images
UN
UN
အများဆန္ဒအတိုင်း ဒီမိုကရေစီနည်းလမ်းကျကျ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီပြင်ဆင်
Wednesday, 13 March 2019


အားလုံးမင်္ဂလာပါ
******************
ကျွန်တော်ကတော့ဗိုလ်မှူးကျော်မင်းဟန် ဖြစ်ပါတယ်။
ဦးသိန်းထွန်း ကျောင်းကုန်းမဲဆန္ဒ နယ်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တင်ပြခဲ့တဲ့ ဥပဒေမူကြမ်းအပေါ် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင် ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပါဝါပွိုင့် ဖြင့် တင်ပြခွင့်ပြုပါခင်ဗျာ။

နာယကကြီးခင်ဗျာ
*******************
ဒီဥပဒေကြမ်းကို ဆက်လက် ဆောင် ရွက်ရမှာက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ခုနှစ်) အခန်း ၁၂ပါ ပြဋ္ဌာန်းချက် များ၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ အခန်း ၁၁ ပါပြဋ္ဌာန်းချက်များ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်း ဥပဒေအခန်း ၁၈ နည်းဥပဒေ ၁၃၃၊ ၁၃၄၊ ၁၃၅၊ ၁၃၆၊ ၁၃၇၊ ၁၃၈၊ ၁၃၉၊ ၁၄၂၊ ၁၄၃တို့ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမယ်ဆိုတာကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ သိရှိနား လည်ပြီး ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ရမယ့် အချက်တွေကို ပြင်သင့်၊ ပြင်ထိုက်တဲ့ အချိန်မှာပြင်ကြမယ်။ အားလုံးကလည်း သဘောတူမယ်။ ပြင်ဆင်ရမယ့်နည်း လမ်း၊ လမ်းကြောင်း၊ ဥပဒေတွေလည်း ရှိပြီးသား ဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာလည်း တစ်ကြိမ် ပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်။ အခု ပြင်ဆင် ရန် တင်ပြထားတဲ့ဥပဒေမူကြမ်းကိုလည်း အခန်း(၁၂)ပါ ပြဋ္ဌာန်းချက်အတိုင်း ပြင် သွားရမှာပါ။ အစီရင်ခံစာမှာ ပြည် ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၆ အရ ဥပဒေမူကြမ်းစိစစ်ချက်ဇယား ဝေငှခြင်းလည်းမရှိပါဘူး။
အစီရင်ခံစာ စာပိုဒ်(၁၂)ကော်မတီ၏ သဘောထား မှတ်ချက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းသည် ပုဒ်မ (၂၆၁) တစ်ခုတည်းကိုသာ သီးခြားပြင်ဆင်ရန် တင်ပြလာခြင်းဖြစ်ပြီး သီးခြားတင်သွင်း ပြင်ဆင်ရန် သင့်မြတ်မှုမရှိခြင်းကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏လုပ်ငန်း စဉ်များတွင် တစ်ပါတည်း ထည့်သွင်း ဆောင်ရွက်သင့်ကြောင်း မှတ်ချက်ပြုထား တာကို ကန့်ကွက်ပါတယ်။ ဒီမှတ်ချက် က ဖွဲ့စည်းပုံပြင်ဆင်ရေးကို ၄၅ဦးအဖွဲ့ ကိုပဲတင်၊သူတို့ကပဲလုပ်မယ်၊ ဒါမှမဟုတ် ဖွဲ့စည်းပုံပြင်ဆင်ရေးကို လူပုဂ္ဂိုလ် ပါတီ အဖွဲ့အစည်းတွေက တင်စရာမလို၊ ၄၅ဦး အဖွဲ့ကပဲ လုပ်သွားမယ်။ ဒီအဖွဲ့ကပဲ လွှမ်းမိုးချုပ်ကိုင်ထားမယ်ဆိုတဲ့ သဘော သက်ရောက်နေတာတွေ့ရပါတယ်။ ဒီလို သဘောဆို ဒီမိုကရေစီစံနှုန်းတွေနဲ့ လုံးဝ ကိုက်ညီမှု မရှိပါဘူး။ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၈အရ ဆွေးနွေးပြီးနောက် နည်းဥပဒေ ၁၃၉အရ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရမှာ ဖြစ်ပါတယ်။
တင်ပြပါ ပြင်ဆင်တဲ့ဥပဒေမူကြမ်း ပုဒ်မ ၂၆၁ တွင် ပုဒ်မခွဲ (ခ)၊ ပုဒ်မ ခွဲငယ်(၁)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲ(င)တို့ကို အစားထိုး ပြင်ဆင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ဤ ဥပဒေကြမ်းပါ ပြင်ဆင်ချက်များကို လေ့ လာကြည့်တဲ့အခါမှာ-
(က) ပုဒ်မခွဲ(ခ)တွင် သက်ဆိုင်ရာတိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သည်သက်ဆိုင်ရာတိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ်ရွေးချယ်တာဝန် ပေးအပ်နိုင်ရန်ပုဒ်မခွဲငယ်(၁)တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များထဲမှ သတ်မှတ်ထား သည့်အရည်အချင်းများနှင့် ပြည့်စုံ သော သင့်လျော်သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအားဆန္ဒမဲဖြင့် ရွေးချယ်ရမည်။ ပုဒ်မခွဲငယ်(၂) တွင်ဆန္ဒမဲဖြင့်ရွေးချယ်ထားသည့် ကိုယ်စားလှယ်၏အမည်စာရင်းကို နိုင်ငံတော်သမ္မတထံပေးပို့ရမည်။
(ခ) ပုဒ်မခွဲ(ဂ)တွင် နိုင်ငံတော်သမ္မတ သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကဆန္ဒမဲဖြင့် ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်အား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရမည်။
(ဂ) ပုဒ်မခွဲ(ဃ)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကဆန္ဒမဲဖြင့် ရွေးချယ်ထားသော ပုဂ္ဂိုလ်သည် တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ အရည်အချင်းများနှင့် ပြည့်စုံမှုမရှိ ကြောင်း ခိုင်လုံသည့်အချက် ပေါ် ပေါက်ပါက နိုင်ငံတော် သမ္မတ သည်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့် အပ်တာဝန်ပေးအပ်ရန် ငြင်းပယ် ခွင့် ရှိစေရမည်။

(ဃ) ပုဒ်မခွဲ(င)တွင်တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတ၏ သဘောတူ ညီချက် မရရှိသည့် ပုဂ္ဂိုလ်အစား တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်ဝန်ကြီးချုပ် အမည်စာရင်း အသစ်ကို နိုင်ငံတော်သမ္မတထံ ထပ်မံတင်သွင်းခွင့်ရှိသည်ဟု ပြင် ဆင်ရန်တင်ပြထားခြင်းဟာ တိုင်း ရင်းသားညီအစ်ကို မောင်နှမတွေ အထူးလိုလား တောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု စနစ် ဖော်ဆောင်ကျင့်သုံးနိုင်ရေး မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော် သမ္မတက ခန့်အပ်တာဝန်ပေးမှု အစားသက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် များမှ ဒီမိုကရေစီနည်းလမ်းအရ လွှတ်တော်ကိုယ်စားလှယ်တော် များရဲ့ဆန္ဒမဲဖြင့် ရွေးချယ်ခန့်အပ် ခြင်းဟာပြင်ဆင်သင့်တဲ့အချိန်ကျလို့ ပြင်ရမှာဖြစ်တဲ့အတွက် မှန်ကန်လို့ ထောက်ခံပါတယ်။ ပြည်ထောင်စု အစိုးရနှင့်တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် အစိုးရတို့အကြား ဗဟို ချုပ်ကိုင်မှုလျော့ပါးရေး၊ အာဏာ သုံးရပ်ခွဲဝေမှုညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံတဲ့ ပြည် ထောင်စုစနစ်ပေါ်ထွန်းရေးတို့ အတွက် ဒီမိုကရေစီစံနှုန်းများနှင့် အညီတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကိုခန့်အပ်ခွင့် ငြင်းပယ်ခွင့် ထပ်မံတင်သွင်းခွင့် တွေဟာလည်း မှန်ကန်တဲ့အတွက် ထောက်ခံပါတယ်။ ထို့အပြင် ဤ ဥပဒေကြမ်းဟာ ထာဝရငြိမ်းချမ်း ရေးအတွက်ညှိနှိုင်းဆွေးနွေးရန် နှင့်လက်နက်ကိုင်လမ်းစဉ်ကို စွန့် လွှတ်ပြီးနိုင်ငံရေးနည်းလမ်းအတိုင်း ဝင်ရောက်နိုင်ရေး၊ အမှောင်မှ အလင်းသို့ ဆောင်နိုင်ရေး၊ ဒီမို ကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ပေါ်ထွန်းရေး ဖြစ်လို့ထောက်ခံပါတယ်။နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မိမိနိုင်ငံ၊ လူမျိုး၊ ဓလေ့၊စရိုက်၊ သဘောသဘာဝ၊ပထဝီနိုင်ငံရေး၊သမိုင်း ကြောင်းများ၊ ခေတ်စနစ်များနှင့်အညီ တိတိကျကျ ခိုင်ခိုင်မာမာရေးဆွဲပြဋ္ဌာန်း ကြပါတယ်။ ထင်ရာမြင်ရာ လိုရာဆွဲပြီး ရေးဆွဲပြဋ္ဌာန်းခြင်းမျိုး မဟုတ်ပါဘူး။ ခေတ်စနစ်အရပြင်သင့်ပြင်ထိုက်တဲ့အချိန် မှာပြင်နိုင်ရန်လည်းဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ပြဋ္ဌာန်းထားရပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း၊ သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့တွင် တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား သည့် အမှာစကားအနက်မှ ကောက်နုတ် တင်ပြရလျှင် တိုင်းရင်းသားတွေရဲ့ ဆန္ဒ သဘောထားအရ တိုင်းဒေသကြီး၊ ပြည် နယ် လွှတ်တော်တွေမှာ မဲအများစုရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲနဲ့ပဲ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် တွေကို ရွေးကောက်တင်မြှောက်ခွင့်ဟာ လည်း ထည့်သွင်းစဉ်းစားရမည့် ကိစ္စ တစ်ရပ်ဖြစ်ကြောင်း ပြောကြားထားပါ တယ်။
အထက်ပါအကြောင်းအရာ အချက် အလက်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ခုနှစ်)ဟာပြင်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းပုံအခြေခံဥပဒေအမျိုးအစားတွင် ပါဝင်သော်လည်းတိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ လိုအင်ဆန္ဒ၊ ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ၏ လိုအင်ဆန္ဒများဖြစ်သော ထာဝရငြိမ်း ချမ်းရေး၊ တန်းတူညီမျှမှုရှိရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဗဟိုချုပ်ကိုင်မှုစနစ် လျော့ပါးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုစနစ် ကျင့်သုံးခွင့်ရရှိရေး၊ တရား မျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော လောကပါလတရားများ ထွန်းကားရရှိရေးအတွက် အများဆန္ဒ အတိုင်း ဒီမိုကရေစီနည်းလမ်းကျကျ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်ဆင်ရန် တင်သွင်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၂၆၁ ပြင် ဆင်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ခြင်း ပြဋ္ဌာန်းချက်ပါဥပဒေ၊ နည်း ဥပဒေများအတိုင်း လိုက်နာအတည်ပြု ဆောင်ရွက်နိုင်ပါရန် ပြောကြားရင် နိဂုံး ချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။