images
UN
UN
အပြောကောင်း သဘောကောင်း မနောကောင်းတို့ စေတနာဝေဖြာရင်း ပြေရွာအဗျင်းခံရနိုင်
တက္ကသိုလ်မြတ်သူ Friday, 08 March 2019
၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် ဦးညိုမြဦးစီးထုတ်ဝေသော အိုးဝေ သတင်းစာတိုက်သို့ နေ့ဘက်သတင်း တာဝန်ခံအယ်ဒီတာအဖြစ် ကျွန်တော်ရောက် ရှိသွားသည်။ ထိုစဉ်က အိုးဝေသတင်းစာ တိုက်သည် အမှတ် ၂၇ဝ၊ လွစ္စလမ်း(ယနေ့ ဆိပ်ကမ်းသာလမ်း)တွင်ရှိသည်။ အယ်ဒီ တာလခမှာကျပ် ၁၅ဝ သာဖြစ်သည်။ ထို အချိန် ကျွန်တော်သည် ရွှေဥဒေါင်းဦးညီပု၊ သခင်မြသိန်းတို့ထုတ်ဝေနေသည့်ခေတ်သစ္စာ သတင်းစာ၏ ညဘက်သတင်းတာဝန်ခံ အယ်ဒီတာအဖြစ်လည်း လစာ ကျပ် ၁၅ဝ ဖြင့်လုပ်နေသည်။ သတင်းစာတိုက်နှစ်တိုက် လုပ်ပါမှ လစာက ၃ဝဝ သာရသည်။ တစ်ရက်လျှင် အိမ်တွင် ခြောက်နာရီပြည့် အောင်မနေရပေ။ ခေတ်သစ္စာ သတင်းစာ တိုက်မှာ ကြည့်မြင်တိုင် သီတာ ရုပ်ရှင်ရုံ တောင်ဘက်ပိုင်းလမ်းထဲတွင်ရှိသည်။ ခေတ် သစ္စာကို လူထုစီးကရက်ကုမ္ပဏီပိုင်ရှင် ဦးချိုနှင့် ပွင့်ကောင်းငါးပိ ငံပြာရည်စက်ရုံ ပိုင်ရှင်ဦးပွင့်ကောင်းတို့က လက်လွှဲဝယ်ယူ လိုက်ကြသည်။ အိုးဝေက သန့်ရှင်းဖဆပလ (နုတင်)အုပ်စုဘက်မှ၊ ခေတ်သစ္စာက တည်မြဲဖဆပလ(ဆွေငြိမ်း)အုပ်စုဘက်က ရပ်တည်ကာ တစ်ဖက်နှင့်တစ်ဖက်၊သတင်း စာတစ်စောင်နှင့်တစ်စောင် မြင်မကောင်း၊ ရှုမကောင်းရစရာမရှိအောင် ပုတ်ခတ်တိုက် ခိုက်နေကြပေသည်။
ကျွန်တော်သည် အိုးဝေတွင် ၁-၂-၁၉၅၉ရက်နေ့တွင် နေ့ခင်းဘက် စာဖောင် (နယ်သတင်းများ၊ ဆောင်းပါးများနှင့် အယ်ဒီတာ့အာဘော် ခေါ် သတင်းစာ ခေါင်းကြီးပိုင်းတို့ကို ဖော်ပြသော စာမျက် နှာများ)ကို ကိုင်ရပေသည်။ ထိုစဉ်က အိုးဝေတွင် ဟိုက်ဒရာဘတ်တုံးလုံး ပုံနှိပ် စက် တစ်လုံးသာ ရှိသည်။ စက်က အိုပေ ပြီ။ စာဖောင်လေးဖောင် (၁၆ မျက်နှာ) စလုံး ထိုစက်တစ်လုံးတည်းကို လက်ပူ တိုက် မန်းမှုတ် သုံးနေရပေသည်။နေ့ခင်း ဘက် ပထမစာဖောင်(လေးမျက်နှာ)ကို မွန်းလွဲ ၂ နာရီခန့်တွင် စက်တင်ရိုက်ရ သည်။ ဒုတိယနေ့ဖောင်(အလယ် စာမျက် နှာဖောင်)ကို ညနေ ၆ နာရီ ၇ နာရီတွင် ရိုက်ရသည်။ ညဘက် ပထမ (ရန်ကုန် သတင်း၊ နိုင်ငံရေး ဆောင်းပါး) စာဖောင်ကို