images
UN
UN
ပေါ့ဆမီး မီးဖိုမီး လျှပ်စစ်မီး တို့မီး ရှို့မီး သောကမီး
မောင်ငြိမ်းသူ (ကြို့ပင်ကောက်) Thursday, 07 March 2019
'ဒီအချိန်ရောက်လာရင် ကြောက် တောင်ကြောက်လာပြီ' ဟု ပြည်သူ ပြည်သားများ ညည်းတွားနေကြလေပြီ။ လက်တွေ့လည်းကြုံတွေ့နေကြရပါသည်။
ဥသြဆွဲသံကြားရလေတိုင်း ထိတ် လန့် တုန်လှုပ်ချောက်ချားနေကြရသော ပြည်သူတွေ၏ဘဝက ကျီးလန့်စာစားနေ ကြရသည့်နှယ် ဆောက်တည်ရာမရ သောကဗျာပါဒ ဖိစီးမှုဒဏ်ကိုခံနေကြရ သည်။ စားမဝင်အိပ်မပျော်ဘဝကို ကြုံ တွေ့နေကြရပါသည်။
သည်အချိန်ရောက်လာလျှင် ကြောက် စရာကောင်းလွန်းလှသော ရန်သူမီးက အတားအဆီးမရှိ ရောက်ရှိလာလေ့ရှိရာ လူတိုင်း၊ မိသားစုတိုင်း မကြောက်မရွံ့ ဘဲ အဘယ်မှာနေနိုင်မည်နည်း။
မကြာသေးမီက စမ်းချောင်းမြို့နယ် ဗဟိုလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် ဂတ်စ်အိုးယိုစိမ့်မှုကြောင့် မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ရာ ဆေးရုံမှဆင်းလာသည့် အဘိုးအပါအဝင် အဘွားတစ်ဦး၊ အမြွှာ ညီအစ်မထဲမှတစ်ဦး သုံးဦးမီးလောင် သေဆုံးခဲ့ရပါသည်။ အခြားဒေသများ တွင်လည်း မီးလောင်ကျွမ်းမှုကြောင့် လေဖြတ်အဘိုးအဘွားများ၊ ကလေး သူငယ်များ သေဆုံးခဲ့ကြရပါသေးသည်။
စာရေးသူ၏ ကိုယ်တွေ့ကြုံရသော မီးဘေးဒုက္ခသည်ဆိုက်ကားသမားတစ်ဦး ၏ဖြစ်ရပ်ကိုတင်ပြလိုပါသည်။ဆိုက်ကား သမားလေးခမျာ သူနေသည့် လမ်းမှာ မီးလောင်နေသည်ဟု ကြားသဖြင့် ဆိုက် ကားကိုအသော့နှင်ကာ ပြန်လည်ပြေးလာ ခဲ့သော်လည်း သူ့အိမ်ကို မမြင်ရတော့ဘဲ ပြာကျသွားသောသူ့ အိမ်နေရာကိုသာ ရင်ဆို့စွာမြင်တွေ့ခဲ့ရပါသည်။ သူ့ဇနီးနှင့် ကလေးတွေအပါအဝင် မိသားစုကို မမြင် တွေ့ရသောအခါ ဆိုက်ကားနှင့်အတူ မီးပုံ ထဲပြေးဝင်မည်လုပ်သောကြောင့် မီးသတ် တပ်ဖွဲ့ဝင်များနှင့်ပတ်ဝန်းကျင်က ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြရပါသည်။
