images
UN
UN
ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အသေးစားအလတ်စား လုပ်ငန်းများ၏အခန်းကဏ္ဍ
ဒေါက်တာနေဝင်း(မွေးကု) Friday, 08 March 2019
အသေးစားနှင့် အလတ်စားလုပ်ငန်း များနှင့် အလုပ်အကိုင်ရရှိရေးအတွက် ဖန်တီးနိုင်မှုမှာ ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ အတွက် အလွန်အရေးကြီးသည့်ကိစ္စတစ် ရပ်ဖြစ်ပါသည်။ အသေးစားနှင့်အလတ် စားလုပ်ငန်းများအနေဖြင့် နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်း ပါးမှုလျှော့ချရေးတွင် အရေးပါသည့်လုပ် ငန်းတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ၄င်းတို့၏လုပ်ငန်းများတွင်လုပ်ငန်းပေါင်း မြောက်မြားစွာနှင့်လူပေါင်းမြောက်မြား စွာကို အလုပ်အကိုင်ပေါင်းများစွာ ပေး ထားသောလုပ်ငန်းတစ်ခုဖြစ်ပါသည်။
ခန့်မှန်းခြေအားဖြင့် ဝင်ငွေအလယ် အလတ်နှင့် ဝင်ငွေနိမ့်ကျသောနိုင်ငံများ တွင် အသေးစားနှင့်အလတ်စားလုပ်ငန်း ပေါင်းသန်း ၄ဝဝ ခန့်ရှိနေပြီ။ လုပ်ငန်း ရှင်ပေါင်း ၂၅ဝ ခန့်ပါဝင်ပြီးဝင်ငွေနိမ့် ကျသော နိုင်ငံများတွင် နိုင်ငံ၏ ရာခိုင် နှုန်း ၆ဝ ခန့်သော ဂျီဒီပီအား ဖြည့် ဆည်းပေးထားပါသည်။ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် အသေးစားနှင့် အလတ်စားလုပ်ငန်း ပေါင်း ရှစ်သန်းနှင့် ဆယ်သန်းခန့်၏ လုပ်ငန်းပိုင်ရှင်များမှာ အမျိုးသမီးများ ဖြစ်၍ အသေးစားနှင့်အလတ်စားလုပ် ငန်းများမှနေ၍ အခြေခံကုန်ပစ္စည်းများနှင့် လိုအပ်သောဝန်ဆောင်မှုအား ဆင်းရဲနွမ်း ပါးသူများနှင့်အခြားသူများကို အထောက် အပံ့ပြုလျက်ရှိပါသည်။
အသေးစားနှင့် အလတ်စားလုပ်ငန်း များနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက် တွင် အမျိုးမျိုးသောလူတန်းစားပေါင်းစုံ ပါဝင်သည့်လူအစုအဖွဲ့မှနေ၍တစ်ဦးတစ် ယောက်ချင်းစီလုပ်ကိုင်ရသည့် လက်မှု ပညာလုပ်ငန်းမှကျေးလက်ဒေသ ဈေး ကွက်များတွင် အသုံးပြုရသည့် လယ် ယာစိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာပစ္စည်း ကိရိယာများ၊ လမ်းဆုံလမ်းခွများရှိ ကော်ဖီဆိုင်များ၊မြို့ငယ်လေးများရှိ အင် တာနက်ကဖီးဆိုင်များ၊ အလယ် အလတ် တန်းစားမော်တော်ယာဉ်နှင့် ပတ်သက် သည့်အစိတ်အပိုင်းပစ္စည်းများ၊ ထုတ် လုပ်မှုများနှင့် ပြည်တွင်းဈေးကွက်များ နှင့်ပြည်ပဈေးကွက်များအထိ ရောင်း ချသည့်လုပ်ငန်းများပါဝင်သည်။
အသေးစားနှင့်အလတ်စားလုပ်ငန်း များမှနေ၍ လွယ်ကူပေါ့ပါးသည့် ထုတ် ကုန်ပစ္စည်းများဖြစ်သောအစားအစာ၊ အဝတ်အထည်နှင့်အခြားအိမ်သုံးပစ္စည်း များကိုလည်း ထုတ်လုပ်ပေးလျက်ရှိပါ သည်။ အသေးစားအလတ်စားလုပ်ငန်း များအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလုပ်အကိုင်အခွင့်အလမ်းအများဆုံး ပေးနိုင်သည့် အဖွဲ့အစည်းများဖြစ်၍ အလုပ်အကိုင်အသစ်ပေါင်း အားလုံး၏ ရာခိုင်နှုန်း ၅ဝ ကို ဖန်တီးပေးနိုင်၍ ဂျီဒီပီ၏ ၇၆ ရာခိုင်နှုန်းကိုလည်း ကောင်း၊ အလုပ်သမားများ၏အလုပ် အကိုင်ရရှိမှုအတွက် ရာခိုင်နှုန်း ၈ဝ ကိုလည်းကောင်း ဖန်တီးပေးလျက်ရှိ ပါသည်။
