images
UN
UN
ကြည့်မြင်တိုင်စံပြငါးဈေး အလုပ်သမားသစ် ၁ဝဝ ထပ်မံခန့်သဖြင့် ငါးပုံးထမ်းအလုပ်သမားများစုပေါင်း၍ ဆန္ဒထုတ်ဖော်
သူရကို Saturday, 09 March 2019
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးတွင် အလုပ်သမားအသစ် ၁ဝဝ ထပ်မံ ခန့်အပ်သည်ကို ကန့်ကွက်သည့်အနေဖြင့် ငါးပုံးထမ်း အလုပ်သမားများစုပေါင်း၍ ယမန်နေ့ကဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။
ငါးထမ်းလုပ်သား ကိုသိန်းမြင့်က ''ကျွန်တော်တို့ စံပြငါးဈေးမှာ အလုပ်သမား ၁ဝဝ ထပ်သွင်းတဲ့ ကိစ္စ ကို လွန်ခဲ့တဲ့လက ဦးစီးမှူးကနေပြီးတော့ ညှိနှိုင်းပြီး လူသစ် ၁ဝဝ သွင်းမယ်ဆိုပြီး စီစဉ်ထားတယ်။အဲဒီကိစ္စကိုလည်း လူသစ် တွေ ထပ်မသွင်းဖို့ လူဟောင်း တွေက ဦးစီးကိုပြောပြီး ကန့်ကွက် ထားတာရှိတယ်။ အဲဒါကို ည ကျတော့ လူသစ် ၁ဝဝ လုံးက အလုပ်ဆင်းနေတယ်။ လူဟောင်း တွေကလာတော့ လူသစ် ၁ဝဝလုံး အလုပ်ဆင်းနေတာတွေ့တော့ လူ ဟောင်းတွေက အလုပ်မလုပ်တော့ ဘူး''ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ ဖြစ်သွားခြင်းသည် အောက်ခြေအလုပ်လုပ်ရခြင်းက အဆင်မပြေကြောင်း၊ တစ်နေ့လုံး ငါးမထမ်းရသည့် လုပ်သားများ လည်းရှိသေးကြောင်း၊ ထိုသို့အဆင် မပြေလျှင် နောက်ထပ်လုပ်သား ၁ဝဝ ထပ်ခန့်လိုက်ခြင်းကို လူ ဟောင်းများအတွက် ပိုမိုအဆင် မပြေကြောင်း ပြောသည်။
လက်ရှိ ကြည့်မြင်တိုင်စံပြငါး ဈေးတွင် လက်ရှိတွင် ငါးထမ်း လုပ်သား ၆ဝဝ ရှိကြောင်း သိရ သည်။