ထို့ပြင် ဝါကျွတ်အပြီးမှာ အိမ်နှင့် ခြံကို ကျပ်သိန်း ၈ဝ ပေးဝယ်ယူပြီး လက်ထပ်ခဲ့ကြသော ဇနီးမောင်နှံ ကြင်စ ဦးကာလ၌ သူတို့အလုပ်သွားနေကြတုန်း မှာ သူတို့အိမ် မီးထဲပါသွားလေရာ လင် မယားနှစ်ယောက်စလုံး ယူကျုံးမရ အပူလုံြး<ွကကာ ကြောင်တောင်တောင်ဖြစ် သွားကြသောကြောင့် စိတ်ကျန်းမာရေး ဆရာဝန်နှင့် ပြသပြီး ကုသမှုခံယူခဲ့ကြ ရပါသည်။ နေအိမ်မီးလောင်ကျွမ်းသဖြင့် သားသမီးတွေ၊အဖေအို၊ အမေအိုကြီးတွေ လေဖြတ်နေကြသူတွေ၊ ရောဂါသည် တွေ၊ မီးထဲပါသွားကြပြီး အရှင်လတ် လတ် မီးသဂြုင်္ိဟ်ခံခဲ့ကြရသော ဖြစ်ရပ် ဆိုးများကလည်း မကြာခဏကြုံတွေ့နေ ကြရပါသည်။
သောကပင်လယ်ဝေနေကြသော မီးဘေးဒုက္ခသည်များ၏ဘဝကားလောက ငရဲပါတကား။
ကျွန်တော့်ဘဝမှာ အမှတ်တရဖြစ် နေခဲ့သော မီးဘေးဒုက္ခတွေထဲက မိဘ မေတ္တာနှင့် သားသမီးမေတ္တာလွန်ဆွဲပွဲကို တင်ပြချင်ပါသည်။ ၁၉၈၃ ခုနှစ် ပွင့် လင်းရာသီအချိန်က စမ်းချောင်းမြို့နယ်၊ စမ်းချောင်းမီးသတ် အဆောက်အအုံ အရှေ့ဘက်ပေ ၆ဝ ကျော်ခန့်သာခြား သော ကျွန်းတောလမ်းနှင့် ဗားကရာ လမ်းမကြီးထောင့်မှာရှိသော တာယာကွန် ပေါင်းဆိုင်တွင်ညနေဘက်ကြီး မီးလောင် ခဲ့သည်။ မီးငြှိမ်းသတ်ကြရင်းက ည မှောင်သွားသောကြောင့် ညဘက်မှာ လုံခြုံရေးအပြည့်ချထားပြီး နောက် တစ်နေ့မှာ မီးလောင်ပြင်ကို ရှင်းခဲ့ကြ သည်။ မီးလောင်နေခဲ့သည့် နေအိမ် အောက်ထပ်မီးဖိုခန်း မြေညီထပ်ထဲတွင် ရှစ်တန်းကျောင်းသားလေးသည် သူ့မိခင် ကို ဝင်ရောက်ကယ်တင်ရင်းက သူ့မိခင် ကိုပွေ့ဖက်လျက် သားအမိနှစ်ယောက် စလုံး အသက်ရှူကျပ်ကာ သေဆုံးနေကြ သည်ကို ရင်နင့်စွာမြင်တွေ့ခဲ့ကြရသည်။ အမေကိုသားကအသက်စွန့်ပြီးဝင်ရောက် ကယ်တင်ခဲ့ရာမှ သားအမိနှစ်ယောက် စလုံး သေဆုံးခဲ့ကြသည့်မြင်ကွင်းပင်။
ခေါင်းရင်းအိမ်အပေါ်ထပ် ခေါင်း ရင်းခန်းမီးဖိုချောင်ထဲတွင် ညနေကျောင်း ဆင်းချိန် အဆာပြေ စားကျန်ရစ်ခဲ့သော မူလတန်းကျောင်းသူလေးကို သူ့မိခင်က ဝင်ရောက်ကယ်တင်ရင်းက မိခင်ကသမီး လေးကို ပွေ့ဖက်ထားလျက် သားအမိ နှစ်ယောက်စလုံး မရှုမလှသေဆုံးနေကြ သည်ကို ကြေကွဲစွာမြင်တွေ့ခဲ့ကြရသည်။ သမီးကိုအမေကမိခင်မေတ္တာဖြင့် ဝင် ရောက်ကယ်တင်ခဲ့ရာမှသားအမိနှစ်ယောက် စလုံး သေဆုံးခဲ့ကြရသည့်မြင်ကွင်း။

