images
UN
UN
ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ (၅၇)ကြိမ်မြောက်သွေးလှူဒါန်း ပါတီဗဟိုအတွင်းရေးမှူးတက်ရောက်အားပေး
ထိန်ဝင်း(YGN) Saturday, 09 March 2019
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများ၏ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းအဖြစ် ရန်ကုန်အမျိုးသားသွေးလှူဌာနတွင် စဉ်ဆက်မပြတ်သွေးလှူဒါန်းခဲ့ကြရာ ယနေ့နံနက် ၁ဝ နာရီက (၅၇)ကြိမ်မြောက်အဖြစ် သွေးလှူဒါန်းပွဲကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါသွေးလှူဒါန်းပွဲသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်း စန်းနွယ်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ ပါတီ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးတင် မောင်ဝင်း၊ ဒေါ်သင်းသင်းမိုး၊ အမျိုးသား သွေးလှူဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်နှင့် တိုင်းဒေသ ကြီးခရိုင်ပါတီကော်မတီဝင်များ၊မြောက်ပိုင်း ခရိုင်ရှိမြို့နယ်ပါတီကော်မတီဝင်များ၊ သွေး လှူဒါန်းမည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကြသည်။
အစီအစဉ်အရပါတီဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းက အမှာစကားပြောကြား ရာတွင် ပြည်ခိုင်ဖြိုးပါတီသည် အသင်း ဘဝကတည်းက အမျိုးသားပညာရေး၊ အမျိုးသားကျန်းမာရေးကိစ္စများတွင် တက်ြ<ွကစွာပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခု လည်း ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ယနေ့သွေးလှူဒါန်းမှုစီစဉ်ဆောင် ရွက်မှုများသည် များစွာခေတ်မီ တိုးတက် လျက်ရှိရာ သွေးတစ်ပုလင်းလှူဒါန်းခြင်း အားဖြင့် လူနာလေးဦးအတွက်လှူဒါန်း နိုင်ရန် နည်းစနစ်များတိုးတက်လာပြီဖြစ် ကြောင်း၊ ယနေ့လှူဒါန်းသည့် သွေးလှူရှင် များသည် စေတနာသုံးတန်ပြဋ္ဌာန်းပြီး လှူ ဒါန်းခြင်းဖြစ်သည့်အတွက် မွန်မြတ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားသွေးလှူဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင်က သွေးလှူဒါန်းခြင်းနှင့်ပတ် သက်၍ သိသင့်သိထိုက်သောအကြောင်း အရာများနှင့် ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ထို့နောက်ပါတီဗဟိုအတွင်း ရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့် တာဝန် ရှိသူများကသွေးလှူဒါန်းနေကြသည့် ပြည် ခိုင်ဖြိုးပါတီဝင်များအားကြည့်ရှုအားပေး ခဲ့ကြောင်းသိရသည်။