images
UN
UN
ဦးသိန်းထွန်း တင်သွင်းထားသောဥပဒေကြမ်းသည် အုပ်ချုပ်ရေးကဏ္ဍ၏ ဗဟိုအုပ်ချုပ်ရေးစနစ်ကိုဖြေလျော့ရန် ဆောင်ရွက်ချက်တစ်ရပ်ဖြစ်သည်ဟုဆို
တင်တင်အေး Wednesday, 13 March 2019
နေပြည်တော်ရှိလွှတ်တော်အဆောက် အအုံတွင် ယမန်နေ့နံနက်ပိုင်းကကျင်းပ သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ် တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ၁၄ ရက်မြောက်နေ့အစီအစဉ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လေ့လာ စိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင် ခံစာအပေါ် ဆွေးနွေးရာ၌ ဦးဘရှိန်က အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ဦးဘရှိန်က''ဦးသိန်းထွန်းတို့ လွှတ် တော်ကိုယ်စားလှယ်တွေ တင်သွင်းထား တဲ့ ဥပဒေကြမ်းဟာ အုပ်ချုပ်ရေးကဏ္ဍ မှာ ဗဟိုအုပ်ချုပ်ရေးစနစ်ကို ဖြေလျော့ဖို့ ဆောင်ရွက်ချက်တစ်ရပ် ဖြစ်တယ်လို့ မြင်ပါတယ်။ ဥပဒေပြင်ဆင်တယ်ဆိုတာ ပြင်ဆင်ခွင့်တင်သွင်းသူတို့ရဲ့ ဆန္ဒနဲ့အညီ ရွေးချယ်ဆောင်ရွက်ကြတာဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာ ဗဟိုအုပ်ချုပ်မှုစနစ် လွန်ကဲတဲ့အတွက်ကြောင့် တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသားအချင်းချင်း အငြင်းပွားမှုတွေ ဖြစ်လာခဲ့ကြတာ နှစ် ပေါင်းများစွာ ကြာပါပြီ။ တိုင်းရင်းသား တွေရဲ့ အခွင့်အရေးဆုံးရှုံးနစ်နာနေတာ ကြောင့် တိုင်းရင်းသားဒေသတွေမှာ ဒီနေ့ အထိလက်နက်ကိုင်ပဋိပက္ခတွေပြင်းပြင်း ထန်ထန် ရင်ဆိုင်နေကြရပါတယ်။ ကျွန် တော်တို့ ဒီမိုကရေစီစနစ် ဖက်ဒရယ်ပြည် ထောင်စုကို တည်ဆောက်မယ်လို့ကြိုးစား နေကြပါတယ်။ လက်ရှိကာလမှာ ဖက် ဒရယ်ပြည်ထောင်စု တည်ဆောက်နေကြ တယ်ဆိုပေမယ့် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေဟာ ယနေ့ တစ်ပြည် ထောင်စနစ်ကို ကျင့်သုံးတဲ့ ဒီမိုကရေစီ အိန္ဒိယနိုင်ငံကတိုင်းရင်းသားတွေလောက် တောင်မှ အခွင့်အရေးတွေ မရကြပါဘူး။ဒီလိုအခါမျိုးမှာ အုပ်ချုပ်ရေးကဏ္ဍက စပြီး ဗဟိုအုပ်ချုပ်မှုကို ဖြေလျော့ဖို့ ကြိုးစားကြတဲ့ ဦးသိန်းထွန်းတို့လွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ ပါပြဋ္ဌာန်းချက် များကို ပြင်ဆင်ဖို့ တင်ပြလာကြတာကို ကျွန်တော်တို့အနေနဲ့ သီးခြားဥပဒေ တစ်ရပ် တင်သွင်းလာခြင်းလို့ အသိ အမှတ်ပြုကြရမှာဖြစ်ပါတယ်''ဟု ထည့် သွင်းပြောကြားခဲ့သည်။
ထို့ပြင် ၄င်းက''ပထမနေ့က လွှတ် တော်ကိုယ်စားလှယ်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တင်ထွန်းအောင် ဆွေးနွေးသွားတဲ့အထဲမှာ ဒီဥပဒေကြမ်း ကို ဥပဒေကြမ်းပူးပေါင်းကော်မတီကနေ စိစစ်ထားတဲ့ဇယားတွေနဲ့တကွ လွှတ် တော်ကို အစီရင်ခံစာတင်ပြရမှာဖြစ်ပါ တယ်လို့ တင်ပြခဲ့တယ်။ အဲ့ဒါ သိပ်မှန် တယ်။
