images
UN
UN
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ထိန်ဝင်း(YGN) Saturday, 09 March 2019
ရန်ကုန်တိုင်းဒေသကြီးရန်ကုန် အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံးတွင်ယနေ့မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေး သို့ ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုး ပါတီဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ဦးတင်ဝင်း၊ရန်ကုန်အနောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဒေါ်အိအိလှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်(၁၃)မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ တက်ရောက်ကြသည်။
အစီအစဉ်အရ ပါတီဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုးနှင့် ဦးတင်ဝင်းက ပါတီအောင်နိုင်ရေးနှင့် ပါတီဝင်စိစစ်ရေးလုပ်ငန်း ဆောင်ရွက်မှုများအား ပြောကြားသည်။
ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများမှလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ပြန်လည်တင်ပြဆွေးနွေးကြပြီး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။