images
UN
UN
အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကို Visa ၏ ဈေးကွက်ရှာဖွေရေးကမ်ပိန်းတွင် ကိုယ်စားပြုသံတမန်အဖြစ် ခန့်အပ်
သွန်းလေး Wednesday, 13 March 2019
ဒစ်ဂျစ်တယ်ငွေပေးချေမှု ပိုမို ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ Visa မြန်မာမှ အဆိုတော်စိုင်း စိုင်းခမ်းလှိုင်ကို Visa ၏ ကိုယ်စား ပြု Brand Ambassador အဖြစ် မတ်လ ၁၂ ရက်မှ စတင်ခန့်အပ် လိုက်ပြီဖြစ်သည်။
ပြည်တွင်း၌ဒစ်ဂျစ်တယ်စီးပွား ရေးကဏ္ဍ တိုးတက်လာသည်နှင့် အလျောက် ငွေသားကိုင်တွယ် သုံးစွဲမှု လျော့ကျလာခဲ့ပြီး အဆို တော်စိုင်းစိုင်းခမ်းလှိုင်ကို Brand Ambrassador ခန့်အပ်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်အကျိုးကျေးဇူးများ ကိုမြန်မာနိုင်ငံရှိပြည်သူများပိုမိုသိရှိ စေနိုင်မှာဖြစ်တယ်လို့Visa မြန်မာ မှတာဝန်ရှိသူတစ်ဦးကပြောသည်။
''ကမ္ဘာ့ငွေပေးချေမှုမှာ လုပ် ကိုင်နေတဲ့အဖွဲ့အစည်းနဲ့ လက်တွဲ လုပ်ကိုင်ရတဲ့အတွက် ဂုဏ်ယူပါ တယ်။ ကျွန်တော့်ပရိသတ်တွေဆီ ရင်ထဲအထိ ရောက်မယ့်အဆုံး အဆမဲ့ဂီတတွေကို အမြဲတင်ဆက် ချင်နေခဲ့တာပါ။ Visa နဲ့အတူ ပူး ပေါင်းဆောင်ရွက်ခွင့် ရလိုက်ခြင်း ကြောင့် ကျွန်တော်လုပ်ချင်တဲ့ဆန်း သစ်မှုတွေကို ဆက်လက်လုပ် ဆောင်ခွင့်ရရှိမှာ ဖြစ်ပါတယ်'' လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။
ဆယ်စုနှစ်နှစ်ခုတိုင်တိုင် ဂီတ လမ်းကြောင်းပေါ်တွင်အောင်မြင် စွာရပ်တည်လျက်ရှိသော စိုင်းစိုင်း ခမ်းလှိုင်သည် အနုပညာမှတ်တိုင် များစွာကို စိုက်ထူနိုင်ခဲ့သူတစ်ဦး ဖြစ်ပြီး ယနေ့မှစ၍ Visa ၏ ဈေး ကွက်ရှာဖွေရေး ကမ်ပိန်းတွင် ကိုယ်စားပြုသံတမန်အဖြစ်ဆောင် ရွက်မည်ဖြစ်သည်။
ယခုပူးပေါင်းဆောင်ရွက်မှုနှင့် အတူ လေးလတာ ကြာမြင့်မည့် အထူးကမ်ပိန်းအစီအစဉ်တစ်ခုကို Visa မှဆောင်ရွက်မည်ဖြစ်ပြီး အစီ အစဉ်တွင်မြန်မာနိုင်ငံရှိ Visa ကတ် ကိုင်ဆောင်သူများသည် ကမ်ပိန်း တွင်ပါဝင်သောဈေးဆိုင်များတွင် ဈေးဝယ်ယူ၍ လစဉ်ဆုမဲပေါင်း များစွာနှင့် သိန်းခုနစ်ရာတန်ဖိုးရှိ ကားဆုကိုရရှိနိုင်ရန် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။