images
UN
UN
လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြော တိုင်းရင်းဆေးဖြင့်အခမဲ့ကွင်းဆင်းကုသ
ဇာဇာ(အထက်မင်းလှ) Tuesday, 05 March 2019
မကွေးတိုင်းဒေသကြီးသရက်ခရိုင်မင်းလှမြို့နယ်တိုင်းရင်းဆေးကု ဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးဝါးဖြင့်အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့်လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက သံပုရာကန်ကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မင်းလှမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်ဇာနည်ဌေးက သွေးတိုးရောဂါအကြောင်း သိကောင်းစရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဇာဇာငြိမ်းက လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်စာစောင်များ ပြသခဲ့သည်။
ထို့နောက် ကျေးရွာနေပြည်သူများအား တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ဆေးကုသပေးရာ သွေးတိုးရောဂါ၊ ဒူးနာ၊ ခါးနာရောဂါ၊ လေ ငန်းရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အစာမကြေရောဂါစသည့် ရောဂါဝေဒနာရှင် ၄၅ ဦးတို့အား တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ဆေး ကုသပေးခဲ့ကြောင်း သိရသည်။