images
UN
UN
မန္တလေးတွင် ကွန်ပျူတာနည်းပညာပြပွဲနှင့် ဈေးရောင်းပွဲတော်ပြုလုပ်မည်
သူရကို Friday, 08 March 2019
ကွန်ပျူတာနည်းပညာပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ယခုလ ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာ မန္တလေးမြို့ မြို့တော်ခန်းမ၌ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ကွန်ပျူတာနည်းပညာပြပွဲနှင့် ဈေးရောင်းပွဲတော်ကို မန္တလေး တိုင်းဒေသကြီး ကွန်ပျူတာပညာ ရှင်အသင်း၊ ကွန်ပျူတာလုပ်ငန်းရှင် အသင်းတို့ပူပေါင်းပြီး ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့နှင့် အထက်မြန်မာ ပြည်မှ ကျောင်းသားကျောင်းသူ များ၊ ဒေသခံလုပ်ငန်းရှင်များနှင့် နည်းပညာကိုလေ့လာလိုက်စားလို သူများအတွက် ICT နည်းပညာ တိုးတက်ပြန့်ပွားမှု သိရှိလာစေရန်၊ ICT လုပ်ငန်းရှင်များ၊ ပညာရှင် များ၏ထုတ်ကုန်နှင့်ဝန်ဆောင်မှု များကို ပတ်ဝန်းကျင်လူထုကြားပို့ ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
ထို့အပြင် သတင်းအချက် အလက်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုး တက်စေရန်၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ နည်း ပညာအသစ်များကိုသိရှိစေရန် ထိုသို့ပြပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ဦးမြတ်ခိုင် ကပြောသည်။
အဆိုပါပြပွဲတွင် ကုမ္ပဏီ ၃၄ ခုက ပြခန်းပေါင်း ၅ဝကျော် ဝင် ရောက်ပြသသွားမည်ဖြစ်ပြီးခေတ်မီ ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ Notebook ၊Tablets ၊မိုဘိုင်းလ်ဖုန်း နှင့်ဆက်စပ်ပစ္စည်းများ၊အသုံးချ Software၊နိုင်ငံတကာအသိအမှတ် ပြုသင်တန်း စသည့် ကဏ္ဍအမျိုး အစားများနှင့် ခေတ်မီနည်းပညာ ရပ်များကို ပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။