ညဘက် ၁ဝ နာရီခွဲ ၁၁ နာရီ ရိုက်နိုင်မှ နောက်ဆုံးရှေ့မျက်နှာဖုံးစာဖောင်ကို ည သန်းခေါင်ကျော် တစ်ချက်တီး၊ နှစ်ချက်တီး တွင် ရိုက်နိုင်မည်။ သို့မှလည်း နံနက် အချိန်တန် (မိုးလင်း)လျှင် သတင်းစာ ထုတ်ဝေဖြန့်ချိနိုင်မည်။ ထိုစဉ်က ကြေးမုံ သတင်းစာမှာ နိုင်ငံရေးကြောင့် ချိပ်ပိတ် ခံထားရသဖြင့် ကြေးမုံ (ကိုသောင်း)နှင့် အယ်ဒီတာ ကိုဝင်းတင် (နောင် ဟံသာဝတီ ဦးဝင်းတင်)တို့က အိုးဝေ ညဖောင်ကို လာကိုင်ပေးကြသည်။ တည်မြဲကြီးများကို ဆော်သောသတင်း၊ ကိုယ်ရေး အတ္ထုပ္ပတ္တိ၊ ဆော်သော ဆောင်းပါးများအပြင် ဟာသ သောကြာစာစောင်ထုတ်ဝေနေသော ကြေးမုံ ကိုသောင်း (အောင်ဗလ)က နိုင်ငံရေး သရော်၊ ဆော်တွယ်၊ ရယ်ရွှင်ဖွယ်စာများ ဖြင့် သန့်ရှင်းဘက်မှ ပံ့ပိုးနေကြသည်။
ကျွန်တော်သည် နံနက် ၈ နာရီခွဲလျှင် အိုးဝေသို့ရောက်ပြီး နယ်သတင်းစာဖောင် များ၊ ဆောင်းပါး(စိစစ်ရွေးချယ်ပြီးသား) များကိုတည်းဖြတ်ကိုင်တွယ်ရသည်။ ပထမ ခေါင်းကြီးပိုင်းစာဖောင်ပါသောစာဖောင်ကို မွန်းလွဲ ၂ နာရီခွဲထက် နောက်မကျဘဲ ပြီး အောင်ကိုင်ရသည်။ထိုစဉ်က အိုးဝေအယ်ဒီ တာချုပ်နာမည်ခံယူထားသော အမေရိကန် မှ M.S.J(သတင်းစာပညာမဟာသိပ္ပံဘွဲ့)ရ ဦးညိုမြသည် သတင်းမကိုင်ပေ။ အယ်ဒီ တာ့အာဘော်(ခေါင်းကြီး)ကိုမူ သူကိုယ်တိုင် ရေးမည်ဟုပြောထားသည်။ သန့်ရှင်း ဖဆပလဘက်မှ ပံ့ပိုးပေးမည့်ခေါင်းကြီး ပိုင်းကို သူကိုယ်တိုင်ရေးမည်ဖြစ်သည်။ အိုးဝေသည် ကြော်ငြာထည့်သူမရှိ၊ ဝယ် ဖတ်သူမရှိဖြစ်ကာ ပိတ်ထားရသော အခြေ အနေရှိနေခဲ့ရာ သန့်ရှင်းဖဆပလမှ ဝန်ကြီး သခင်ပန်းမြိုင်က စပကသ(စီးပွားကုန်သွယ် အဖွဲ့ချုပ်)မှ ငွေငါးသောင်း ဦးညိုမြကို ထုတ်ပေးကာ သန့်ရှင်းဖဆပလဘက်မှ စည်းရုံးမဲဆွယ်ရေးသားထုတ်ဝေစေခဲ့သည်။ နယ်များ၌ ဖဆပလခါးပိုက်ဆောင်တပ် များအဖြစ် နာမည်ပျက် လူမုန်းများအောင် ရမ်းကား ဆိုးသွမ်းနေသော ပျူစောထီး၊ ကာကွယ်ရေး၊ ပြောက်ကျား၊ အထူးရဲ အမည်ခံအကြမ်းဖက်များကို တာဝန်ယူကိုင် တွယ်သူဦးကျော်ငြိမ်း(တည်မြဲ)ကို မကြိုက် ကြသဖြင့် လူအများက ဦးနု၏သန့်ရှင်းကို သည်းသည်းလှုပ် ထောက်ခံနေကြပေသည်။ အိုးဝေသည် ယခင်က ဝယ်သူမရှိဖြစ်ခဲ့ရာမှ သန့်ရှင်း အာဘော် အိုးဝေကို လူအများက ဝယ်ဖတ်လာကြရာ သတင်းစာ ကိုယ်စား လှယ်များ အိုးဝေသတင်းစာကိုယ်စားလှယ် ရအောင် စောင်ရေအများအပြား သုံးလ တွက် သတင်းစာဖိုးငွေကြိုသွင်းနေကြ သည်။ ဦးညိုမြသည် နေ့စဉ် ထိုသတင်းစာ ဖိုးငွေများ ကိုယ်တိုင် လက်ခံသိမ်းယူနေ သည်။ မွန်းလွဲ ၁၂ နာရီခွဲကျော်လျှင် ရေး ပေးရမည့် ခေါင်းကြီး မရေးနိုင်သေးချေ။ မွန်းလွဲ ၂နာရီကြာသည့်တိုင် မရေးပေးသေး။ နေ့ဖောင်တာဝန်ခံဖြစ်သော ကျွန်တော်က ဦးညိုမြအား ခေါင်းကြီးရေးပါတော့ စာစီဘက်၊ စက်ဘက်ကလည်း ပူညံ ပူညံ လုပ်လာနေပြီဟု ဆက်တိုက်နားပူရသည်။
ဦးညိုမြသည် ကျွန်တော့်အား ငွေကိုင် ထိုင်သည့် ထိုင်ခုံတွင် ထိုင်ရင်း မော့ကြည့် ကာ ဟောဟိုစင်ပေါ်က သတင်းစာဟောင်း လစဉ်အုပ်တွဲ နှစ်တွဲသုံးတွဲသွားယူခဲ့ပါဟု ပြောသည်။
ကျွန်တော်က သူပြောသည့် အတိုင်း ယူပေးသည်။ ပထမအုပ်တွဲမှာ ယခင်အိုးဝေပိတ်မထားမီက (လွန်ခဲ့သည့် လေးငါးနှစ်)က အုပ်တွဲဖြစ်သည်။ သူသည် သတင်းစာကို အမြန်လှန်လှောရှာဖွေပြီး ခေါင်းကြီးတစ်ပုဒ်ကို လက်ညှိုးထိုးပြ သည်။ ထိုခေါင်းကြီးကိုဖြတ်ပြီး ယနေ့ထုတ် အိုးဝေသတင်းစာစောင်ကြီးအဖြစ် စာစီခိုင်း လိုက်ဟုဆိုသည်။ ကျွန်တော်သည် ပါးစပ် ဟောင်းလောင်းဖြင့် အံ့အားသင့်ကာ ငိုင် သွားမိသည်။ သူက ဤသို့ဆက်ပြောသည်။''ကိုယ့်လူမှတ်ထား အခုဖြတ်ထည့် မယ့် ခေါင်းကြီးက ဘတ်စ်ကားသမားများ ဆင်ခြင်သင့်ပြီဆိုတဲ့ ခေါင်းကြီးပဲ။ ကိုယ် တို့ မြန်မာနိုင်ငံမှာ ဘတ်စ်ကားဆရာတွေ၊ ဒရိုက်ဘာတွေ၊ စပယ်ယာတွေဟာအမောင်း ကြမ်းတယ်။ အပြောရမ်းတယ်။ ခရီးသည် တွေကိုအော်ငေါက်စော်ကားတယ်။ ဘတ်စ် ကားချင်း ခရီးသည်လုရန်ဖြစ်တယ်။ ကား ကို အပြိုင်မောင်းတယ်၊ ခရီးသည် ကား ပေါ် မရောက်သေးဘူး ကားကိုမောင်း ထွက်တယ်။ ကားပေါ်က မဆင်းရသေးခင် မောင်းထွက်လို့ ခရီးသည်တွေမကြာခဏ ကားပေါ်ကကျပြီး ဒဏ်ရာရတယ်။ ဘတ်စ် ကားခတောင်းရာမှာ အပြောအဆိုပက်စက် တယ်။ အဲဒီသောက်ကျင့်တွေက မြန်မာ နိုင်ငံမှာ ရန်ကုန်မှာ ဟိုတုန်းကလည်း ရှိခဲ့ တယ်။ အခုလည်း ရှိနေတုန်းပဲ။ နောက် လည်း ရှိနေဦးမှာ ဒီလိုခေါင်းကြီးမျိုး အချိန် မရွေး ထပ်ထည့်အောရိုက်ပဲ။ နောက်ရှိသေး တယ် မိုးရာသီမှာ ဝမ်းရောဂါဖြစ်တတ် တယ်၊ ယင်ကောင်တွေ သတိပြုနှိမ်နင်း၊ မှည့်လွန်းသောသစ်သီး၊ စိမ်းလွန်းသော သစ်သီးမစားကြဖို့၊ ရေကိုကျိုချက်သောက် ကြဖို့၊ ဝမ်းရောဂါ ကာကွယ်ဆေး ထိုးထား ကြဖို့ သန့်ရှင်းရေးဂရုစိုက်ဖို့ ရေးတဲ့ခေါင်း ကြီးဟောင်းတွေပြန်ထည့်နိုင်တယ်။ ဆောင်း ရာသီဆိုရင် ခြင်ဂရုစိုက်ဖို့ ကြွက်တွေ နှိမ် နင်းဖို့၊ ပလိပ်ရောဂါကြိုတင်ကာကွယ်တဲ့ ဆေးထိုးထားဖို့သာရေးသို့မဟုတ် အဟောင်း ပြန်ထည့်။ နွေရာသီဆိုရင် မီးသတိပြုဖို့ ရေးထားတဲ့ ခေါင်းကြီး၊ ကျောက်ရောဂါ ကာကွယ်ရေးခေါင်းကြီးတွေ ပြန်ထည့်ရ တယ်''
အိုးဝေ ဦးညိုမြက တုံဏှိဘာဝေလေး လေးကန်ကန်၊ စကားမပြော၊ မလှုပ်မရှား နေတတ်သည်။ ဟာသဥာဏ်လည်း ရွှင် သည်။ တစ်နည်းအားဖြင့် စာဖတ်သည်။ သို့သော် အပျင်းထူစရာရှိလျှင်ထူသည်။ ဦးညိုမြ၏ ခေါင်းကြီးပိုင်း ပညာပေးချက် များသည် သူ၏အပျင်းထူမှုသရုပ်၊ ဟာသ ဥာဏ်၏ဂုဏ်ပုဒ်တစ်ခုဖြစ်သည်။ ကျွန်တော် မကြာခဏ သတိပြန်ရသည်။ ယခုတလော ကျွန်တော် ဦးညိုမြ၏ ခေါင်းကြီးပိုင်း သဘောတရားကို အထူးသတိရမိသည်။ မထသခေတ်တစ်လျှောက် ယခုပို၍ ရေး စရာများသော ဝိုင်ဘီအက်စ်ဘတ်စ်ကားများ ခေတ်အကြောင်း ခေါင်းကြီးဆောင်းပါး ရေးလျှင် ကုန်နိုင်ဖွယ်မရှိ။ရေးပြီး၊ ဖော်ပြ ပြီး ဘတ်စ်ကားအကြောင်း ခေါင်းကြီး ပိုင်းများပြန်ထည့်လျှင်လည်း အမြဲအဆင်ပြေ နေသေးသောကြောင့်ဖြစ်သည်။ ကျွန်တော် သည် ယနေ့တိုင်ဆောင်းပါးများ ဆက် တိုက်ရေးနေပေသည်။ ရေးစရာဘဝအတွေ့၊ သတင်းအတွေ့၊ မျက်မှောက်ကာလဖြစ်ရပ် များကလည်း များလှပေသည်။ ကျွန်တော့် ဆောင်းပါးများကို ထည့်ပေးဖော်ပြနေသည့် ပြည်ထောင်စုနေ့စဉ်သတင်းစာ၊ ရှေ့ဆောင် ဂျာနယ်တို့အတွက် အကြောင်းအရာမထပ်၊ မလစ်မလပ်မဟာရအောင်ရေးနိုင်နေသေး သည်။ နေ့ညကမ္ဘာ့သတင်း၊ မြန်မာ့သတင်း များကို မျက်ခြည်မပြတ် နားထောင်၊ ဖတ်ရှု၊ လေ့လာသဖြင့်ပင် ရေးစရာများကရေးမကုန် နိုင်ပေ။ ဦးညိုမြကိုသတိရမိလောက်အောင် အခုတစ်ပုဒ်၊ နောက်တစ်ပုဒ်၊ အရင်တစ်ပုဒ် စသည်ဖြင့် ကြိမ်ဖန်များစွာ ဆက်တိုက်ရေး နေရသော အကြောင်းအရာများကလည်း ရှိသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြန်မာ နိုင်ငံပြည်ထောင်စုမြန်မာနိုင်ငံ၏အနောက် ဘက်တံခါးဟုဆိုရမည့် ဘူးသီးတောင်၊ မောင်တောဒေသမှ ခိုးဝင်ဘင်္ဂါလီကုလား ဆိုးတို့အကြောင်းအားရေး၍ နားရသည်မရှိ။ ရေး၍မကုန်နိုင်။ ကျွန်တော်သည်ပင်မောင် တောအရေး သို့မဟုတ် ခိုးဝင်၊ ခိုးထွက်၊ မြန်မာ့ပိုင်နက်နယ်မြေထဲတွင် ဆိုးသွမ်း ယုတ်မာအကြမ်းဖက်ကာ မြန်မာ့မြေဖဲ့ထုတ် အပိုင်စီးနေသည့်ဘင်္ဂါလီမွတ်စလင်ကုလား ဆိုးတို့အကြောင်း ကျွန်တော်ရေးခဲ့ပြီးသော ဆောင်းပါးများသည်ပင် ဒါဇင်များစွာ ရာဂဏန်းသို့တိုင်ရောက်နေပေပြီ။ ရေး၍ ကား မကုန်သေး။ ရေးစရာများကလည်း တစ်ခုပြီးတစ်ခုပေါ်လာနေပေသည်။ ကျွန် တော်က အချိန်မရ၍ မအားလပ်သဖြင့် အပျင်းထူအလွယ်လိုက်ပြီးရေးပြီးသားများကို ပြန်လည်ဖော်ပြနေခြင်းမဟုတ်။ အသစ် အသစ်သောဖြစ်ရပ်၊ လုပ်ရပ်၊ လုပ်ဇာတ်၊ ယုတ်ဇာတ်များကြောင့် ရေးမကုန်နိုင်ခြင်း ဖြစ်ပေသည်။ကျွန်တော်တို့မကြာခဏရေးကြ၊ ပြော ကြသည့်အတိုင်း လူသားမှန်သမျှသည် အမေက မွေးလိုက်စဉ်က နှောင်ကြိုးတန်း လန်းနှင့်မွေးလာကြသည် မဟုတ်ပေ။ လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့မပါ မွေးလာကြသူများဖြစ်၍ လူသားတို့၏အခြေ ခံအကျဆုံး၊ အဓိကအကျဆုံးရပိုင်ခွင့်(ခံစား ခွင့်)ဟူသည်မှာ လွတ်လပ်ခြင်းပင်ဖြစ်ပေ သည်။ လူတို့လွတ်လပ်စွာနေထိုင်၊ သွားလာ၊ လှုပ်ရှား၊ စား၊ ဝတ်၊ နေနိုင်ရေးသည် မူလအခွင့်အရေးများပင်ဖြစ်သည်။
လူလူ ချင်းကျွန်ပြုသည်။ လက်နက်အားကိုးဖြင့် အနိုင်ကျင့်သည်။ သူတစ်ထူးနေအိမ်အတွင်း အဓမ္မဝင်ရောက်ကာ ဥစ္စာပစ္စည်းလုယက် သည်။ သတ်ဖြတ်သည်။ ချုပ်နှောင်သည် ဆိုခြင်းသည် ကြီးမားသောရာဇဝတ်(ပြစ်မှု) ကျူးလွန်ခြင်းပင်ဖြစ်ပေသည်။ လူသား ချင်းလုယက်ခြင်း၊ ကျူးကျော်ခြင်း၊ အင်အား သုံး အနိုင်ကျင့်ခြင်းတို့သည် ရာဇဝတ် ကောင် လူယုတ်မာ၊ လူရိုင်းတို့၏ လုပ်ရပ် ဖြစ်ပေသည်။ လက်တွေ့၌လည်း နယ်ချဲ့ နိုင်ငံများဆိုသည်တို့က အခြားနိုင်ငံများကို ကျူးကျော်တိုက်ခိုက်ကြသည်။ ကျွန်ပြု ကြသည်။ ဥစ္စာပစ္စည်း၊ ဓန၊ သယံဇာတ၊ အဖိုးတန်ရတနာများကို လုယူ ကြသည်။ ထိုနယ်ချဲ့သူခိုးဓားပြနိုင်ငံတို့က ယနေ့ သူတို့ ကိုယ်သူတို့ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးများဟု ဆိုလာနေကြပြန်သည်။ သတိသာထားကြပေရော့။