သားနှင့်အမေ(အဆန်နှင့်အစုန်) အမေနှင့် သမီး(အစုန်နှင့်အဆန်) အပြန် အလှန်မေတ္တာလွန်ဆွဲပွဲမှာ မိသားစုလေး ဦးရင်နင့်ကြေကွဲစွာ သေပွဲဝင်သွားကြ ရသောမြင်ကွင်းအကြောင်းကို ''မမြင် သင့် ရင်နင့်စရာ သည်မြင်ကွင်း'' ဟု ခေါင်းစီးတပ်ကာ နေ့စဉ်သတင်းစာတွင် ကျွန်တော်ဆောင်းပါးရေးသားခဲ့ရာ ''ပေါ့ ဆမီး''၏ အန္တရာယ်ကြီးမားပုံပေါ်လွင် ထိရောက်သောကြောင့် ကျွန်တော်ရေး သားရကျိုးနပ်ခဲ့ဖူးပါသည်။
''ရန်သူငါးပါးထဲမှာ... အင်မတန် ဆိုးဝါးလှတာ xxx မညှာမတာ xxx ဘယ်သူ့ကိုမှ ... မထောက်ပါ xxx သူခိုးဓားပြထက်ဆိုးတဲ့ရန်သူဟာ xxx ဒီဇမ္ဗူတစ်ခွင်မှာ xxx ရန်သူမီးကို xxxအစဉ်အမြဲ သတိပြုကြပါ''
''ဝမ်းနည်းစရာကောင်းလောက်အောင် xxxတွေ့မြင်ရတာ xxxအိုးအိမ်အခြေမဲ့ အနေမဲ့အောင်သာxxxမီးမရိုသေသူတစ် ဦးကြောင့် ကုန်ဆုံးခဲ့တဲ့ အိမ်ပေါင်းများစွာ xxxငွေအသပြာကုဋေကုဋာxxxနှစ်စဉ်အမြဲပါ xxxအဲဒီမီးကိုတော့ ရှောင်ကွင်းဖို့ရာ xxx ကြိုတင်ကာ xxx ကြိုတင်ကာ xxx ထာဝစဉ် သတိထားကြပါ''
နာမည်ကျော်အဆိုတော်ကြီး ဦးထွန်း ရွှေ၏ မီးသတိပြုသီချင်းသံက ပွင့်လင်း ရာသီမှာ နှစ်စဉ်ပျံ့လွင့်လာစမြဲပါ။ မိုးရာ သီမှာထက် ဆောင်းရာသီနှင့် နွေရာသီမှာ ဖြစ်ပွားမှုများပြားလွန်းသော မီးဘေး အန္တရာယ်ကို ကြိုတင်ကာကွယ်ကြရန်။
ထိုသီချင်းသံက လှုံ့ဆော်သတိပေး နေခြင်းဖြစ်ရာ အကျိုးရှိလှပါပေသည်။
ထို့ပြင် မီးသတ်ဦးစီးဌာနကလည်း (၁) မီးသတိပြု၊ (၂) မီးဘေးရှောင် မလောင်ခင်က တား၊ (၃) သင့်ကြောင့် မီးမလောင်ပါစေနှင့်၊ (၄) လမ်းသွားရင်း ဆေးလိပ်မသောက်ပါနှင့်၊ (၅) သူခိုးခိုး တော့ အစုတ်ကျန် မီးခိုးတော့ အပြုတ်နှံ၊ (၆) ကြိုတင်ကာကွယ်မီးအန္တရာယ်၊ (၇) ချိန်ခါမရွေးသတိပေး မီးဘေးကင်းဝေး မှာ၊ (၈) စားဝတ်နေရေးပြည့်စုံရေး မီး ဘေးမပေါ့နှင့်၊ (၉) မီးမှန်သမျှသုံး တတ်က မုချမီးဘေး ကင်းစဉ်ဝေး၊ (၁ဝ) လယ်ယာစပါး ပြည့်အားထား တားဆီး ကာကွယ်မီးအန္တရာယ်၊ (၁၁)မသုံးတတ် က မီးရန်က ဒုက္ခပေးလိမ့်မည်၊ (၁၂) မီးဖိုမီး အခြားမီး သုံးပြီးသတိ အမြဲရှိ၊ (၁၃) ခြင်ဆေးခွေသုံးလျှင် သတိယှဉ် အောက်တွင် ခံခွက်မမေ့နှင့်၊ (၁၄) ရန်သူ မီးဘေးတားဆီးရေး မနှေးဆောင်ရွက်ကြ၊ (၁၅) မီြး<ွကင်းမီးကျန်မထားရန် ကျင့်ကြံ သတိအမြဲရှိ၊ (၁၆) ဘုရားကျောင်းကန်ြ>ွခင်းမချန် မီးရန်သတိထား၊ (၁၇) မီး သတိပြုကာကွယ်မှု ပေါင်းစုဆောင်ရွက် ကြ၊ (၁၈)မြန်ပြည်တစ်ခွင် သာစေချင်၊ မီးတွင်မပေါ့နှင့်ဟူသောဆောင်ပုဒ်များ ကိုယခင်ကနေ့စဉ်သတင်းစာများတွင်လည်း ကောင်း၊ လက်ကမ်းစာစောင်များနှင့် လည်းကောင်း ထုတ်ပြန်လှုံ့ဆော်သတိ ပေးနေခဲ့ပါသည်။ ယခုလည်း အဆိုပါ ဆောင်ပုဒ်များကို နေ့စဉ်ထုတ်ပြန်လှုံ့ဆော် ပေးနေသင့်ပါသည်။

ထိုသို့လှုံ့ဆော်သတိပေးနေသည့်ကြား မှ မီးလောင်ဆုံးရှုံးမှုများက လျော့နည်း မသွားဘဲ နှစ်စဉ်တိုးပွားများပြားနေပါ သည်။ ၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁၂ ခုနှစ် အထိ ၁၃ နှစ်ကာလအတွင်း မီးလောင် မှုအကြိမ်အနည်းဆုံးနှစ်မှာ ၂ဝဝ၉ ခုနှစ် ဖြစ်သည်။ ၇၁၄ ကြိမ်သာဖြစ်ပွားခဲ့ သည်။ အများဆုံးနှစ်မှာ ၂ဝ၁၂ ခုနှစ်ဖြစ် ပြီး မီးလောင်မှုအကြိမ် ၁၂၁၉ ကြိမ်ဖြစ် ပွားခဲ့သည်။ထိုနှစ်မီးလောင်မှုများတွင် ပေါ့ဆမီး ၄၆၇ ကြိမ်၊ မီးဖိုမီး ၃၂၈ ကြိမ်၊ လျှပ်စစ်မီး ၂၂၄ ကြိမ်၊ ရှို့မီး အကြိမ် ၁၆ဝ၊ တောမီးအကြိမ် ၂ဝ၊ အလို အလျောက် လောင်သောမီး ၁၉ ကြိမ်၊ မိုးကြိုးပစ်၍လောင်သောမီး တစ်ကြိမ် ပါဝင်ခဲ့သည်။
