images
UN
UN
မျိုးချစ်ဂုဏ်(ကဗျာ)
မင်းသွေးနွယ်(ဇီးကုန်း) Wednesday, 13 March 2019
* တောင်ပေါ်မှာ ကိုယ်စီနေ
သွေးချင်းတွေ တူတကွ
ကိုယ့်ဓလေ့ ကိုယ့်ရိုးရာနဲ့
ချစ်ကြင်နာ တွဲကူဖေး
အေးတူပူမျှ။
* မြေပြန့်မှာ ကိုယ်စီနေ
သွေးချင်းတွေတူတကွ
ကိုယ့်ဓလေ့ ကိုယ့်ရိုးရာနဲ့
ချစ်ကြင်နာ တွဲကူဖေး
အေးတူပူမျှ။
* တောင်ပေါ်နဲ့ မြေပြန့်
ခြေဆန့်ကာ ရပ်တည်ပြု
မိသားစု ဆွေမျိုးတွေ
တို့ပြည်ထောင် ညီနောင်ရင်းတို့
ချစ်ခြင်းညီစေ။
* လက်ချင်းယှက် မခွဲပေ
သွေးသက်သေ ရဲနီစွေး
စောင့်ထိန်းခဲ့ သမိုင်းမွေ
အမိမြေ ဝင့်ထည်ရေး
ဥမကွဲ သိုက်မပျက်ပါဘိ
တွဲလက်တွေ တင်းဆုပ်ခိုင်မာလို့
အစဉ်အလာ ဇာတိဂုဏ်ကိုဖြင့်
သွေးစည်းဆုံ တစ်စိတ်တစ်ဝမ်းရယ်ပ
ရဲစွမ်းညီ မျိုးမာနနဲ့
မြန်မာ့မူ ဝင့်ထုံသစ်
မျိုးချစ်ဂုဏ်မွှေး။