နယ်ချဲ့ကြ၊ သယံဇာတလုယက်ကြ၊ အင်အားသုံးအနိုင်ကျင့်ကြလုပ်သူများက ဒီမိုကရေစီတရားသူကြီးများနေရာ၊ ကမ္ဘာ့ ပုလိပ်ကြီးရာထူးများကိုတက်ယူ၊ သူတို့ ကိုယ်သူတို့လူ့အခွင့်အရေးတရားသူကြီး များဟုဆိုလာနေကြပြန်ပေသည်။ နယ်ချဲ့ဆို သည်မှာ မည်သို့ပင်စကားလုံးလှလှသုံး၍ သူတို့ကိုယ်သူတို့ကာကွယ်နေကြစေကာမူ ထိုနယ်ချဲ့များသည် ပင်လယ်ဓားပြကြီးများ၊ လူမျိုးသုဉ်းအောင်သတ်ဖြတ်နေကြသော စစ်ရာဇဝတ်ကောင်ကြီးများ၊သူတစ်ပါးနိုင်ငံ၊ သူတစ်ပါးပစ္စည်း၊ သူတစ်ပါးအချုပ်အခြာ အာဏာပိုင်ခွင့်တို့ကို ဖျက်ဆီးပစ်နေသူများ သာဖြစ်သည်။ ထိုအပြုအမူများသည် လူကောင်းသူကောင်း၊ လူယဉ်ကျေးတို့၏ အပြုအမူမဟုတ်ပေ။ ယုတ်မာလွန်းသော ကလိမ်ကကျစ်၊ လူဆိုး လူညစ်၊လူပီသမှု မရှိသူ၊ အရိုင်းအစိုင်းများသာဖြစ်သည်။ နယ်ချဲ့ဆိုသူများ ကိုယ့်နိုင်ငံထဲဝင်လာလျှင် ရိုက်လွှတ်ဖို့သာကောင်းပေသည်။ ပြုံးရွှင် ပျူငှာဆက်ဆံပြမနေသင့်ကြတော့ပေ။ တစ်ကမ္ဘာလုံးထိုသို့သာ နယ်ချဲ့တို့၏ ရှေ့ ကြောင်း၊ နောက်ကြောင်း ဇာစ်မြစ်ဇာတိ၊ ဗီဇ၊ စရိုက်၊ စိတ်နေစိတ်ထားရည်ရွယ်ချက် များကိုကြိုတင်သတိမမူဘဲ အထင်တကြီး ပြုံးပြလက်ခံမိလျှင် ကျတ်ရွာသို့ မလယ် မဝယ်ရောက်သွားသူများ လှပသောအမျိုး သမီး ဟန်ဖြင့် ဖော်ရွေပျူငှာ မြှူဆွမြှူဆွယ် ချစ်စဖွယ်မာယာကျော့ကွင်း သက်ဆင်းမိ သွားပြီး နံနက်လင်းသောအခါ လှပဟန် ဆောင်ကျတ်တစ္ဆေတို့၏ အဝါးအစား အမျို ခံရပြီး အရိုးသာကျန်တော့သည်အထိ အဖြစ်ဆိုးကြပေမည်။
ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံရင်ဆိုင် ကြုံတွေ့နေရသည်မှာလည်း နှစ်နိုင်ငံ ပူး ပေါင်းဆောင်ရွက်ရေး အကျိုးတူပူးပေါင်း ရွက်ဆောင်ရေး အပြန်အလှန်လက်တွဲဆောင် ရွက်ရေးဟူသော စကားလုံးများကို ပြုံးပြုံး ပြုံးပြုံးနှင့် လာရောက်ပြောဆို သွေးဆောင်၊ ထောင်ချောက်ဆင်နေကြသော မူလနယ်ချဲ့ နောက်တိုးနယ်ချဲ့ ခေတ်သစ်နယ်ချဲ့များကို အထူးသတိပြုသင့်ပေသည်။ ထိုသူတို့၏ နိုင်ငံအစိုးရများက နိုင်ငံတစ်ခုကို