၂ဝ၁၂ ခုနှစ်က တစ်နှစ်တာကာလ အတွင်း မီးလောင်မှုအကြိမ် ၁၂၁၉ ကြိမ် ဖြစ်ပွားခဲ့ရာအိမ်ခြေအဆောက်အအုံပေါင်း ၁၅၇၅၆ လုံး မီးသင့်ခံခဲ့ကြရပြီး မီးဘေး ဒုက္ခသည်ပေါင်း ၇၄၉၄၇ ဦးအထိ ရှိခဲ့သည်။ လူ ၁၈၄ ဦးသေဆုံးခဲ့ကြရ ပြီး ၂၉၅ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ ကျွဲ၊ နွား၊ ဝက်စသောတိရစ္ဆာန် ၂၈၁၉ ကောင်သေဆုံးခဲ့ကြရသည်။ ထိုမီးလောင် မှုအကြိမ်များထဲတွင် ကျေးရွာများမှာ မီးလောင်မှု ၄၂၉ ကြိမ်ပါရှိရာ ကျေးရွာ မှာ မီးလောင်ဆုံးရှုံးမှုမှာ ၃၅ ဒသမ ၁၉ ရာခိုင်နှုန်းရှိနေကြောင်း သိရပါသည်။
နှစ်စဉ် နှစ်တိုင်း ကြုံတွေ့နေကြရ သည့် မီးလောင်ဆုံးရှုံးမှု အခြေအနေကို ကိန်းဂဏန်းများနှင့် စိစစ်သုံးသပ်ကြည့် သည့်အခါ 'ပေါ့ဆမီး' သည် အများဆုံး ဖြစ်နေပါသည်။ ၂ဝဝ၇ ခုနှစ်က မီးလောင်မှုအကြိမ် ၉၄၄ ကြိမ်ဖြစ်ပွားခဲ့ ရာ 'ပေါ့ဆမီး' ၅၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး 'မီးဖိုမီး' ၂၃၆ ကြိမ်၊ 'လျှပ်စစ်မီး' ၁ဝ၈ ကြိမ်ဖြစ်ပွားခဲ့သည်။ ၂ဝဝ၄ ခုနှစ်က မီးလောင်မှုအကြိမ် ၉၅၆ ကြိမ်ဖြစ်ပွားခဲ့ ရာ 'ပေါ့ဆမီး' ၄၈၆ ကြိမ်ဖြစ်ပွားခဲ့ပြီး 'မီးဖိုမီး' ၂ဝ၅ ကြိမ်၊ 'လျှပ်စစ်မီး' ၁၅၂ ကြိမ်ဖြစ်ပွားခဲ့သည်။
ပေါ့ဆမီးက နှစ်စဉ်အကြိမ် ၄ဝဝ ကျော်အထိ လောင်ကျွမ်းနေရာ အများ ဆုံးဖြစ်ပွားနေပြီး ဒုတိယအများဆုံးက မီးဖိုမီးဖြစ်သည်။ လျှပ်စစ်မီးက တတိယ အများဆုံးဖြစ်သည်။ ၂ဝ၁၅ ခုနှစ်အတွင်း တွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းတစ် တိုင်းတည်း မီးလောင်မှု ၂၂၄ ကြိမ် ဖြစ်ပွားခဲ့ရာ လျှပ်စစ်မီး ၉၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီး ၈၈ ကြိမ် ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ တစ်နိုင်ငံလုံးအတွင်း ၂ဝ၁၂ ခုနှစ်ကမီးလောင်မှုအကြိမ် ၁၂၁၉ ကြိမ် ဖြစ်ပွားခဲ့ရာ ကျပ်သန်းပေါင်း ၁ဝ၇ဝ၁ ကျော်ဆုံးရှုံးခဲ့သော်လည်း ၂ဝ၁၆ ခုနှစ် နှစ်စပိုင်းတွင် လောင်ကျွမ်းခဲ့သော မင်္ဂလာဈေးကြီး၏ မီးလောင်ဆုံးရှုံးမှုမှာ ကျပ်သိန်းပေါင်း သုံးသောင်းကျော် ရှိနေရာ ကြေကွဲဖွယ် ကောင်းလှပါသည်။