အဲ့တင်ပြပါ စိစစ်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေး စိစစ်ပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဒါ ဥပဒေပြဋ္ဌာန်းချက် ဖြစ်ပါတယ်။ ကျွန် တော်တို့နိုင်ငံရဲ့ လက်ရှိကာလ စစ် အုပ်ချုပ်ရေးကနေ ပါတီစုံဒီမိုကရေစီကို သွားနေတဲ့ကာလ ဖြစ်ပါတယ်။ အရပ် ဘက် စစ်ဘက် ဆက်ဆံရေးကောင်းမွန် အောင် အထူးအလေးထားပြီးတော့ သတိ ထားပြီးတော့ ကြိုးစားနေရတဲ့အချိန် ကာလလည်း ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် အားလုံးအသိပဲဖြစ်ပါတယ်။ တစ်ဖက်က တင်ပြချက်ကို အပြုသဘောနဲ့ ချဉ်းကပ်ဖို့ လိုအပ်တဲ့အပြင် စိတ်ရှည်သည်းခံနိုင်ကြ ရမှာဖြစ်ပါတယ်''ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဦးဘရှိန်က ''ဥပဒေ ကြမ်းကို ပြဋ္ဌာန်းထားတဲ့ ဥပဒေ နည်း ဥပဒေနဲ့အညီ ဒီဥပဒေကြမ်း စိစစ်ဖို့ အတွက် ဖွဲ့စည်းပေးထားတဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက မိမိတို့ရဲ့စိစစ်တွေ့ရှိ ချက်ကို လွှတ်တော်သို့ တင်သွင်းရမှာဖြစ် ပါတယ်။ အဲ့ဒီ စိစစ်ချက်တွေအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေး ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့အဆိုအပေါ်မှာ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ပူးပေါင်းကော်မတီတစ်ရပ်ရဲ့ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေတဲ့ ဖြစ်စဉ်ကို လေ့လာကြည့်လို့ရှိရင် နိဒါန်းကစပြီး နောက်ဆက်တွဲဇယားတွေအထိ ပြင်ဆင် ကြမယ်လို့တွေ့ရှိရပါတယ်။ ဒီလုပ်ဆောင် ချက်ကို ကျွန်တော်တို့ ကြည့်လိုက်ရင် အခုလက်ရှိ တည်ဆဲဥပဒေဖြစ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မှီငြမ်းပြီး တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ကို ရေးဆွဲဖို့ ပြင်ဆင်တဲ့ အစီအမံမျိုးဖြစ်နေ တယ်ဆိုတာ သုံးသပ်တွေ့ရှိရပါတယ်။ဒါကြောင့် ဦးသိန်းထွန်းတို့ အခုတင်သွင်း ထားတဲ့ ဥပဒေကြမ်းကို တည်ဆဲဥပဒေ များနှင့်အညီ ပူးပေါင်းကော်မတီက ပြန်လည်စိစစ်မှုများ ပြုလုပ်စေပြီး လွှတ် တော်သို့ အစီရင်ခံစာတင်သွင်းနိုင်ရန်နဲ့ လွှတ်တော်က ဆွေးနွေးအတည်ပြုပြဋ္ဌာန်း နိုင်ရန် ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ ဆောင် ရွက်ပေးပါ''ဟုလည်း ထပ်ဆင့်ထောက် ပြဆွေးနွေးခဲ့သည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူ ကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော် မတီ၏အစီရင်ခံစာအပေါ် ယခုလ ၈ရက် နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင်လည်းကောင်း၊ ယမန်နေ့အစည်းအဝေးတွင်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးရန်ကျန်ရှိသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယခုလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေး ကြဦးမည်ဖြစ်ကြောင်း သိရသည်။