မမှန် မကန်ပိတ်ဆို့ အရေးယူရန်လုပ်၊ ပိတ်ဆို့ရန် လုပ်ခံရသော နိုင်ငံတွင်းသို့ ထိုနိုင်ငံမှ ဘာပုဂ္ဂိုလ် ညာအဖွဲ့ ဘာကိုယ်စားလှယ် ညာသံတမန်ဆိုသူများက လာရောက်ပြီး အပျော့ဆွဲဖြင့် သွေးဆောင် ထောင်ချောက် ဆင်လုပ်နေကြပေသည်။ ဤသည်ကို မမြင် တတ်လျှင်လည်း နယ်ချဲ့ညွတ်ကွင်းမှ မလွတ်ကင်းနိုင်တော့ပေ။ ဘီလူးစည်း လူ့စည်းခွဲခြားတတ်သင့်ပေသည်။ လက်ဝဲ သမားအသုံးအနှုန်းအရ ရန်/ငါစည်းပြတ် သင့်ပေသည်။ ညီအစ်ကို မသိတသိအချိန် မျိုး မဟုတ်တော့ပေ။
ယနေ့ခေတ်စားနေသော စကားတစ် ခွန်းမှာ 'နိုင်ငံတကာဖိအား' ဆိုသော စကားလုံးဖြစ်သည်။ နိုင်ငံဟုဆိုလျှင် နိုင်ငံ တစ်ခု (ဧကဝုစ်ကိန်း) ဖြစ်သည်။ နိုင်ငံ တကာဆိုလျှင် နိုင်ငံအများဟု ဆိုလိုပေ သည်။ မြန်မာအသုံးအနှုန်းတွင် အများ တကာဟုဆိုလျှင် အများကိန်း (ဗဟုဝုစ် ကိန်း) ဖြစ်သည်။ ဗဟုဝုစ်ကိန်းဆိုသည်မှာ တစ်ထက်များခြင်းကို ဆိုလိုသည်။ နှစ်ခု လည်း ဗဟုဝုစ်ကိန်း၊ သုံးခု၊ သုံးယောက် သည် ဗဟုဝုစ်ကိန်း တစ်ထောင်၊ တစ်သန်း၊ တစ်ကုဋေလည်း ဗဟုဝုစ်ကိန်းဖြစ်သည်။ နိုင်ငံတကာ (နိုင်ငံအများ)၏ ဖိအားဆိုရုံနှင့် နိုင်ငံရှိရှိသမျှအားလုံး ရှိသမျှနိုင်ငံအရေ အတွက်၏ ရာခိုင်နှုန်း ၈ဝ၊ ၉ဝ ၏ ဆန္ဒ သဘောထားမဖြစ်နိုင်ချေ။ ကျယ်ကျယ် လောင်လောင် (အသံပြဲကြီးနှင့် အော်တတ် သော) မီဒီယာမျိုးစုံလက်ဝါးကြီးအုပ် ချုပ် ကိုင်တည်ထောင်ကာ ထိုမီဒီယာများမှ လိမ် ညာလှည့်ဖြားရေးသားပြောဆို လွှင့်ထုတ် တတ်သော လူတစ်စု (ဥပမာ) အရင်းရှင် နယ်ချဲ့နိုင်ငံတစ်စု၏ အာဘော်ဆန္ဒ လိုလား ချက်တို့ကို နိုင်ငံတကာသဘောထားဆန္ဒ ဖိအားဟု သာသာထိုးထိုးခံယူပေးနေကြ သူများရှိ၍ ထိုနယ်ချဲ့နိုင်ငံအနည်းစုက ယနေ့ကမ္ဘာတွင် ဗိုလ်ကျနေကြခြင်းဖြစ် သည်။ ယနေ့ ကမ္ဘာတွင်နိုင်ငံကြီး၊ လတ်၊ ငယ်ပေါင်း ၂ဝဝ ကျော်ရှိသည်။ ၂၆ဝ ဟုပင်ဆိုကြသည်။ ကမ္ဘာ့ကုလသမဂ္ဂ သို့ ဝင်ရောက်သော အဖွဲ့ဝင်နိုင်ငံပင် ၁၉၃ နိုင်ငံရှိပေသည်။ ယင်းကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် နိုင်ငံပေါင်း ၁၇ဝ၊ ၁၈ဝ လောက်၏ ဆန္ဒ၊ ဖိအားဆိုလျှင် နိုင်ငံတကာ ဖိအားဟု ပြောနိုင်လောက်ပေသည်။
(ဆက်လက်ဖော်ပြပါမည်)