန်းအင်ဂျင်နီယာ ဦးအာကာကျော်မောင်းနှင်သော 3N/2299 လင့်ခရူဆာအမျိုးအစား အဖြူရောင်ယာဉ်ပေါ်တွင်လိုက် ပါလာသော ဆောက်လုပ်ရေး ဝန်ကြီးဌာနလမ်းဦးစီးဌာန တိုင်း ညွှန်ကြားရေးမှူး ဦးသက်ဇော် ဝင်း၊လက်ထောက်ညွှန်ကြားရေး မှူးဦးရှန်နန်းစန်းတို့ လိုက်ပါလာ သည့်ယာဉ်အားမောင်စုစု(၃၂နှစ်) သည် အရက်သေစာသောက်စား ပြီးလမ်းဘေးတွင်လမ်းလျှောက် နေရာမှယာဉ်တန်းအား လက် တွင်ကိုင်ထားသော ရွှေအရက် သန့်အရက်ပုလင်းခွံဖြင့်ပစ်ပေါက် လိုက်ရာယာဉ်၏အရှေ့လေကာ မှန်ကွဲအက်သွားသဖြင့် လမ်း ကြောင်းလုံခြုံရေး တာဝန်ထမ်း ဆောင်နေသောရဲတပ်ဖွဲ့ဝင်များ က လိုက်လံဖမ်းဆီးခဲ့ရာ မွန်းလွဲ ၃နာရီ ၁ဝမိနစ်တွင် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ မောင်စုစုအား ပလောက်ရဲစခန်းမှ (ပ)၇/၂ဝ၁၉ ရာဇသတ်ကြီးပုဒ်မ ၂၇၉-က/ ၄၂၇ ဖြင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။