images
UN
UN
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အပူချိန်များမြင့်တက် ကြိုတင်ကာကွယ်ရေးနှင့်ပြင်ဆင်ရေးအတွက် သတိပေး
မေနဒီမြနွယ် Saturday, 09 March 2019
တိုင်းဒေသကြီးများနှင့် ပြည်နယ်များ တွင် ရာသီဥတုပူပြင်းလာကာ အပူချိန်များ မြင့်တက်လာမည်ဖြစ်သဖြင့် ကျန်းမာရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး၊ မီးဘေးအန္တရာယ် စသည်တို့ကို သတိ ပြုရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် လုပ်ငန်းစီမံချက်များကို ဌာနပေါင်းစုံမှ ပြင်ဆင်ထားသင့်ကြောင်းမိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်က ၄င်း၏ င်္ခေနဘသသု စာမျက်နှာတွင် ယမန် နေ့ ညပိုင်းက သတိပေးဖော်ပြ ထားသည်။
ထို့အပြင် အပူချိန်မြင့်မားလာ နိုင်ခြင်းနှင့် ပတ်သက်၍ ယခုလ ၁၃ရက်အထိ ရက်တစ်ပတ်အတွင်း အမြင့်ဆုံးနေ့ အပူချိန်များအတွက် ခန့်မှန်းချက်များမှာ မကွေးတိုင်း ဒေသကြီးတောင်ပိုင်း၊ မန္တလေး တိုင်းဒေသကြီးတောင်ပိုင်း၊ ရခိုင် ပြည်နယ်အလယ်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် မြောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီး တောင်ပိုင်းတို့တွင် အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်မှ ၄၅ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်ပြီး မကွေး တိုင်းဒေသကြီးမြောက်ပိုင်း၊မန္တလေး တိုင်းဒေသကြီးတောင်ပိုင်း၊ ရခိုင် ပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ဒေသကြီး ကမ်းရိုးတန်းဒေသများ တွင် ၃၅ ဒီဂရီ စင်တီဂရိတ်မှ ၄ဝ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်၍ ကျန် ဒေသများတွင် အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်မှ ၃၅ဒီဂရီစင်တီဂရိတ် အထိ ရှိနိုင်သဖြင့် အပူချိန်မြင့် တက်မှုကို သတိထားကြရန် သတိ ပေးဖော်ပြထားကြောင်း သိရ သည်။