images
UN
UN
တိုက်နယ်ဆေးရုံကြီးတွင် ဆရာဝန်များရရှိရေး ဒေသခံများမျှော်လင့်နေ
ဘိုဘို(မလှိုင်) Sunday, 10 March 2019
မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် အောင်ချမ်းသာအုပ်စု အောင်ချမ်း သာကျေးရွာတွင် ရန်ကုန်မြို့ ရွှေ သုဝဏ်ကျောင်းတိုက် ဆရာတော် ကြီး အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသဒ္ဓိယက မေတ္တာထား၍ ဆောက်လုပ်ပေးသော တိုက်နယ် ဆေးရုံကြီးမှာ ရာခိုင်နှုန်း ၈ဝပြီးစီး ပြီဖြစ်ပြီး အဆိုပါဆေးရုံကြီးတွင် ကျန်းမာရေးကုသပေးနိုင်ရန် ဆရာ ဝန်များအမြန်ရရှိစေရန် ဒေသခံ ပြည်သူများမျှော်လင့်နေကြောင်း အောင်းချမ်းသာကျေးရွာသူ ကျေး ရွာသားများက ပြောသည်။
ရွှေသုဝဏ်ကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသဒ္ဒိယက ''ဒီ ဒေသက ပြည်သူတွေ ကျန်းမာ ရေးကုသရန်ခက်ခဲပြီး အရေးပေါ် ဆေးကုသမှုများတွင် အလွန်ခက် ခဲနေ၍ မိမိတတ်နိုင်သမျှ ဒါယကာ ဒါယိကာမများနဲ့ ပူးပေါင်း၍ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း'' မိန့်ကြားတော်မူသည်။
အောင်ချမ်းသာကျေးရွာနေ ဒေါ်သိန်းရီမွန်က''ကျွန်မတို့ ငယ် စဉ်က ကျန်းမာရေးနဲ့ပတ်သက်ပြီး အားနည်းခဲ့ပါတယ်။ မွေးလူနာ၊ ပိုးထိလူနာကဲ့သို့သော အရေးပေါ် လူနာများကို ဆယ်မိုင်ခန့်ဝေးတဲ့ ကျန်းမာရေးဆေးခန်းများသို့ သွား ရောက်ကုသရ၍ ဆေးကုသမှုသွား ရောက်စဉ်ပင် အသက်ဆုံးရှုံးမှုများ ရှိခဲ့တယ်။ ယခုအခါ ဆရာတော် ကြီးမေတ္တာကြောင့် ဆေးရုံကြီးမှာ ပြီးစီးလုပြီဖြစ်ရာ ဆေးရုံကြီးပြီးစီး ပါက ကျွန်မတို့ တောအရပ်မှာ အရေးပေါ်မွေးလူနာ၊ ပိုးထိတာများ ကြုံနေရလို့ ဆရာဝန်များအမြန်ဆုံး ရရှိရန် မျှော်လင့်ပါတယ်''ဟု ၄င်း ၏မျှော်လင့်ချက်အား ပြောခဲ့သည်။
''ဆေးရုံဆောက်လုပ်တဲ့ မြေ ဧကခြောက်ဧက ရှိပါတယ်။ ၁၆ ခုတင်ခန့်ဆောက်လုပ်ထားတာပါ။ ခန့်မှန်းကုန်ကျငွေကျပ်သိန်းခြောက် ထောင်ဝန်းကျင်ရှိပြီး ယခု ဆောက် လုပ်နေမှု ရာခိုင်နှုန်း ၈ဝ ကျော် ပြီးစီးပါပြီ။ အရေးပေါ်ခန်း၊ ခွဲစိတ် ခန်း အစရှိသည်များအပြင် သန့်စင် ခန်းမှအစ ဆေးရုံတက်တဲ့သူတွေ အတွက် သောက်သုံးရေရရှိအောင် စီစဉ်ဆောင်ရွက်ထားပါတယ်။ ဆရာတော်ကြီးရဲ့မေတ္တာကြောင့် ခုလိုတိုက်နယ်အဆင့်ရှိတဲ့ ဆေးရုံ ကြီးဆောက်နိုင်တာပါ''ဟု ဆေးရုံ ဆောက်လုပ်ရေးကော်မတီဒုဥက္ကဋ္ဌ ဦးနေဝင်းက ပြောခဲ့သည်။
အောင်ချမ်းသာကျေးရွာဥက္ကဋ္ဌ ဦးသက်မှလည်း'' ဆရာတော်ကြီး ရဲ့မေတ္တာကြောင့် ဆေးရုံဆောက် လုပ်နေမှုမှာရာခိုင်နှုန်း၈ဝဝန်းကျင် ပြီးပါပြီ။ ဒီကပြည်သူတွေအနေနဲ့ ကတော့ကျန်းမာရေးစောင့်ရှောက်မှု အတွက် ဆရာဝန်တွေရချင်တာပါ။ ကျွန်တော်အနေနဲ့လည်း သက်ဆိုင် ရာဌာနအသီးသီးကို တိုင်းဒေသကြီး အဆင့်ထိ တင်ပြထားပါတယ်'' ဟု ပြောခဲ့သည်။