images
UN
UN
ဖြစ်ရပ်မှန်ကိုအခြေခံပြီးပြန်လည်ရိုက်ကူးထားသည့် လှပ်၍လွင့်သော
ဒဂုံဝေလင်း Wednesday, 13 March 2019
ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးမှ စာရေးဆရာမစပယ်ဖြူနု၏''လှပ်၍ လွင့်သောကမ္ဘာ''ဝတ္ထုကို ဇာတ် ညွှန်းနှင့် ဒါရိုက်တာဝိုင်း ရိုက်ကူး ထားသည့် ''လှပ်၍လွင့်သော'' ရုပ်ရှင်ဇာတ်ကားကြီး Red carpct show ပွဲကြီးကို Junction City JCGV တွင်ပြုလုပ်ခဲ့သည်။
အဆိုပါဇာတ်ကားကြီးတွင် ကျော်ရဲအောင်၊ မို့မို့မြင့်အောင်၊ ဖွေးဖွေး၊ ခင်ဝင့်ဝါ၊ ဇင်မျိုးနှင့် သန်းသန်းစိုးတို့က အထူးပါဝင် သရုပ်ဆောင်ထားကြသည်။
ဇာတ်လမ်းဇာတ်အိမ်ခိုင်မာစွာ ရိုက်ကူးပုံဖော်ထားသည့်''လှပ်၍ လွင့်သော'' ဇာတ်လမ်းအညွှန်း အနေဖြင့် လွန်ခဲ့သော ၁၈ နှစ်က အမှုအခင်း(လူသတ်မှု)တစ်ခုမှာ တရားခံအဖြစ် ရှိခဲ့သူ သမီးနှင့် တရားလိုအဖြစ်ရှိခဲ့သူ မိန်းမ နှစ် ယောက် ပြန်ဆုံကြတဲ့အခါ... ခင်ငြိမ်းချမ်း (ငြိမ်း)ဟာ အဖေ၊ ကြီးတော်ဖြစ်သူတို့နဲ့အတူ ရန်ကုန် မှာအခြေချနေထိုင်နေတဲ့ မြိုင်သာ ယာသူ တစ်ယောက်။ မြိုင်သာယာ သူဆိုပေမယ့် ငယ်စဉ်ကတည်းက ရန်ကုန်ကို ပြောင်းလာခဲ့ကြပြီး ဇာတိမြေကိုတစ်ခေါက်တောင် ပြန် မရောက် ဖြစ်ခဲ့ကြပေ။ အလှူပွဲတွင် မမျှော်လင့်သော သူစိမ်းမိန်းမတစ် ယောက်နှင့် ဆုံမိခဲ့ရသည်။ ငြိမ်း တွေ့ခဲ့ရသော ''မမျှော်လင့်သော သူစိမ်း''ဆိုသူကား''မကြည်ပြာ'' ပင်ဖြစ်သည်။
မကြည်ပြာဟာ အဖေရော အမေပါဆုံးပါးသွားပြီဖြစ်၍ ကိုယ့် ခြေထောက်ကိုယ်ရပ်ကာ ကြိုးစား နေသော မိန်းကလေးတစ်ဦး။ မကြည်ပြာဟာ ပြေလည်လှသူ မဟုတ်။ ငယ်စဉ်ကတည်းက ဝန် ထမ်းဆရာဆရာမမိဘနှစ်ဦးရဲ့သမီး အဖြစ် ချို့ချို့တဲ့တဲ့နှင့်နေလာရသူ တစ်ယောက်ပင်။ ရက်စက်စွာ လူ မဆန်စွာ အငြိုးအတေးများစွာဖြင့် အသတ်ခံလိုက်ရသော ကျူရှင် စရိတ်အတွက် ရေခဲချောင်းရောင်း ရင်းပိုက်ဆံစုနေတဲ့''တာရာ''ဆို သော ကောင်လေးရဲ့တစ်ဦးတည်း သော အစ်မ။ ငြိမ်းနှင့်မကြည်ပြာ တို့ တွေ့ဆုံခြင်းမှာ ကောင်းသော တွေ့ဆုံခြင်းတော့ မဟုတ်ခဲ့ပေ။
အလှူတွင် သူမတို့နှစ်ဦး မိတ် ဆွေဖွဲ့ကြရင်း ငြိမ်း၏အဖေဦးမောင် ပြေသည်မကြည်ပြာ၏ မောင် ''တာရာ''ကို သတ်ပြီး ရှောင်ပြေး နေသောသူတစ်ဦးအဖြစ် စွပ်စွဲခံ လိုက်ရသည်။
ငြိမ်းမသိခဲ့မိသော ထိုကိစ္စကို မကြည်ပြာနှင့်တွေ့၍ မေးချင် သည်။ အဖေ့ကို စွပ်စွဲရအောင် သက်သေကိုပြစေချင်သည်။
ငြိမ်းရဲ့အဖေဟာ ထောင်ဒဏ် ၁ဝနှစ် ကျစေရန် အမိန့်ချခံရပြီးမှ ပြည်နယ်ရုံးတွင်အပြစ်မရှိဟု အမိန့် ချကာ အမှုမှတရားသေလွှတ်လိုက် ခြင်းခံရသည်ဖြစ်၍ လွန်ခဲ့သော ၁၈ နှစ်က စွပ်စွဲခံရသော အဖေ့ သတင်းဆိုးမှာ မြိုင်သာယာတွင် ဘယ်လောက်တောင်ပျံ့လွင့်ခဲ့သလဲ ဆိုတာ ငြိမ်း သိချင်လာသည်။
ထို့ကြောင့် ငြိမ်းသည် မြိုင် သာယာကို ထွက်ခဲ့သည်။ ဖခင် ဂုဏ်သိက္ခာကိုပြန်ဆယ်ရန်အတွက် တရားလို၊ တရားခံ၊ သက်သေ များဆီက ငြိမ်း လိုချင်သောအမှု အကြောင်းကို လွယ်လွယ်သိခွင့် ရမလား... သူလိုချင်တဲ့အတိုင်း ဖခင်ဖြစ်သူရဲ့ မှားယွင်းစွပ်စွဲခံရမှု ကြောင့် မကြည်ပြာဆီက တောင်း ပန်ခြင်းကိုရမလား...တာရာသေတဲ့ အကြောင်းမှန်ကိုသိခွင့်ရမလား... တရားခံအစစ်ကိုတစ်ခါတည်းဖမ်းမိ မလား....''လှပ်၍လွင့်သော'' ရုပ်ရှင်ဇာတ်ကားကြီးကို မတ် ၂၂ ရက်မှစပြီး Mega Ace Cineplex ၌ ရုံတင်ပြသသွားမည်ဖြစ်သည်။