တစ်ဖက်မှလည်း အသေးစားနှင့် အလတ်စားလုပ်ငန်းများအနေဖြင့် ငွေ ကြေးဆိုင်ရာ ကန့်သတ်မှုများရှိပြီး နိမ့်ကျ သည့် လူသားအရင်းအနှီးများလိုအပ်မှု များ၊ ဈေးကွက်ပိုင်ဆိုင်မှုဆိုင်ရာ ခက်ခဲ မှုများမှာ အများဆုံးကြုံတွေ့ရသောအခက် အခဲများအဖြစ် တည်ရှိနေပါသည်။ ဖွံ့ဖြိုး ဆဲနိုင်ငံများရှိ အသေးစားနှင့်အလတ် စားလုပ်ငန်းများအနေဖြင့် ရေရှည်အတွက် အင်အား စိုက်ထုတ်နိုင်မည့် ငွေကြေး ဆိုင်ရာကိစ္စများအတွက်လည်း ခံစားနေ ရမှုများရှိခြင်း၊ လုပ်ငန်းကျွမ်းကျင်သည့် လုပ်ငန်းရှင်များနှင့် အလုပ်သမားများ မွေးထုတ်ပေးနိုင်သည့် အဖွဲ့အစည်းများ လုံလောက်စွာမရှိခြင်း၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာတွင်အဆင့်မြှင့်တင်နိုင်မှု အတွက် အထောက်အပံ့ပြုနိုင်ရန် ဝင်ငွေ နည်းပါးခြင်းနှင့်အားနည်းသည့် မူဝါဒ များအား ပိုင်ဆိုင်ထားရမှုများပင် ဖြစ် ပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများတွင် ရေရှည် လုပ်ငန်းဆိုင်ရာ အရင်းအနှီးများပြုလုပ်ရန် သင့်တင့်သည့် အတိုးနှုန်းဖြင့် ချေးယူနိုင် သည့်ချေးငွေများလိုအပ်သည်ဖြစ်သော ကြောင့် လုပ်ငန်းများဖွံ့ဖြိုးနိုင်ရန် ပုံမှန် ချေးငွေရရှိနိုင်မှုအတွက် အထောက် အကူပြုသည့် မူဝါဒများ ချမှတ်ပေးရန် လိုအပ်ပါသည်။ ထို့အပြင် နိုင်ငံခြားငွေ ကြေးဖြင့် ချေးသည့် ချေးငွေများအနေဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အတွက် သင့်လျော်မှုမရှိသည့် ငွေကြေး စွန့်စားမှုများဖြစ်ပေါ်နိုင်ပါသည်။
အသေးစားနှင့် အလတ်စားလုပ်ငန်း များအတွက် အရေးကြီးသော အခြား အချက်တစ်ခုမှာ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းများပြုလုပ်ပေးနိုင်ရန် ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ တွင် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများ၊ လုပ်အားဆိုင်ရာ ကျွမ်းကျင်မှုများမရှိ သည့်အတွက် ဖြစ်ပါသည်။ ထို့အပြင် လုပ်ငန်းပိုင်ရှင်များပါဝင်သော အဖွဲ့ အစည်းများ ဖွဲ့စည်းပေးရန် လိုအပ် ပါသည်။ ၄င်းအဖွဲ့အစည်းများမှနေ၍ အစိုးရနှင့်သော်လည်းကောင်း၊ အခြား လူမှုအဖွဲ့အစည်းများနှင့်သော်လည်း ကောင်း၊ ဒေသဆိုင်ရာ ကုန်သွယ်မှုဗဟို ဌာနများနှင့်သော်လည်းကောင်း လုပ်ငန်း များ ညှိနှိုင်းပေးရာတွင် သြဇာတိက္ကမ ရှိနိုင်သောကြောင့် ဖြစ်ပါသည်။
အသေးစားနှင့် အလတ်စားလုပ်ငန်း များ တိုးတက်ရန်အတွက် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ ရရှိစေရန် တစ်ဖက်မှ လည်း နယ်မြေအေးချမ်းမှုများ၊ နိုင်ငံရေး တည်ငြိမ်မှုများရရှိရန် လိုအပ်ခြင်း၊ လုပ်ငန်းဆိုင်ရာ အကျိုးခံစားသူများနှင့် ပြည်သူပိုင်အခန်းကဏ္ဍ၊ ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ၊ မြို့ပြအဖွဲ့အစည်းများ အကြား ဆွေးနွေးမှုများပြုလုပ်ရန် လိုအပ် ခြင်း၊ အခြေခံစနစ်နှင့် အဖွဲ့အစည်းများ အတွက်လည်းကောင်း၊ လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများအတွက်လည်းကောင်း၊ မူဝါဒချမှတ်သူများ၏ စွမ်းဆောင်မှုတို့ အတွက်လည်းကောင်း ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်လိုအပ်ခြင်း တို့ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဆိုင်ရာ အတွေ့အကြုံများနှင့် ပတ်သက်၍ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့အစည်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ပတ် သက်သည့် ဆန်းသစ်တီထွင်သည့်အဖွဲ့ အစည်းတို့နှင့် ဆွီဒင်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဂျာမနီနိုင်ငံတို့၏ လေ့လာတွေ့ရှိချက် များကို သိရှိနိုင်ပါရန် စုစည်းတင်ပြ လိုက်ရပါသည်။